စစ်ဆင်ရေးရက်ပေါင်း (၂၀)ကျော် ကာလအတွင်း တိုက်ပွဲထိတွေ့မှုပေါင်း (၁၁၂) ကြိမ် ဖြစ်ပွားကာ ကျောက်မဲမြို့ကို တပ်မတော်ပြန်လည် သိမ်းပိုက်

 481

သန့်ဇင်(NP News)-အောက်တိုဘာ ၂

စစ်ဆင်ရေးရက်ပေါင်း (၂၀)ကျော် ကာလအတွင်း တိုက်ပွဲထိတွေ့မှုပေါင်း (၁၁၂) ကြိမ် ဖြစ်ပွားကာ ကျောက်မဲမြို့ကို တပ်မတော်က ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
TNLA အဖွဲ့သည် ၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်စဉ်နှင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှ စတင်ခဲ့သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသတိုက်ပွဲစဉ်များ၏ နောက်ဆက်တွဲ အခြေအနေများကို အခွင့်ကောင်းယူ၍ အစိုးရအုပ်ချုပ်မှုယန္တရား ပျက်ပြားစေရေးနှင့် ၎င်းတို့၏ ပလောင်ပြည်နယ်ရရှိရေး စိတ်ကူးယဉ်အိပ်မက်ကို အကောင်အထည်ဖော်ရန်အတွက် နိုင်ငံရေးနည်းလမ်းဖြင့် ရယူခြင်းမရှိဘဲ လက်နက် ကိုင်အကြမ်းဖက်လမ်းစဉ်ဖြင့် ရယူရန်အတွက် EAO အဖွဲ့အချို့၏ အကူအညီများရယူပြီး PDF အမည်ခံ အကြမ်းဖက်သောင်း ကျန်းသူ များကို ရှေ့ကာတပ်အဖြစ် အသုံးချကာ ကျောက်မဲမြို့နှင့် နောင်ချို မြို့ အပါအဝင် မြို့/ရွာအချို့အား ခေတ္တစိုးမိုးထိန်းချုပ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် တပ်မတော်အနေဖြင့် TNLA အဖွဲ့နှင့် DPLA ၊ PDF တို့ခေတ္တစိုးမိုးထားသည့် မြို့/ရွာများအား ပြန်လည်သိမ်းပိုက် ထိန်းချုပ်နို င်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter– Terrorism Operation)များကို ဆောင်ရွက်ခဲ့ရာ နောင်ချိုမြို့အား ၂၀၂၅ ခုနှစ် ဇူလိုင် ၁၆ ရက်တွင် ပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဒေသတွင် ကုန်စည်စီးဆင်းမှုအတွက် အဓိကအရေးပါသည့် ပြည်ထောင်စုလမ်းမကြီးဖြစ်သော မန္တလေး-လားရှိုး-မူဆယ် လမ်းမကြီးပေါ်ရှိ အဓိကလမ်းပိုင်းဖြစ်သည့် နောင်ချို-ကျောက်မဲလမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်နိုင်ရေးလိုအပ်သည့် နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာ အဆိုပါလမ်းကြောင်းတွင် စစ်ဗျူဟာအရ အဓိကအရေးပါသည့် ဂုတ်တွင်းတံတား၊ နောင်ပစ် ကျေးရွာ၊ ကညင်ကုန်းကျေးရွာ၊ ဇီးပင်ကြီးကျေးရွာနှင့် နောင်ပိန် ကျေးရွာတို့အား ပထမအဆင့်ထိန်းချုပ်နိုင်ရေး မြေပြင်အနေအထားအရ အခက်အခဲအတား အဆီးများစွာရှိသည့် ဂုတ်တွင်း တံတား၊ ဂုတ်ထိပ်မီးရထားလမ်း တံတားနှင့် ရှုခင်းသာအပါအဝင် ပထမအဆင့် ထိန်းချုပ်ရမည့် အရေးကြီးနေရာများအား TNLA နှင့် မဟာမိတ်များမမျှော်လင့် သောလမ်းကြောင်းမှ ချဉ်းကပ်ထိုးဖောက်လျက် ဩဂုတ် ၂၉ ရက် တွင် ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများသည် ရှမ်းပြည် နယ်(မြောက်ပိုင်း) ခရိုင်မြို့တော်ကြီး တစ်ခုဖြစ်သည့် ကျောက်မဲမြို့အား