ဆိုင်ကယ်ဖြင့် မတော်တဆပွတ်တိုက်မိခဲ့သူအား ဓားဖြင့်ထိုးသတ်မှု အင်းစိန်မြို့နယ်၌ဖြစ်ပွား

 7486

သန့်ဇင် (NP News)-ဩဂုတ် ၆

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် တစ်ရပ်ကွက်တည်းသားချင်း ဆိုင်ကယ်နှင့် ပွတ်တိုက်မိရာမှ ဆိုင်ကယ်မောင်း သမားအား ဓားဖြင့်ထိုးခုတ်သတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန့်နေ့ ဩဂုတ်လ ၅ရက် ည ၁ဝ နာရီ ၃၅ မိနစ်အချိန်တွင် အင်းစိန်မြို့နယ်၊ ကမ်းနားအလယ် ရပ်ကွက် ရှိ လမ်းကြား၌ ဖြစ်ပွားခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။

“ဖြစ်တာက ဆိုင်ကယ်စီးတာကို လမ်းကနည်းနည်းကျဉ်းတော့ ပွတ်မိတာပေါ့နော်။ အဲဒါကို စကားများရင်းနဲ့ ဆိုင်ကယ်စီးလာတဲ့ကောင်လေးကို ဓားနဲ့ထိုးတာပေါ့” ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ဓားဖြင့်ထိုးသတ်ခံရမှုကြောင့် အထက်ပါရပ်ကွက်နေ အသက်(၂၅)နှစ် ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦး သည် ထိုးသွင်း ဒဏ်ရာတစ်ချက် ပြတ်ရှဒဏ်ရာ တစ်ချက်ဖြင့် အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။


“ဆိုင်ကယ်သမားကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ သွေးထွက်လွန်ပြီးတော့ သေသွားတာပါ။ ညာဘက်ရင်အုံရယ်။ ညာဘက် လည်ပင်းပြတ်ရှရယ် (၂)ချက်ပေါ့။ နောက်ပြီးတော့ သေဆုံးတဲ့ကောင်လေးရဲ့အမေလည်း လည်ပင်း ပြတ်ရှတစ်ချက်ပေါ့။ သူ့အမေကတော့ ဝင်ဆွဲရင်းဖြစ်တာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဓားဖြင့်ထိုးသတ်ခဲ့သော အမျိုးသားကို ဖမ်းဆီးရမိနိုင်ရေးအတွက် သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း နှင့် အသတ်ခံရသော အမျိုးသား၏ ရုပ်အလောင်းကို တွဲလက်လူမှုကူညီ ရေးအသင်းမှကားဖြင့် အင်းစိန်ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ဆိုင္ကယ္ျဖင့္ မေတာ္တဆပြတ္တိုက္မိခဲ့သူအား ဓားျဖင့္ထိုးသတ္မႈ အင္းစိန္ၿမိဳ႕နယ္၌ျဖစ္ပြား
သန႔္ဇင္ (NP News)-ဩဂုတ္ ၆

ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္တြင္ တစ္ရပ္ကြက္တည္းသားခ်င္း ဆိုင္ကယ္ႏွင့္ ပြတ္တိုက္မိရာမွ ဆိုင္ကယ္ေမာင္း သမားအား ဓားျဖင့္ထိုးခုတ္သတ္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယမန႔္ေန႔ ဩဂုတ္လ ၅ရက္ ည ၁ဝ နာရီ ၃၅ မိနစ္အခ်ိန္တြင္ အင္းစိန္ၿမိဳ႕နယ္၊ ကမ္းနားအလယ္ ရပ္ကြက္ ရွိ လမ္းၾကား၌ ျဖစ္ပြားခဲ့ေၾကာင္း တြဲလက္လူမႈကူညီေရးအသင္းထံမွ သိရသည္။

“ျဖစ္တာက ဆိုင္ကယ္စီးတာကို လမ္းကနည္းနည္းက်ဥ္းေတာ့ ပြတ္မိတာေပါ့ေနာ္။ အဲဒါကို စကားမ်ားရင္းနဲ႔ ဆိုင္ကယ္စီးလာတဲ့ေကာင္ေလးကို ဓားနဲ႔ထိုးတာေပါ့” ဟု တြဲလက္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ဓားျဖင့္ထိုးသတ္ခံရမႈေၾကာင့္ အထက္ပါရပ္ကြက္ေန အသက္(၂၅)ႏွစ္ ဝန္းက်င္အ႐ြယ္ရွိ အမ်ိဳးသားတစ္ဦး သည္ ထိုးသြင္း ဒဏ္ရာတစ္ခ်က္ ျပတ္ရွဒဏ္ရာ တစ္ခ်က္ျဖင့္ အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။


“ဆိုင္ကယ္သမားကေတာ့ အခင္းျဖစ္တဲ့ေနရာမွာပဲ ေသြးထြက္လြန္ၿပီးေတာ့ ေသသြားတာပါ။ ညာဘက္ရင္အုံရယ္။ ညာဘက္ လည္ပင္းျပတ္ရွရယ္ (၂)ခ်က္ေပါ့။ ေနာက္ၿပီးေတာ့ ေသဆုံးတဲ့ေကာင္ေလးရဲ႕အေမလည္း လည္ပင္း ျပတ္ရွတစ္ခ်က္ေပါ့။ သူ႔အေမကေတာ့ ဝင္ဆြဲရင္းျဖစ္တာပါ” ဟု ၎က ဆက္လက္ေျပာသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ဓားျဖင့္ထိုးသတ္ခဲ့ေသာ အမ်ိဳးသားကို ဖမ္းဆီးရမိႏိုင္ေရးအတြက္ သက္ဆိုင္ရာက စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္း ႏွင့္ အသတ္ခံရေသာ အမ်ိဳးသား၏ ႐ုပ္အေလာင္းကို တြဲလက္လူမႈကူညီ ေရးအသင္းမွကားျဖင့္ အင္းစိန္ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.