အမေရိကန်နိုင်ငံမှ ကုန်သွယ်ခွန်ကောက်ခံခြင်းများနှင့်ပတ်သက်ပြီး စဉ်းစားအကဲဖြတ်မည်ဟု တရုတ်အစိုးရပြော

 322

ဂျန်ဇက် (NP News) - မေ ၂

တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံမှ ကုန်သွယ်ခွန်ကောက်ခံခြင်းများနှင့်ပတ်သက်ပြီး စဉ်းစားသုံးသပ် အကဲဖြတ် သွားမည်ဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။ အမေရိကန်အစိုးရသည် တရုတ်နိုင်ငံမှတင်ပို့သော ကုန်ပစ္စည်းများကို အခွန်ကောက်ခံခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ လုပ်ဆောင်ရန် တရုတ်နိုင်ငံကို ကမ်းလှမ်းထားကြောင်း သိရသည်။
အမေရိကန်နိုင်ငံတွင် ဒေါ်နယ်ထရမ့်သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း တရုတ်နှင့် အမေရိကန်နိုင်ငံကြား တင်းမာမှု အရှိန်မြင့်တက်ခဲ့ပြီး အမေရိကန်နိုင်ငံက တရုတ်ကုန်စည်များကို အခွန် ၁၄၅ ရာခိုင်နှုန်းကောက်ခံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံကလည်းအမေရိကန်နိုင်ငံမှ ကုန်သွယ်ခွန်ကောက်ခံခြင်းကို လက်တုံ့ပြန်မှုအဖြစ် တရုတ်နိုင်ငံသို့တင်ပို့သော အမေရိကန်ကုန်စည်များကို ကုန်သွယ်ခွန် ၁၂၅ ရာခိုင်နှုန်း ကောက်ခံခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံတွင် ဒေါ်နယ်ထရမ့်သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်အစိုးရသည် ကမ္ဘာတဝှမ်းရှိ ကုန်သွယ်ဖက်နိုင်ငံပေါင်း ၉ဝ ကို ကုန်သွယ်ခွန်များ ကောက်ခံရန် သတ်မှတ်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ တရုတ်ကုန်သွယ်ရေးဝန်ကြီးက "အ‌မေရိကန်အစိုးရဟာ တရုတ်နိုင်ငံကို မက်ဆေ့ပေးပို့ခဲ့တယ်။ ကုန်သွယ်ခွန် ကောက်ခံခြင်းနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ဆွေးနွေးဖို့မျှော်လင့်နေတယ်။ တရုတ်အစိုးရကလည်း အမေရိကန်ရဲ့ ကမ်းလှမ်းမှုတွေကို အကဲဖြတ်နေတယ်" ဟု ပြောသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အခွန်ကောက်ခံခြင်းများကို လျော့ချဖွယ်ရှိနေပြီး တရုတ်နိုင်ငံနှင့်ကုန်သွယ်ရာ တွင် မျှတသော စာချုပ်ချုပ်ဆိုရန် အလားလာများကြောင်း မကြာသေးမီက ထပ်မံပြောခဲ့သည်။ ဒေါ်နယ်ထရမ့်က အမေရိကန်အစိုးရသည် တရုတ်နိုင်ငံနှင့် တက်ကြွစွာစေ့စပ်ဆွေးနွေးနေပြီး တရုတ်သမ္မတရှီကျင့်ဖျင့် နှင့် ဖုန်းဆက်ဆွေးနွေးခြင်းများရှိခဲ့ကြောင်း ပြောသည်။
တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက “အ‌မေရိကန်အစိုးရဟာ အဓိပ္ပာယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်လိုပါက အခွန်စည်းကြပ်မှုကို ပယ်ဖျက်မှုနဲ့အတူ “ရိုးသားမှု” ပြသရမယ်။ တရုတ်နိုင်ငံဟာ တွေ့ဆုံဆွေးနွေးဖို့ လမ်းကြောင်း ဖွင့်လှစ်ထားတယ်။ ဖိအားပေးတာမျိုး လုပ်ဆောင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ဟာ ကုန်သွယ်ရေးစစ်ပွဲ အတွက် တိုက်ပွဲလုပ်ဆောင်မယ်ဆိုရင် အဆုံးထိ တိုက်ပွဲဝင်သွားမယ်။ စေ့စပ်ဆွေးနွေးလိုရင် ဆွေးနွေးဖို့ လမ်းကြောင်း ဖွင့်လှစ်ထားတယ်" ဟု ပြောသည်။

Zawgyi Version:
အေမရိကန္ႏိုင္ငံမွ ကုန္သြယ္ခြန္ေကာက္ခံျခင္းမ်ားႏွင့္ပတ္သက္ၿပီး စဥ္းစားအကဲျဖတ္မည္ဟု တ႐ုတ္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ေမ ၂