အမြန်ဆုံးသိမ်းပိုက်နိုင်ရေးနှင့် နောင်ချို-ကျောက်မဲ လမ်းပိုင်း အမြန်ဆုံးဖွင့်လှစ်နိုင်ရေး၊ TNLA နှင့် DPLA ၊ PDF အမည်ခံ ပူးပေါင်းအကြမ်းဖက် သောင်းကျန်းသူများအား တိုက်ခိုက်ချေမှုန်းနိုင်ရေးအတွက် လိုအပ်သည့်ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၉ ရက်မှစ၍ အကြမ်းဖက် ချေမှုန်းမှုစစ်ဆင်ရေးဖြင့် မြေပြင်/ဝေဟင် ပေါင်းစပ်ညှိနှိုင်းကာ စစ်ကြောင်းများခွဲ၍ တန်ပြန်တိုက်စစ်များဖြင့် အဆင့်ဆင့် ထိုးဖောက်တိုက်ခိုက် ချေမှုန်းမှုဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၀ ရက်တွင် မန်ကွတ်ကျေးရွာ၊ စက်တင်ဘာ ၁၂ ရက်တွင် ပပုတ်ကျေးရွာ၊ စက်တင်ဘာ ၁၃ ရက်တွင် ခေးလောင်းကျေးရွာ၊ စက်တင်ဘာ ၁၅ ရက်တွင် ပန်းမလွတ်ကျေးရွာ တို့တို့ ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စက်တင်ဘာ ၁၇ ရက်တွင် ပိတက်ကျေးရွာနှင့် ပံတီးကျေးရွာ၊ စက်တင်ဘာ ၁၈ ရက်တွင် ကောင်းမှုလိန်ကျေးရွာ၊ စက်တင် ဘာ ၁၉ ရက် တွင် မန်ပန်ကျေးရွာ၊ စက်တင်ဘာ ၂၀ ရက်တွင် ပွိုင့်-၁၂၁၂ တောင်ကုန်း၊ ခိုက်တုန်ဟုန်း ကျေးရွာနှင့် ကုန်းကော်ကျေးရွာ၊ စက်တင်ဘာ ၂၁ ရက်တွင် တောင်ဆေးလိပ် ကျေးရွာ(တောင် ပိုင်း)၊ တောင်ဆေးလိပ်ကျေးရွာ (မြောက်ပိုင်း)၊ စက်တင်ဘာ ၂၂ ရက်တွင် နားအိုက်ခမ်းကျေးရွာတို့ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၅ ရက်တွင် မြင်းကွင်းကျေးရွာနှင့် နားချောင်း ကျေးရွာ၊ စက်တင်ဘာ ၂၇ ရက် တွင် ခမ်းဆာကျေးရွာနှင့် မန်လွယ် ကျေးရွာ၊ စက်တင်ဘာ ၂၉ ရက် တွင် ပင်တီးကျေးရွာ၊ စခန်းသာ ကျေးရွာ၊ လုံဝယ်ကျေးရွာ၊ နမ့်ဟူး ကျေးရွာ၊ ပေါက်အံလေးကျေးရွာနှင့် ပေါက်အံ ကြီးကျေးရွာ၊ စက်တင်ဘာ ၃၀ ရက်တွင် နမ့်ဆော ကျေးရွာ၊ ခိုမောင်းကျေးရွာနှင့် ကောင်းအိုက်ကျေးရွာတို့နှင့် ၎င်းကျေးရွာများ အနီးတစ်ဝိုက်ရှိ ရန်သူ့စခန်းကုန်းများကို အဆင့်ဆင့် ပြန်လည်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ယမန်နေ့(အောက်တိုဘာ ၁ ရက်)၊ ညနေ ၄ နာရီခန့်တွင် အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တထိန်းချုပ်ထားသည် ကျောက်မဲ မြို့အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ကျောက်မဲ- နောင်ချို-ပြင်ဦးလွင် ပြည်ထောင်စုကားလမ်းပိုင်းအား ပြန်လည်စိုးမိုး ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ အဆင့်ဆင့်ပြန်လည် တိုက်ခိုက်ထိန်းချုပ်ခဲ့ရာ စစ်ဆင်ရေးကာလ ၂၁ ရက်တာကာလ အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး ၃၆ ကြိမ်၊ ထိတွေ့မှုပေါင်း ၇၆ ကြိမ်၊ စုစု ပေါင်း ၁၁၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၆၁ လောင်း၊ လက်နက် ၄၁ လက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက် ရရှိခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

