ရုရှားက(၅ ဒသမ ၅) တန်ရှိဒုံးကျည်များ အသုံးပြုတိုက်ခိုက်နေကြောင်း ဗြိတိန်အစိုးရပြော

3105

Pika (NP News) - သြဂုတ် ၇
ရုရှားသည် ပင်လယ်နက်ကို ဖြတ်သန်း၍ သီးနှံတင်ပို့မှုသဘောတူညီချက်မှ နှုတ်ထွက်ပြီးနောက် ယူကရိန်း၏ အခြေခံအဆောက်အဦးများနှင့် ဆန်စပါးသယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ပစ်မှတ်ထားရန်အတွက် ၎င်း၏ အကောင်းဆုံးလက်နက်များကို အသုံးပြုနေကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ရုရှားသည် ဇူလိုင်လ(၁၇)ရက်တွင် ပင်လယ်နက်သီးနှံတင်ပို့မှုသဘောတူညီချက်မှ နှုတ်ထွက်ပြီးနောက် ယူကရိန်းရှိ Odesa ဆိပ်ကမ်းမြို့တွင် ဆန်စပါးသိုလှောင်မှုများနှင့် ပို့ကုန်အခြေခံအဆောက်အဦးများအတွက် ထိခိုက်မှုများရှိခဲ့ ကြောင်း သိရသည်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန က "ရုရှားဖက်က တိုက်ခိုက်မှုတွေမှာ လေယာဉ်တင်သင်္ဘောတွေကို ဖျက်ဆီးဖို့ ဒီဇိုင်းထုတ်ထားတဲ့ (၅ ဒသမ ၅) တန်ရှိတဲ့ AS-4 Kitchen ဒုံးကျည်တွေလည်း ပါဝင်ပါတယ်" ဟု ပြောခဲ့သည်။
ရုရှားသည် အဆိုပါဒုံးကျည်များဖြင့် Danube မြစ်တစ်လျှောက် ဆိပ်ကမ်းများကို တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း Chornomorsk ဆိပ်ကမ်းရှိ ဆန်စပါး အများအပြား ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုများကြောင့် ဆန်စပါးတန်ထောင်ချီ ပျက်စီးခဲ့သလို စပါးဈေးများမြင့်တက်လာခဲ့ပြီး ယူကရိန်း၏ ထောက်ပံ့မှုများအပေါ် မှီခိုနေရသော အာဖရိကနိုင်ငံများရှိ လူထောင်ပေါင်းများစွာအတွက် အခက်အခဲများရှိစေခဲ့ကြောင်း သိရသည်။
AS-4 Kitchen ဒုံးကျည်သည် (၅ ဒသမ ၅) တန်ရှိသည့် ဒုံးကျည်တစ်ခုဖြစ်ပြီး ဆိုဗီယက်ခေတ်လက်နက်တစ်ခု ဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါဒုံးကျည်တွင် နျူကလီးယားထိပ်ဖူးအစား ပြင်းထန်သည့် ဖောက်ခွဲရေးပစ္စည်း များကို ထည့်သွင်းထားကြောင်း သိရသည်။ AS-4 Kitchen ဒုံးကျည်သည် မြေပြင်ရှိရန်သူ့ပစ်မှတ်များကို ထိထိ ရောက်ရောက်ပျက်စီးမှုများရှိစေနိုင်သည့်ဒုံးကျည်တစ်ခုလည်းဖြစ်သည်။
အဆိုပါ ဒုံးကျည်၏ ပေါက်ကွဲမှု၏အချင်းဝက်သည် မီတာရာပေါင်းများစွာအထိ ကျယ်ပြန့်ပြီး အကွာအဝေးတွင် ရှိသော အဆောက်အဦးများ၊ မော်တော်ယာဉ်များ နှင့် လူများကို ဆိုးဆိုးရွားရွား ထိခိုက်မှုများရှိစေကြောင်း သိရသည်။ AS-4 Kitchen ဒုံးကျည်များကို ရန်သူ့စစ်လက်နက်များ၊ လေယာဉ်ကွင်းများ၊ ဆိပ်ကမ်းများ နှင့် အခြားသော မဟာဗျူဟာမြောက် ပစ်မှတ်များကို တိုက်ခိုက်ရန် အများဆုံးအသုံးပြုကြကြောင်း သိရသည်။

