လစ်လပ်လုပ်ကွက်များရှိ ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ရှာဖွေ တူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် ကာတာနိုင်ငံမှ ကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန် ဖိတ်ခေါ်

391

Pearl (NP News) - ေအောက်တိုဘာ ၂
လစ်လပ်လုပ်ကွက်များရှိ ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ရှာဖွေ တူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် ကာတာနိုင်ငံမှ ကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန် ဖိတ်ခေါ်ထားကြောင်း စွမ်းအင် ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
စွမ်းအင် ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလွင်သည် ကာတာနိုင်ငံ ဒုတိယ ဝန်ကြီးချုပ််နှင့် ကာကွယ်ရေး ဝန်ကြီးဟောင်း Dr Khalid Bin Mohammed Al Attiyah ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယမန်နေ့ အောက်တိုဘာ (၁)ရက်က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တေွ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ အရှေ့တောင် အာရှ ဒေသတွင် အချက်အချာကျသော နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး စွမ်းအင် သယံဇာတများပေါကြွယ်ဝသောနိုင်ငံ တစ်နိုင်ငံ ဖြစ်သည့်အပြင် စွမ်းအင် ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံနိုင်မည့်အခွင့်အလမ်း များစွာရှိကြောင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် အလားအလာကောင်းသော ကုန်းတွင်းပိုင်း နှင့် ကမ်းလွန်လစ်လပ်လုပ်ကွက်များတွင် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ရှာဖွေ တူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်းများ နှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ အဆင့်မြှင့်တင်တည်ဆောက်ခြင်း လုပ်ငန်းများတွင် ကာတာနိုင်ငံမှ ကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန် ဖိတ်ခေါ်လိုပါကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ကာတာနိုင်ငံသည် ရေနံ နှင့် သဘာဝဓာတ်တေငွ့ပေါကြွယ်ဝပြီး ကမ္ဘာ့ အဓိက LNG ထုတ်လုပ်သူ နှင့် တင်ပို့သူ ဖြစ်သဖြင့် LNG ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း နှင့် မြန်မာနိုင်ငံကို LNG Trading Hub အဖြစ် ဆောင်ရွက်၍ တရုတ်နိုင်ငံ နှင့် အရှေ့တောင် အာရှ နိုင်ငံများသို့ လိုအပ်သည့် သဘာဝ ဓာတ်ငွေ့များကို ပေးပို့ဖြန့်ဖြန်းနိုင်မည့် အခွင့်အလမ်း များ ရှိကြောင်းလည်း ပြောကြားခဲ့သည်။
ကာတာနိုင်ငံ ဒုတိယ ဝန်ကြီးချုပ််နှင့် ကာကွယ်ရေး ဝန်ကြီးဟောင်း Dr Khalid Bin Mohammed Al Attiyahကလည်း ကာတာနိုင်ငံနှင့် အခြားနိုင်ငံများတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများကိုလည်း ပြောကြားခဲ့ကာ မြန်မာ - ကာတာ နှစ်နိုင်ငံကြား စွမ်းအင် ကဏ္ဍပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