TNLA ၊ DPLA နှင့် PDF တို့သည် ကျောက်မဲမြို့မှ ဆုတ်ခွာထွက်ပြေးစဉ် ကျောက်မဲမြို့မ ရဲစခန်း၊ EPC Station ၊ ခရိုင် သစ်တောရုံး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မီးသတ်ဦးစီးဌာနအဆောက်အအုံ၊ စာသင်ကျောင်းများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများအား ယုတ်မာရိုင်းစိုင်းစွာဖြင့် အသိတရားကင်းမဲ့စွာဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထိန်းချုပ်စဉ်ကာလအတွင်း မြို့/ရွာများအတွင်းရှိ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဆေးရုံများနှင့် လူနေအိမ်များတွင် ဘန်ကာများ ဆောက်လုပ်ပြီး တပ်မတော် စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများ၏ အိုးအိမ်များကို ခံစစ် တံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဒေသခံပြည်သူများ နေအိမ်များနှင့် ဈေးဆိုင်ခန်းများအား ဖောက်ထွင်း၍ တန်ဖိုးကြီးပစ္စည်းများ၊ စားသောက်ကုန်နှင့် အသုံးအဆောင် ပစ္စည်းများကို အဓမ္မယူဆောင်ခြင်းများ လုပ်ဆောင်ခဲ့ပြီး ဒေသခံပြည်သူများသည် ဆင်းရဲမှုဘေးဒုက္ခကြီးစွာဖြင့် နီးစပ်ရာ မြို့/ရွာများရှိ ဆွေမျိုးများ၏ နေအိမ်များ၊ ယာယီနေရပ်စွန့်ခွာ စခန်းများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။

zawgyi version

စစ္ဆင္ေရးရက္ေပါင္း (၂၀)ေက်ာ္ ကာလအတြင္း တိုက္ပြဲထိေတြ႕မႈေပါင္း (၁၁၂) ႀကိမ္ ျဖစ္ပြားကာ ေက်ာက္မဲၿမိဳ႕ကို တပ္မေတာ္ျပန္လည္ သိမ္းပိုက္

