အမဲသားသွားရောင်းသည့် အုပ်ချုပ်ရေးမှုး သေနတ်ဖြင့်ပစ်သတ်ခံရမှု နတ်မောက်မြို့တွင် ဖြစ်ပွား

1004
NP News - ဩဂုတ် ၅
အမဲသားသွားရောင်းသည့် အုပ်ချုပ်ရေးမှူးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု မကွေး တိုင်း၊ နတ်မောက်မြို့တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ ဩဂုတ်လ ၃ ရက်၊ နံနက် ၁၁နာရီ ၁၀မိနစ်အချိန်တွင် နတ်မောက်မြို့နယ်၊ ကျွန်းတောကျေးရွာအနီး ရွာမွန်-ကျောက်ပန်းတောင်းသွားကားလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
အဆိုပါ သေဆုံးသူအမျိုးသားသည် ဒန့်တလွန်ပင်ကျေးရွာမှ ရွှေပန်းတောကျေးရွာသို့ အမဲသားသွားရောင်းရန် ဆိုင်ကယ်ဖြင့် လမ်းအတိုင်းမောင်းနှင်လာစဉ် ကျွန်းတောကျေးရွာအနီး မိုင်တိုင်အမှတ် ၉မိုင် ၂ဖာလုံနှင့် ၃ဖာလုံအကြား အရောက်တွင် PDF အဖွဲ့အင်အား ၂ဦးမှ ဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒန့်တလွန်ပင်ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးဒေါင်းတင်(၅၆)နှစ်၏ နဖူး၊ ရင်ဘက်တို့တွင် ကျည်ဖောင်ဝင်ဒဏ်ရာ (၄)ချက်ဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ဩဂုတ်လ ၃ရက်၊ နံနက် ၉နာရီအချိန်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောင်ပလူးကျေးရွာ မီးသင်္ဂြိုဟ်စက်အနီးတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်က အသိပေးပြောကြားခဲ့သည်။
အဆိုပါသေဆုံးသူအမျိုးသားသည် ရင်ဘတ်နှင့်ကျောတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၂)ချက်၊ လည်ကုတ်စုတ်ပြဲဒဏ်ရာ (၂)ချက်တို့ဖြင့် သေဆုံးနေပြီး ၎င်းအနီးမှ AUSA 380 AUTO စာသားပါ ကျည်ခွံ ၁ခုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

zawgyi version
အမဲသားသြားေရာင္းသည့္ အုပ္ခ်ဳပ္ေရးမႈး ေသနတ္ျဖင့္ပစ္သတ္ခံရမႈ နတ္ေမာက္ၿမိဳ႕တြင္ ျဖစ္ပြား
NP News - ဩဂုတ္ ၅
အမဲသားသြားေရာင္းသည့္ အုပ္ခ်ဳပ္ေရးမႉးကို PDF အဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္မႈ မေကြး တိုင္း၊ နတ္ေမာက္ၿမိဳ႕တြင္ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ဩဂုတ္လ ၃ ရက္၊ နံနက္ ၁၁နာရီ ၁၀မိနစ္အခ်ိန္တြင္ နတ္ေမာက္ၿမိဳ႕နယ္၊ ကြၽန္းေတာေက်း႐ြာအနီး ႐ြာမြန္-ေက်ာက္ပန္းေတာင္းသြားကားလမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
အဆိုပါ ေသဆုံးသူအမ်ိဳးသားသည္ ဒန႔္တလြန္ပင္ေက်း႐ြာမွ ေ႐ႊပန္းေတာေက်း႐ြာသို႔ အမဲသားသြားေရာင္းရန္ ဆိုင္ကယ္ျဖင့္ လမ္းအတိုင္းေမာင္းႏွင္လာစဥ္ ကြၽန္းေတာေက်း႐ြာအနီး မိုင္တိုင္အမွတ္ ၉မိုင္ ၂ဖာလုံႏွင့္ ၃ဖာလုံအၾကား အေရာက္တြင္ PDF အဖြဲ႕အင္အား ၂ဦးမွ ဆိုင္ကယ္တစ္စီးျဖင့္ လိုက္ပါလာၿပီး ေသနတ္ျဖင့္ ပစ္ခတ္သြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ဒန႔္တလြန္ပင္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႈး ဦးေဒါင္းတင္(၅၆)ႏွစ္၏ နဖူး၊ ရင္ဘက္တို႔တြင္ က်ည္ေဖာင္ဝင္ဒဏ္ရာ (၄)ခ်က္ျဖင့္ အခင္းျဖစ္ပြားရာေနရာ၌ပင္ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
အလားတူ ဩဂုတ္လ ၃ရက္၊ နံနက္ ၉နာရီအခ်ိန္တြင္ စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕နယ္၊ ေတာင္ပလူးေက်း႐ြာ မီးသၿဂႋဳဟ္စက္အနီးတြင္ အမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သည့္ သတင္းရင္းျမစ္က အသိေပးေျပာၾကားခဲ့သည္။
အဆိုပါေသဆုံးသူအမ်ိဳးသားသည္ ရင္ဘတ္ႏွင့္ေက်ာတို႔တြင္ က်ည္ေဖာက္ဝင္ဒဏ္ရာ (၂)ခ်က္၊ လည္ကုတ္စုတ္ၿပဲဒဏ္ရာ (၂)ခ်က္တို႔ျဖင့္ ေသဆုံးေနၿပီး ၎အနီးမွ AUSA 380 AUTO စာသားပါ က်ည္ခြံ ၁ခုအား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္မ်ားမွ က်ဴးလြန္ခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီအျပစ္ေပးအေရးယူႏိုင္ေရး လုပ္ေဆာင္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထား သည္။