တာချီလိတ်တွင် ၁ ဘီလျံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များဖမ်းဆီးရမိပြီး ကွင်းဆက်များအားဆက်လက်ဖော်ထုတ်နေ

531

Pearl (NP News) - အောက်တိုဘာ ၉
တာချီလိတ်တွင် ၁ ဘီလျံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များဖမ်းဆီးရမိပြီး ကွင်းဆက်များအားဆက်လက်ဖော်ထုတ်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာ (၄) ရက်၊ နံနက် (၉) နာရီခန့်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာ အုပ်စု၊ မယ်ယန်းကျေးရွာရှိ စိုင်းရှဲန်တွီ၏ နေအိမ်အားသတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ ရှာဖွေရာ စိုင်းရှဲန်တွီ၊ ဖိလစ်(ခ)အကိန်၊ အိုက်မောင်၊ စိုင်းဝန်း၊ အိုက်အွန်ကျောက်၊ စိုင်းရှဲန်ဖနှင့် စိုင်းလောင်နွဲ့တို့ ၇ ဦးကို အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၇ ကီလို (ခန့်မှန်းတန်ဖိုးငွေကျပ် ၁ ဒသမ ၆၅၆ ဘီလီယံ)၊ TOYOTA FORTUNER ယာဉ်တစ်စီး၊ HONDA CIVIC ယာဉ် တစ်စီး၊ TOYOTA CROWN ယာဉ်တစ်စီး၊ ISUZU D-MAX ယာဉ် တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ၏ ပိုင်ရှင်ဖြစ်သူ စိုင်းမွန်းနေထိုင်သည့် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာရှိ နေအိမ်အား နံနက် (၁၀) ခွဲခန့်တွင် ဝင်ရောက်ရှာဖွေရာ စိုင်းမွန်းမှာ တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများ အား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
တာခ်ီလိတ္တြင္ ၁ ဘီလ်ံေက်ာ္ တန္ဖိုးရွိ အိုက္စ္(မက္သ္အဖက္တမင္း)မ်ားဖမ္းဆီးရမိၿပီး ကြင္းဆက္မ်ားအားဆက္လက္ေဖာ္ထုတ္ေန
Pearl (NP News) - ေအာက္တိုဘာ ၉
တာခ်ီလိတ္တြင္ ၁ ဘီလ်ံေက်ာ္ တန္ဖိုးရွိ အိုက္စ္(မက္သ္အဖက္တမင္း)မ်ားဖမ္းဆီးရမိၿပီး ကြင္းဆက္မ်ားအားဆက္လက္ေဖာ္ထုတ္ေနေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာပူးေပါင္းအဖြဲ႕သည္ ၿပီးခဲ့သည့္ ေအာက္တိုဘာ (၄) ရက္၊ နံနက္ (၉) နာရီခန႔္က ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ ဖန္မင္ေက်း႐ြာ အုပ္စု၊ မယ္ယန္းေက်း႐ြာရွိ စိုင္းရွဲန္တြီ၏ ေနအိမ္အားသတင္းအရ ဝင္ေရာက္ရွာေဖြခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ရွာေဖြရာ စိုင္းရွဲန္တြီ၊ ဖိလစ္(ခ)အကိန္၊ အိုက္ေမာင္၊ စိုင္းဝန္း၊ အိုက္အြန္ေက်ာက္၊ စိုင္းရွဲန္ဖႏွင့္ စိုင္းေလာင္ႏြဲ႕တို႔ ၇ ဦးကို အိုက္စ္(မက္သ္အဖက္တမင္း) ၂၀၇ ကီလို (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၁ ဒသမ ၆၅၆ ဘီလီယံ)၊ TOYOTA FORTUNER ယာဥ္တစ္စီး၊ HONDA CIVIC ယာဥ္ တစ္စီး၊ TOYOTA CROWN ယာဥ္တစ္စီး၊ ISUZU D-MAX ယာဥ္ တစ္စီးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ကြင္းဆက္စစ္ေဆးေဖာ္ထုတ္ခ်က္အရ ဖမ္းဆီးရမိ အိုက္စ္(မက္သ္အဖက္တမင္း)မ်ား၏ ပိုင္ရွင္ျဖစ္သူ စိုင္းမြန္းေနထိုင္သည့္ တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(ခ)ေက်း႐ြာအုပ္စု၊ ဟိုခိုေက်း႐ြာရွိ ေနအိမ္အား နံနက္ (၁၀) ခြဲခန႔္တြင္ ဝင္ေရာက္ရွာေဖြရာ စိုင္းမြန္းမွာ တိမ္းေရွာင္လ်က္ရွိေၾကာင္း သိရသည္။
အဆိုပါ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသူမ်ားအား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈ က်ဴးလြန္သူမ်ား အား ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။