သန႔္ဇင္(NP News)-ေအာက္တိုဘာ ၂

စစ္ဆင္ေရးရက္ေပါင္း (၂၀)ေက်ာ္ ကာလအတြင္း တိုက္ပြဲထိေတြ႕မႈေပါင္း (၁၁၂) ႀကိမ္ ျဖစ္ပြားကာ ေက်ာက္မဲၿမိဳ႕ကို တပ္မေတာ္က ျပန္လည္ သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း ႏိုင္ငံေတာ္ လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
TNLA အဖြဲ႕သည္ ၂၀၂၁ ခုႏွစ္ ႏိုင္ငံေရးျဖစ္စဥ္ႏွင့္ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာ ၂၇ ရက္မွ စတင္ခဲ့သည့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေဒသတိုက္ပြဲစဥ္မ်ား၏ ေနာက္ဆက္တြဲ အေျခအေနမ်ားကို အခြင့္ေကာင္းယူ၍ အစိုးရအုပ္ခ်ဳပ္မႈယႏၲရား ပ်က္ျပားေစေရးႏွင့္ ၎တို႔၏ ပေလာင္ျပည္နယ္ရရွိေရး စိတ္ကူးယဥ္အိပ္မက္ကို အေကာင္အထည္ေဖာ္ရန္အတြက္ ႏိုင္ငံေရးနည္းလမ္းျဖင့္ ရယူျခင္းမရွိဘဲ လက္နက္ ကိုင္အၾကမ္းဖက္လမ္းစဥ္ျဖင့္ ရယူရန္အတြက္ EAO အဖြဲ႕အခ်ိဳ႕၏ အကူအညီမ်ားရယူၿပီး PDF အမည္ခံ အၾကမ္းဖက္ေသာင္း က်န္းသူ မ်ားကို ေရွ႕ကာတပ္အျဖစ္ အသုံးခ်ကာ ေက်ာက္မဲၿမိဳ႕ႏွင့္ ေနာင္ခ်ိဳ ၿမိဳ႕ အပါအဝင္ ၿမိဳ႕/႐ြာအခ်ိဳ႕အား ေခတၱစိုးမိုးထိန္းခ်ဳပ္ခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ တပ္မေတာ္အေနျဖင့္ TNLA အဖြဲ႕ႏွင့္ DPLA ၊ PDF တို႔ေခတၱစိုးမိုးထားသည့္ ၿမိဳ႕/႐ြာမ်ားအား ျပန္လည္သိမ္းပိုက္ ထိန္းခ်ဳပ္ႏို င္ေရးအတြက္ အၾကမ္းဖက္ေခ်မႈန္းမႈစစ္ဆင္ေရး (Counter– Terrorism Operation)မ်ားကို ေဆာင္႐ြက္ခဲ့ရာ ေနာင္ခ်ိဳၿမိဳ႕အား ၂၀၂၅ ခုႏွစ္ ဇူလိုင္ ၁၆ ရက္တြင္ ျပန္လည္သိမ္းပိုက္ထိန္းခ်ဳပ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါေဒသတြင္ ကုန္စည္စီးဆင္းမႈအတြက္ အဓိကအေရးပါသည့္ ျပည္ေထာင္စုလမ္းမႀကီးျဖစ္ေသာ မႏၲေလး-လားရႈိး-မူဆယ္ လမ္းမႀကီးေပၚရွိ အဓိကလမ္းပိုင္းျဖစ္သည့္ ေနာင္ခ်ိဳ-ေက်ာက္မဲလမ္းပိုင္းအား ျပန္လည္ဖြင့္လွစ္ႏိုင္ေရးလိုအပ္သည့္ နယ္ေျမရွင္းလင္းေရး လုပ္ငန္းမ်ားကို ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ေဆာင္႐ြက္ခဲ့ရာ အဆိုပါလမ္းေၾကာင္းတြင္ စစ္ဗ်ဴဟာအရ အဓိကအေရးပါသည့္ ဂုတ္တြင္းတံတား၊ ေနာင္ပစ္ ေက်း႐ြာ၊ ကညင္ကုန္းေက်း႐ြာ၊ ဇီးပင္ႀကီးေက်း႐ြာႏွင့္ ေနာင္ပိန္ ေက်း႐ြာတို႔အား ပထမအဆင့္ထိန္းခ်ဳပ္ႏိုင္ေရး ေျမျပင္အေနအထားအရ အခက္အခဲအတား အဆီးမ်ားစြာရွိသည့္ ဂုတ္တြင္း တံတား၊ ဂုတ္ထိပ္မီးရထားလမ္း တံတားႏွင့္ ရႈခင္းသာအပါအဝင္ ပထမအဆင့္ ထိန္းခ်ဳပ္ရမည့္ အေရးႀကီးေနရာမ်ားအား TNLA ႏွင့္ မဟာမိတ္မ်ားမေမွ်ာ္လင့္ ေသာလမ္းေၾကာင္းမွ ခ်ဥ္းကပ္ထိုးေဖာက္လ်က္ ဩဂုတ္ ၂၉ ရက္ တြင္ ျပန္လည္သိမ္းပိုက္ ထိန္းခ်ဳပ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍ တပ္မေတာ္စစ္ေၾကာင္းမ်ားသည္ ရွမ္းျပည္ နယ္(ေျမာက္ပိုင္း) ခ႐ိုင္ၿမိဳ႕ေတာ္ႀကီး တစ္ခုျဖစ္သည့္ ေက်ာက္မဲၿမိဳ႕အား အျမန္ဆုံးသိမ္းပိုက္ႏိုင္ေရးႏွင့္ ေနာင္ခ်ိဳ-ေက်ာက္မဲ လမ္းပိုင္း အျမန္ဆုံးဖြင့္လွစ္ႏိုင္ေရး၊ TNLA ႏွင့္ DPLA ၊ PDF အမည္ခံ ပူးေပါင္းအၾကမ္းဖက္ ေသာင္းက်န္းသူမ်ားအား တိုက္ခိုက္ေခ်မႈန္းႏိုင္ေရးအတြက္ လိုအပ္သည့္ျပင္ဆင္စုဖြဲ႕မႈမ်ားေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