တ႐ုတ္ႏိုင္ငံသည္ အေမရိကန္ႏိုင္ငံမွ ကုန္သြယ္ခြန္ေကာက္ခံျခင္းမ်ားႏွင့္ပတ္သက္ၿပီး စဥ္းစားသုံးသပ္ အကဲျဖတ္ သြားမည္ျဖစ္ေၾကာင္း တ႐ုတ္ကုန္သြယ္ေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္လိုက္သည္။ အေမရိကန္အစိုးရသည္ တ႐ုတ္ႏိုင္ငံမွတင္ပို႔ေသာ ကုန္ပစၥည္းမ်ားကို အခြန္ေကာက္ခံျခင္းႏွင့္ပတ္သက္ၿပီး ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ရန္ တ႐ုတ္ႏိုင္ငံကို ကမ္းလွမ္းထားေၾကာင္း သိရသည္။
အေမရိကန္ႏိုင္ငံတြင္ ေဒၚနယ္ထရမ့္သမၼတျဖစ္လာခဲ့ၿပီးေနာက္ပိုင္း တ႐ုတ္ႏွင့္ အေမရိကန္ႏိုင္ငံၾကား တင္းမာမႈ အရွိန္ျမင့္တက္ခဲ့ၿပီး အေမရိကန္ႏိုင္ငံက တ႐ုတ္ကုန္စည္မ်ားကို အခြန္ ၁၄၅ ရာခိုင္ႏႈန္းေကာက္ခံခဲ့ေၾကာင္း သိရသည္။ တ႐ုတ္ႏိုင္ငံကလည္းအေမရိကန္ႏိုင္ငံမွ ကုန္သြယ္ခြန္ေကာက္ခံျခင္းကို လက္တုံ႔ျပန္မႈအျဖစ္ တ႐ုတ္ႏိုင္ငံသို႔တင္ပို႔ေသာ အေမရိကန္ကုန္စည္မ်ားကို ကုန္သြယ္ခြန္ ၁၂၅ ရာခိုင္ႏႈန္း ေကာက္ခံခဲ့ေၾကာင္း သိရသည္။
အေမရိကန္ႏိုင္ငံတြင္ ေဒၚနယ္ထရမ့္သမၼတျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အေမရိကန္အစိုးရသည္ ကမာၻတဝွမ္းရွိ ကုန္သြယ္ဖက္ႏိုင္ငံေပါင္း ၉ဝ ကို ကုန္သြယ္ခြန္မ်ား ေကာက္ခံရန္ သတ္မွတ္ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။ တ႐ုတ္ကုန္သြယ္ေရးဝန္ႀကီးက "အ‌ေမရိကန္အစိုးရဟာ တ႐ုတ္ႏိုင္ငံကို မက္ေဆ့ေပးပို႔ခဲ့တယ္။ ကုန္သြယ္ခြန္ ေကာက္ခံျခင္းနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံနဲ႔ေဆြးေႏြးဖို႔ေမွ်ာ္လင့္ေနတယ္။ တ႐ုတ္အစိုးရကလည္း အေမရိကန္ရဲ႕ ကမ္းလွမ္းမႈေတြကို အကဲျဖတ္ေနတယ္" ဟု ေျပာသည္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္က အခြန္ေကာက္ခံျခင္းမ်ားကို ေလ်ာ့ခ်ဖြယ္ရွိေနၿပီး တ႐ုတ္ႏိုင္ငံႏွင့္ကုန္သြယ္ရာ တြင္ မွ်တေသာ စာခ်ဳပ္ခ်ဳပ္ဆိုရန္ အလားလာမ်ားေၾကာင္း မၾကာေသးမီက ထပ္မံေျပာခဲ့သည္။ ေဒၚနယ္ထရမ့္က အေမရိကန္အစိုးရသည္ တ႐ုတ္ႏိုင္ငံႏွင့္ တက္ႂကြစြာေစ့စပ္ေဆြးေႏြးေနၿပီး တ႐ုတ္သမၼတရွီက်င့္ဖ်င့္ ႏွင့္ ဖုန္းဆက္ေဆြးေႏြးျခင္းမ်ားရွိခဲ့ေၾကာင္း ေျပာသည္။
တ႐ုတ္ကုန္သြယ္ေရးဝန္ႀကီးဌာနက “အ‌ေမရိကန္အစိုးရဟာ အဓိပၸာယ္ျပည့္ဝတဲ့ ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္လိုပါက အခြန္စည္းၾကပ္မႈကို ပယ္ဖ်က္မႈနဲ႔အတူ “႐ိုးသားမႈ” ျပသရမယ္။ တ႐ုတ္ႏိုင္ငံဟာ ေတြ႕ဆုံေဆြးေႏြးဖို႔ လမ္းေၾကာင္း ဖြင့္လွစ္ထားတယ္။ ဖိအားေပးတာမ်ိဳး လုပ္ေဆာင္မွာ မဟုတ္ဘူး။ ကြၽန္ေတာ္တို႔ဟာ ကုန္သြယ္ေရးစစ္ပြဲ အတြက္ တိုက္ပြဲလုပ္ေဆာင္မယ္ဆိုရင္ အဆုံးထိ တိုက္ပြဲဝင္သြားမယ္။ ေစ့စပ္ေဆြးေႏြးလိုရင္ ေဆြးေႏြးဖို႔ လမ္းေၾကာင္း ဖြင့္လွစ္ထားတယ္" ဟု ေျပာသည္။

Related news

© 2021. All rights reserved.