အခွန်အမှတ်တံဆိပ်ကပ်ရန် ပျက်ကွက်မှုကို သတင်းပေးသူအား တပ်ရိုက်သည့်ဒဏ်ကြေးငွေ ၏ (၃၀)ရာခိုင်နှုန်းကို ဆုကြေးအဖြစ်ချီးမြှင့်မည်

 1418

ယွန်း (NP News) - သြဂုတ် ၄

စားသောက်ဆိုင်လုပ်ငန်းရှင်များ အပါအဝင် လုပ်ငန်း(၄)မျိုးမှ ကောက်ခံရရှိသည့် ကုန်သွယ်လုပ်ငန်းခွန်များကို သက်ဆိုင်ရာအခွန်ရုံးများသို့ပေးသွင်းရန် ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားသည်။

စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ယ‌နေ့(သြဂုတ်လ ၄ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာတွင် အထက်ပါကဲ့သို့ အသိပေးထားခြင်းဖြစ်သည်။

စားသောက်ဆိုင်လုပ်ငန်းရှင်များ အပါအဝင် ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းရှင်များ၊ ရုပ်သံလွှင့်မီဒီယာလုပ်ငန်းရှင်များ၊ ရွှေထည်လက်ဝတ်ရတနာရောင်းချသည့်လုပ်ငန်းရှင်များ နှင့် လက်ကိုင်ဖုန်း(Handset)နှင့်ဆက်စပ်ပစ္စည်းများ ရောင်းချ/ဝန်ဆောင်မှုဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် ကောက်ခံရရှိသည့် ကုန်သွယ်လုပ်ငန်းခွန်များကို သက်ဆိုင်ရာအခွန်ရုံးများသို့ပေးသွင်းရန် အသိပေးထားခြင်းဖြစ်သည်။

အဆိုပါ လုပ်ငန်းရှင်များသည် တည်ဆဲကုန်သွယ်လုပ်ငန်းခွန်စည်းမျဥ် ၄၀၊ စည်းမျဥ်းခွဲ(က)၊ စည်းမျဥ်းခွဲငယ်(၃)ပါ ပြဋ္ဌာန်းချက်နှင့်အညီ အခွန်အမှတ်တံဆိပ်ကပ်ထားသည့် ပြေစာဖြင့် ရောင်းရငွေ/ဝန်ဆောင်မှုရငွေနှင့်အတူ ကျသင့်သည့်ကုန်သွယ်လုပ်ငန်းခွင်ကို စားသုံးသူများ ထံမှ ကောက်ခံရန်တာဝန်ရှိကြောင်း သိရသည်။

ထို့နောက် ကောက်ခံရရှိသည့် အဆိုပါကုန်သွယ်လုပ်ငန်းခွန်များကို သက်ဆိုင်ရာအခွန်ရုံးများသို့ပေးသွင်းရန် ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ပြေစာ(သို့မဟုတ်) ငွေလက်ခံရရှိကြောင်း အထောက်အထားများတွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် ပျက်ကွက်ခြင်းအား သတင်းပေးသူသည် စာရွက်စာတမ်းအထောက်အထားဖြင့်ဖြစ်စေ၊ အသံဖိုင်အထောက်အထားဖြင့်ဖြစ်စေ တင်ပြပါက သတင်းပေးသူအား တပ်ရိုက် သည့်ဒဏ်ကြေးငွေ၏ ၃၀ ရာခိုင်နှုန်းကို ဆုကြေးအဖြစ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ပြင် လက်ကိုင်ဖုန်းများပေါ်၌ သတ်မှတ်ချက်များနှင့်အညီ အခွန်အမှတ်တံဆိပ်ကပ်ရန် ပျက်ကွက်ခြင်းကို သတင်းပေးသူအား ၂၀ ရာခိုင်နှုန်း ဆုကြေးငွေအဖြစ် ချီးမြှင့်မည်ဖြစ် ကြောင်း သိရသည်။

ထို့ကြောင့် စားသုံးသူပြည်သူများအနေဖြင့် အထက်ပါလုပ်ငန်းရှင်များထံမှ ကျသင့်ငွေပေးချေချိန်တွင် အခွန်အမှတ်တံဆိပ်ကပ်ထားသည့် ပြေစာကိုတောင်းယူရန် ပြည်တွင်းအခွန်များဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

ထို့ပြင် လုပ်ငန်းရှင်များအနေဖြင့်လည်း စားသုံးသူကတောင်းခံသည်ဖြစ်စေ၊ မတောင်းခံသည်ဖြစ်စေ အခွန်အမှတ်တံဆိပ်ကပ်ထားသည့် ပြေစာများကို မဖြစ်မနေထုတ်ပေးရန် ထည့်သွင်းထုတ်ပြန်ထားသည်။

zawgyi version
အခြန္အမွတ္တံဆိပ္ကပ္ရန္ ပ်က္ကြက္မႈကို သတင္းေပးသူအား တပ္႐ိုက္သည့္ဒဏ္ေၾကးေငြ ၏ (၃၀)ရာခိုင္ႏႈန္းကို ဆုေၾကးအျဖစ္ခ်ီးျမႇင့္မည္

ယြန္း (NP News) - ၾသဂုတ္ ၄

စားေသာက္ဆိုင္လုပ္ငန္းရွင္မ်ား အပါအဝင္ လုပ္ငန္း(၄)မ်ိဳးမွ ေကာက္ခံရရွိသည့္ ကုန္သြယ္လုပ္ငန္းခြန္မ်ားကို သက္ဆိုင္ရာအခြန္႐ုံးမ်ားသို႔ေပးသြင္းရန္ ျပည္တြင္းအခြန္မ်ားဦးစီးဌာနက ထုတ္ျပန္ထားသည္။