စက္တင္ဘာ ၉ ရက္မွစ၍ အၾကမ္းဖက္ ေခ်မႈန္းမႈစစ္ဆင္ေရးျဖင့္ ေျမျပင္/ေဝဟင္ ေပါင္းစပ္ညႇိႏႈိင္းကာ စစ္ေၾကာင္းမ်ားခြဲ၍ တန္ျပန္တိုက္စစ္မ်ားျဖင့္ အဆင့္ဆင့္ ထိုးေဖာက္တိုက္ခိုက္ ေခ်မႈန္းမႈေဆာင္႐ြက္ခဲ့ရာ ၂၀၂၅ ခုႏွစ္ စက္တင္ဘာ ၁၀ ရက္တြင္ မန္ကြတ္ေက်း႐ြာ၊ စက္တင္ဘာ ၁၂ ရက္တြင္ ပပုတ္ေက်း႐ြာ၊ စက္တင္ဘာ ၁၃ ရက္တြင္ ေခးေလာင္းေက်း႐ြာ၊ စက္တင္ဘာ ၁၅ ရက္တြင္ ပန္းမလြတ္ေက်း႐ြာ တို႔တို႔ ထိန္းခ်ဳပ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ စက္တင္ဘာ ၁၇ ရက္တြင္ ပိတက္ေက်း႐ြာႏွင့္ ပံတီးေက်း႐ြာ၊ စက္တင္ဘာ ၁၈ ရက္တြင္ ေကာင္းမႈလိန္ေက်း႐ြာ၊ စက္တင္ ဘာ ၁၉ ရက္ တြင္ မန္ပန္ေက်း႐ြာ၊ စက္တင္ဘာ ၂၀ ရက္တြင္ ပြိဳင့္-၁၂၁၂ ေတာင္ကုန္း၊ ခိုက္တုန္ဟုန္း ေက်း႐ြာႏွင့္ ကုန္းေကာ္ေက်း႐ြာ၊ စက္တင္ဘာ ၂၁ ရက္တြင္ ေတာင္ေဆးလိပ္ ေက်း႐ြာ(ေတာင္ ပိုင္း)၊ ေတာင္ေဆးလိပ္ေက်း႐ြာ (ေျမာက္ပိုင္း)၊ စက္တင္ဘာ ၂၂ ရက္တြင္ နားအိုက္ခမ္းေက်း႐ြာတို႔ကို ထိန္းခ်ဳပ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