zawgyi version
လစ္လပ္လုပ္ကြက္မ်ားရွိ ေရနံ ႏွင့္ သဘာဝ ဓာတ္ေငြ႕ရွာေဖြ တူးေဖာ္ ထုတ္လုပ္ျခင္းလုပ္ငန္းမ်ားတြင္ ကာတာႏိုင္ငံမွ ကုမၸဏီမ်ားအေနျဖင့္ ရင္းႏွီးျမႇဳပ္ႏွံေဆာင္႐ြက္ရန္ ဖိတ္ေခၚ
Pearl (NP News) - ေေအာက္တိုဘာ ၂
လစ္လပ္လုပ္ကြက္မ်ားရွိ ေရနံ ႏွင့္ သဘာဝ ဓာတ္ေငြ႕ရွာေဖြ တူးေဖာ္ ထုတ္လုပ္ျခင္းလုပ္ငန္းမ်ားတြင္ ကာတာႏိုင္ငံမွ ကုမၸဏီမ်ားအေနျဖင့္ ရင္းႏွီးျမႇဳပ္ႏွံေဆာင္႐ြက္ရန္ ဖိတ္ေခၚထားေၾကာင္း စြမ္းအင္ ဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
စြမ္းအင္ ဝန္ႀကီးဌာန ၊ ျပည္ေထာင္စု ဝန္ႀကီး ဦးကိုကိုလြင္သည္ ကာတာႏိုင္ငံ ဒုတိယ ဝန္ႀကီးခ်ဳပ္္ႏွင့္ ကာကြယ္ေရး ဝန္ႀကီးေဟာင္း Dr Khalid Bin Mohammed Al Attiyah ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕ကို ယမန္ေန႔ ေအာက္တိုဘာ (၁)ရက္က လက္ခံေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေတြ႕ဆုံစဥ္ ျပည္ေထာင္စု ဝန္ႀကီးက ျမန္မာႏိုင္ငံသည္ ပထဝီအေနအထားအရ အေရွ႕ေတာင္ အာရွ ေဒသတြင္ အခ်က္အခ်ာက်ေသာ ႏိုင္ငံ တစ္ႏိုင္ငံျဖစ္ၿပီး စြမ္းအင္ သယံဇာတမ်ားေပါႂကြယ္ဝေသာႏိုင္ငံ တစ္ႏိုင္ငံ ျဖစ္သည့္အျပင္ စြမ္းအင္ က႑၌ ရင္းႏွီးျမႇဳပ္ႏွံႏိုင္မည့္အခြင့္အလမ္း မ်ားစြာရွိေၾကာင္းေျပာၾကားခဲ့သည္။
ျမန္မာႏိုင္ငံတြင္ အလားအလာေကာင္းေသာ ကုန္းတြင္းပိုင္း ႏွင့္ ကမ္းလြန္လစ္လပ္လုပ္ကြက္မ်ားတြင္ ေရနံ ႏွင့္ သဘာဝ ဓာတ္ေငြ႕ရွာေဖြ တူးေဖာ္ ထုတ္လုပ္ျခင္းလုပ္ငန္းမ်ား ႏွင့္ သဘာဝဓာတ္ေငြ႕ ပိုက္လိုင္းမ်ား အဆင့္ျမႇင့္တင္တည္ေဆာက္ျခင္း လုပ္ငန္းမ်ားတြင္ ကာတာႏိုင္ငံမွ ကုမၸဏီမ်ားအေနျဖင့္ ရင္းႏွီးျမႇဳပ္ႏွံေဆာင္႐ြက္ရန္ ဖိတ္ေခၚလိုပါေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ ကာတာႏိုင္ငံသည္ ေရနံ ႏွင့္ သဘာဝဓာတ္ေတငြ႕ေပါႂကြယ္ဝၿပီး ကမာၻ႔ အဓိက LNG ထုတ္လုပ္သူ ႏွင့္ တင္ပို႔သူ ျဖစ္သျဖင့္ LNG က႑တြင္ ပူးေပါင္းေဆာင္႐ြက္လိုေၾကာင္း ႏွင့္ ျမန္မာႏိုင္ငံကို LNG Trading Hub အျဖစ္ ေဆာင္႐ြက္၍ တ႐ုတ္ႏိုင္ငံ ႏွင့္ အေရွ႕ေတာင္ အာရွ ႏိုင္ငံမ်ားသို႔ လိုအပ္သည့္ သဘာဝ ဓာတ္ေငြ႕မ်ားကို ေပးပို႔ျဖန႔္ျဖန္းႏိုင္မည့္ အခြင့္အလမ္း မ်ား ရွိေၾကာင္းလည္း ေျပာၾကားခဲ့သည္။
ကာတာႏိုင္ငံ ဒုတိယ ဝန္ႀကီးခ်ဳပ္္ႏွင့္ ကာကြယ္ေရး ဝန္ႀကီးေဟာင္း Dr Khalid Bin Mohammed Al Attiyahကလည္း ကာတာႏိုင္ငံႏွင့္ အျခားႏိုင္ငံမ်ားတြင္ ေဆာင္႐ြက္လ်က္ရွိသည့္ လုပ္ငန္းစီမံကိန္းမ်ားကိုလည္း ေျပာၾကားခဲ့ကာ ျမန္မာ - ကာတာ ႏွစ္ႏိုင္ငံၾကား စြမ္းအင္ က႑ပူးေပါင္းေဆာင္႐ြက္ႏိုင္မည့္ အေျခအေနမ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။