စီမံကိန္း ႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ ယ‌ေန႔(ၾသဂုတ္လ ၄ ရက္)ထုတ္ ႏိုင္ငံပိုင္သတင္းစာတြင္ အထက္ပါကဲ့သို႔ အသိေပးထားျခင္းျဖစ္သည္။

စားေသာက္ဆိုင္လုပ္ငန္းရွင္မ်ား အပါအဝင္ ဟိုတယ္ႏွင့္ တည္းခိုခန္းလုပ္ငန္းရွင္မ်ား၊ ႐ုပ္သံလႊင့္မီဒီယာလုပ္ငန္းရွင္မ်ား၊ ေ႐ႊထည္လက္ဝတ္ရတနာေရာင္းခ်သည့္လုပ္ငန္းရွင္မ်ား ႏွင့္ လက္ကိုင္ဖုန္း(Handset)ႏွင့္ဆက္စပ္ပစၥည္းမ်ား ေရာင္းခ်/ဝန္ေဆာင္မႈေဆာင္႐ြက္သည့္ လုပ္ငန္းရွင္မ်ားအေနျဖင့္ ေကာက္ခံရရွိသည့္ ကုန္သြယ္လုပ္ငန္းခြန္မ်ားကို သက္ဆိုင္ရာအခြန္႐ုံးမ်ားသို႔ေပးသြင္းရန္ အသိေပးထားျခင္းျဖစ္သည္။

အဆိုပါ လုပ္ငန္းရွင္မ်ားသည္ တည္ဆဲကုန္သြယ္လုပ္ငန္းခြန္စည္းမ်ဥ္ ၄၀၊ စည္းမ်ဥ္းခြဲ(က)၊ စည္းမ်ဥ္းခြဲငယ္(၃)ပါ ျပ႒ာန္းခ်က္ႏွင့္အညီ အခြန္အမွတ္တံဆိပ္ကပ္ထားသည့္ ေျပစာျဖင့္ ေရာင္းရေငြ/ဝန္ေဆာင္မႈရေငြႏွင့္အတူ က်သင့္သည့္ကုန္သြယ္လုပ္ငန္းခြင္ကို စားသုံးသူမ်ား ထံမွ ေကာက္ခံရန္တာဝန္ရွိေၾကာင္း သိရသည္။

ထို႔ေနာက္ ေကာက္ခံရရွိသည့္ အဆိုပါကုန္သြယ္လုပ္ငန္းခြန္မ်ားကို သက္ဆိုင္ရာအခြန္႐ုံးမ်ားသို႔ေပးသြင္းရန္ ျပည္တြင္းအခြန္မ်ားဦးစီးဌာနက အသိေပးထုတ္ျပန္ထားသည္။

ေျပစာ(သို႔မဟုတ္) ေငြလက္ခံရရွိေၾကာင္း အေထာက္အထားမ်ားတြင္ အခြန္အမွတ္တံဆိပ္ကပ္ႏွိပ္ရန္ ပ်က္ကြက္ျခင္းအား သတင္းေပးသူသည္ စာ႐ြက္စာတမ္းအေထာက္အထားျဖင့္ျဖစ္ေစ၊ အသံဖိုင္အေထာက္အထားျဖင့္ျဖစ္ေစ တင္ျပပါက သတင္းေပးသူအား တပ္႐ိုက္ သည့္ဒဏ္ေၾကးေငြ၏ ၃၀ ရာခိုင္ႏႈန္းကို ဆုေၾကးအျဖစ္ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။

ထို႔ျပင္ လက္ကိုင္ဖုန္းမ်ားေပၚ၌ သတ္မွတ္ခ်က္မ်ားႏွင့္အညီ အခြန္အမွတ္တံဆိပ္ကပ္ရန္ ပ်က္ကြက္ျခင္းကို သတင္းေပးသူအား ၂၀ ရာခိုင္ႏႈန္း ဆုေၾကးေငြအျဖစ္ ခ်ီးျမႇင့္မည္ျဖစ္ ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ စားသုံးသူျပည္သူမ်ားအေနျဖင့္ အထက္ပါလုပ္ငန္းရွင္မ်ားထံမွ က်သင့္ေငြေပးေခ်ခ်ိန္တြင္ အခြန္အမွတ္တံဆိပ္ကပ္ထားသည့္ ေျပစာကိုေတာင္းယူရန္ ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ အသိေပးထုတ္ျပန္ထားသည္။

ထို႔ျပင္ လုပ္ငန္းရွင္မ်ားအေနျဖင့္လည္း စားသုံးသူကေတာင္းခံသည္ျဖစ္ေစ၊ မေတာင္းခံသည္ျဖစ္ေစ အခြန္အမွတ္တံဆိပ္ကပ္ထားသည့္ ေျပစာမ်ားကို မျဖစ္မေနထုတ္ေပးရန္ ထည့္သြင္းထုတ္ျပန္ထားသည္။

Picture

thurein lin

05/08/2023 09:07

သတင်းပေးတယ်ဆိုတာက ဘယ်ကိုသွားပေးရမှာလဲ မပါဘဲ ဘယ်လိုသွားပေးမလဲ

Related news

© 2021. All rights reserved.