စက္တင္ဘာ ၂၅ ရက္တြင္ ျမင္းကြင္းေက်း႐ြာႏွင့္ နားေခ်ာင္း ေက်း႐ြာ၊ စက္တင္ဘာ ၂၇ ရက္ တြင္ ခမ္းဆာေက်း႐ြာႏွင့္ မန္လြယ္ ေက်း႐ြာ၊ စက္တင္ဘာ ၂၉ ရက္ တြင္ ပင္တီးေက်း႐ြာ၊ စခန္းသာ ေက်း႐ြာ၊ လုံဝယ္ေက်း႐ြာ၊ နမ့္ဟူး ေက်း႐ြာ၊ ေပါက္အံေလးေက်း႐ြာႏွင့္ ေပါက္အံ ႀကီးေက်း႐ြာ၊ စက္တင္ဘာ ၃၀ ရက္တြင္ နမ့္ေဆာ ေက်း႐ြာ၊ ခိုေမာင္းေက်း႐ြာႏွင့္ ေကာင္းအိုက္ေက်း႐ြာတို႔ႏွင့္ ၎ေက်း႐ြာမ်ား အနီးတစ္ဝိုက္ရွိ ရန္သူ႔စခန္းကုန္းမ်ားကို အဆင့္ဆင့္ ျပန္လည္သိမ္းပိုက္ရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ယမန္ေန႔(ေအာက္တိုဘာ ၁ ရက္)၊ ညေန ၄ နာရီခန႔္တြင္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ေခတၱထိန္းခ်ဳပ္ထားသည္ ေက်ာက္မဲ ၿမိဳ႕အား ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့သည့္အတြက္ ေက်ာက္မဲ- ေနာင္ခ်ိဳ-ျပင္ဦးလြင္ ျပည္ေထာင္စုကားလမ္းပိုင္းအား ျပန္လည္စိုးမိုး ထိန္းခ်ဳပ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ အဆင့္ဆင့္ျပန္လည္ တိုက္ခိုက္ထိန္းခ်ဳပ္ခဲ့ရာ စစ္ဆင္ေရးကာလ ၂၁ ရက္တာကာလ အတြင္း အၾကမ္းဖက္ေသာင္းက်န္းသူမ်ားႏွင့္ တိုက္ပြဲႀကီး ၃၆ ႀကိမ္၊ ထိေတြ႕မႈေပါင္း ၇၆ ႀကိမ္၊ စုစု ေပါင္း ၁၁၂ ႀကိမ္ ျဖစ္ပြားခဲ့ၿပီး ရန္သူ႔ထံမွ အေလာင္း ၆၁ ေလာင္း၊ လက္နက္ ၄၁ လက္၊ ခဲယမ္းႏွင့္ ဆက္စပ္ပစၥည္းမ်ား သိမ္းပိုက္ ရရွိခဲ့ၿပီး တပ္မေတာ္မွ အရာရွိ၊ စစ္သည္အခ်ိဳ႕ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။

TNLA ၊ DPLA ႏွင့္ PDF တို႔သည္ ေက်ာက္မဲၿမိဳ႕မွ ဆုတ္ခြာထြက္ေျပးစဥ္ ေက်ာက္မဲၿမိဳ႕မ ရဲစခန္း၊ EPC Station ၊ ခ႐ိုင္ သစ္ေတာ႐ုံး၊ ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံး၊ မီးသတ္ဦးစီးဌာနအေဆာက္အအုံ၊ စာသင္ေက်ာင္းမ်ား၊ ဘာသာေရးဆိုင္ရာ အေဆာက္အအုံမ်ားအား ယုတ္မာ႐ိုင္းစိုင္းစြာျဖင့္ အသိတရားကင္းမဲ့စြာျဖင့္ မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။
ထိန္းခ်ဳပ္စဥ္ကာလအတြင္း ၿမိဳ႕/႐ြာမ်ားအတြင္းရွိ ဌာနဆိုင္ရာ အေဆာက္အအုံမ်ား၊ ေဆး႐ုံမ်ားႏွင့္ လူေနအိမ္မ်ားတြင္ ဘန္ကာမ်ား ေဆာက္လုပ္ၿပီး တပ္မေတာ္ စစ္ေၾကာင္းမ်ားအား ပစ္ခတ္တိုက္ခိုက္ျခင္း၊ ေဒသခံျပည္သူမ်ား၏ အိုးအိမ္မ်ားကို ခံစစ္ တံတိုင္းအျဖစ္ အကာအကြယ္ရယူ၍ ပစ္ခတ္တိုက္ခိုက္ျခင္းမ်ားကို လုပ္ေဆာင္ခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။

ေဒသခံျပည္သူမ်ား ေနအိမ္မ်ားႏွင့္ ေဈးဆိုင္ခန္းမ်ားအား ေဖာက္ထြင္း၍ တန္ဖိုးႀကီးပစၥည္းမ်ား၊ စားေသာက္ကုန္ႏွင့္ အသုံးအေဆာင္ ပစၥည္းမ်ားကို အဓမၼယူေဆာင္ျခင္းမ်ား လုပ္ေဆာင္ခဲ့ၿပီး ေဒသခံျပည္သူမ်ားသည္ ဆင္းရဲမႈေဘးဒုကၡႀကီးစြာျဖင့္ နီးစပ္ရာ ၿမိဳ႕/႐ြာမ်ားရွိ ေဆြမ်ိဳးမ်ား၏ ေနအိမ္မ်ား၊ ယာယီေနရပ္စြန႔္ခြာ စခန္းမ်ားသို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.