ရန်ကုန်တိုင်းအတွင်း နွေစပါး အထွက်နှုန်းကောင်းမွန်

370

NP News - မေ ၁
ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးပြီး နွေစပါး ဧက ၂၆၀,၀၀၀ ကျော်အနက် ၁ သိန်းကျော် ရိတ်သိမ်းထားပြီးဖြစ်ရာ တစ်ဧကလျှင် ၉၃ ရာခိုင်နှုန်းကျော် ထွက်ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ယခု ၂၀၂၅ ခုနှစ်အတွင်း နွေစပါးစိုက်ဧက ၂၅၀,၈၉၆ ဧကစိုက်ပျိုးရန် လျာထားခဲ့သော်လည်း ဧက၂၆၇,၀၇၈ ဧက အထိတိုးချဲ့ စိုက်ပျိုးနိုင်ခဲ့၍ စိုက်ပျိုးပြီး ရိတ်သိမ်းမှုကို ဧပြီလ တတိယပတ်အထိ နွေစပါး ၁၁၃,၇၁၅ ဧကကို ရိတ်သိမ်းထားပြီးဖြစ်ကြောင်း သိရသည်။
အထွက်နှုန်းအနေဖြင့်လည်း တစ်ဧကလျှင် ၉၃ ဒသမ ၄၇ ရာခိုင်နှုန်းထွက်ရှိကြောင်း နှင့် စပါးစိုက်ပျိုးမှုကိုလည်း စိုက်ပျိုးရေးနည်းစနစ်များ မှန်ကန်စေရေးနှင့် စနစ်တကျစိုက်ပျိုးနိုင်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မြို့နယ်များတွင် မျိုးစေ့ချကိရိယာ ၈,၀၀၀ ပံ့ပိုးထားပြီး ၂၀၂၄ ခုနှစ်တွင် seeder စနစ်ဖြင့် ၈၅,၇၂၆ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ လက်ရှိ ၂၀၂၅ ခုနှစ်တွင် အဆိုပါ စနစ်ဖြင့်ပင် ၁၀၆,၀၀၅ ဧက တိုး၍ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ နွေစပါးကို ခရိုင် ၈ ခုတွင် စိုက်ပျိုးခဲ့ကြပြီး အဆိုပါ ခရိုင်များအနက် တွံတေးခရိုင်တွင် နွေစပါး ၉၁,၁၉၇ ဧကဖြင့် အများဆုံးစိုက်ပျိုးထားခြင်းဖြစ် ကြောင်းသိရသည်

Zawgyi Version:
ရန္ကုန္တိုင္းအတြင္း ေႏြစပါး အထြက္ႏႈန္းေကာင္းမြန္
NP News - ေမ ၁
ရန္ကုန္တိုင္းေဒသႀကီးအတြင္း စိုက္ပ်ိဳးၿပီး ေႏြစပါး ဧက ၂၆၀,၀၀၀ ေက်ာ္အနက္ ၁ သိန္းေက်ာ္ ရိတ္သိမ္းထားၿပီးျဖစ္ရာ တစ္ဧကလွ်င္ ၉၃ ရာခိုင္ႏႈန္းေက်ာ္ ထြက္ရွိခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး စိုက္ပ်ိဳးေရးဦးစီးဌာနမွ သိရသည္။
ရန္ကုန္တိုင္းေဒသႀကီးအတြင္း၌ ယခု ၂၀၂၅ ခုႏွစ္အတြင္း ေႏြစပါးစိုက္ဧက ၂၅၀,၈၉၆ ဧကစိုက္ပ်ိဳးရန္ လ်ာထားခဲ့ေသာ္လည္း ဧက၂၆၇,၀၇၈ ဧက အထိတိုးခ်ဲ႕ စိုက္ပ်ိဳးႏိုင္ခဲ့၍ စိုက္ပ်ိဳးၿပီး ရိတ္သိမ္းမႈကို ဧၿပီလ တတိယပတ္အထိ ေႏြစပါး ၁၁၃,၇၁၅ ဧကကို ရိတ္သိမ္းထားၿပီးျဖစ္ေၾကာင္း သိရသည္။
အထြက္ႏႈန္းအေနျဖင့္လည္း တစ္ဧကလွ်င္ ၉၃ ဒသမ ၄၇ ရာခိုင္ႏႈန္းထြက္ရွိေၾကာင္း ႏွင့္ စပါးစိုက္ပ်ိဳးမႈကိုလည္း စိုက္ပ်ိဳးေရးနည္းစနစ္မ်ား မွန္ကန္ေစေရးႏွင့္ စနစ္တက်စိုက္ပ်ိဳးႏိုင္ေစရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
အလားတူ တိုင္းေဒသႀကီးအစိုးရအဖြဲ႕အေနျဖင့္ ၿမိဳ႕နယ္မ်ားတြင္ မ်ိဳးေစ့ခ်ကိရိယာ ၈,၀၀၀ ပံ့ပိုးထားၿပီး ၂၀၂၄ ခုႏွစ္တြင္ seeder စနစ္ျဖင့္ ၈၅,၇၂၆ ဧက စိုက္ပ်ိဳးႏိုင္ခဲ့ေၾကာင္း၊ လက္ရွိ ၂၀၂၅ ခုႏွစ္တြင္ အဆိုပါ စနစ္ျဖင့္ပင္ ၁၀၆,၀၀၅ ဧက တိုး၍ စိုက္ပ်ိဳးႏိုင္ခဲ့ေၾကာင္း သိရသည္။
ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာ ေႏြစပါးကို ခ႐ိုင္ ၈ ခုတြင္ စိုက္ပ်ိဳးခဲ့ၾကၿပီး အဆိုပါ ခ႐ိုင္မ်ားအနက္ တြံေတးခ႐ိုင္တြင္ ေႏြစပါး ၉၁,၁၉၇ ဧကျဖင့္ အမ်ားဆုံးစိုက္ပ်ိဳးထားျခင္းျဖစ္ ေၾကာင္းသိရသည္။