Zawgyi Version;
႐ုရွားက(၅ ဒသမ ၅) တန္ရွိဒုံးက်ည္မ်ား အသုံးျပဳတိုက္ခိုက္ေနေၾကာင္း ၿဗိတိန္အစိုးရေျပာ
Pika (NP News) - ၾသဂုတ္ ၇
႐ုရွားသည္ ပင္လယ္နက္ကို ျဖတ္သန္း၍ သီးႏွံတင္ပို႔မႈသေဘာတူညီခ်က္မွ ႏႈတ္ထြက္ၿပီးေနာက္ ယူကရိန္း၏ အေျခခံအေဆာက္အဦးမ်ားႏွင့္ ဆန္စပါးသယ္ယူပို႔ေဆာင္ေရးလုပ္ငန္းမ်ားကို ပစ္မွတ္ထားရန္အတြက္ ၎၏ အေကာင္းဆုံးလက္နက္မ်ားကို အသုံးျပဳေနေၾကာင္း ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။
႐ုရွားသည္ ဇူလိုင္လ(၁၇)ရက္တြင္ ပင္လယ္နက္သီးႏွံတင္ပို႔မႈသေဘာတူညီခ်က္မွ ႏႈတ္ထြက္ၿပီးေနာက္ ယူကရိန္းရွိ Odesa ဆိပ္ကမ္းၿမိဳ႕တြင္ ဆန္စပါးသိုေလွာင္မႈမ်ားႏွင့္ ပို႔ကုန္အေျခခံအေဆာက္အဦးမ်ားအတြက္ ထိခိုက္မႈမ်ားရွိခဲ့ ေၾကာင္း သိရသည္။
ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာန က "႐ုရွားဖက္က တိုက္ခိုက္မႈေတြမွာ ေလယာဥ္တင္သေဘၤာေတြကို ဖ်က္ဆီးဖို႔ ဒီဇိုင္းထုတ္ထားတဲ့ (၅ ဒသမ ၅) တန္ရွိတဲ့ AS-4 Kitchen ဒုံးက်ည္ေတြလည္း ပါဝင္ပါတယ္" ဟု ေျပာခဲ့သည္။
႐ုရွားသည္ အဆိုပါဒုံးက်ည္မ်ားျဖင့္ Danube ျမစ္တစ္ေလွ်ာက္ ဆိပ္ကမ္းမ်ားကို တိုက္ခိုက္ခဲ့ၿပီး တိုက္ခိုက္မႈအတြင္း Chornomorsk ဆိပ္ကမ္းရွိ ဆန္စပါး အမ်ားအျပား ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း သိရသည္။ တိုက္ခိုက္မႈမ်ားေၾကာင့္ ဆန္စပါးတန္ေထာင္ခ်ီ ပ်က္စီးခဲ့သလို စပါးေဈးမ်ားျမင့္တက္လာခဲ့ၿပီး ယူကရိန္း၏ ေထာက္ပံ့မႈမ်ားအေပၚ မွီခိုေနရေသာ အာဖရိကႏိုင္ငံမ်ားရွိ လူေထာင္ေပါင္းမ်ားစြာအတြက္ အခက္အခဲမ်ားရွိေစခဲ့ေၾကာင္း သိရသည္။
AS-4 Kitchen ဒုံးက်ည္သည္ (၅ ဒသမ ၅) တန္ရွိသည့္ ဒုံးက်ည္တစ္ခုျဖစ္ၿပီး ဆိုဗီယက္ေခတ္လက္နက္တစ္ခု ျဖစ္ေၾကာင္းလည္း သိရသည္။ အဆိုပါဒုံးက်ည္တြင္ န်ဴကလီးယားထိပ္ဖူးအစား ျပင္းထန္သည့္ ေဖာက္ခြဲေရးပစၥည္း မ်ားကို ထည့္သြင္းထားေၾကာင္း သိရသည္။ AS-4 Kitchen ဒုံးက်ည္သည္ ေျမျပင္ရွိရန္သူ႔ပစ္မွတ္မ်ားကို ထိထိ ေရာက္ေရာက္ပ်က္စီးမႈမ်ားရွိေစႏိုင္သည့္ဒုံးက်ည္တစ္ခုလည္းျဖစ္သည္။
အဆိုပါ ဒုံးက်ည္၏ ေပါက္ကြဲမႈ၏အခ်င္းဝက္သည္ မီတာရာေပါင္းမ်ားစြာအထိ က်ယ္ျပန႔္ၿပီး အကြာအေဝးတြင္ ရွိေသာ အေဆာက္အဦးမ်ား၊ ေမာ္ေတာ္ယာဥ္မ်ား ႏွင့္ လူမ်ားကို ဆိုးဆိုး႐ြား႐ြား ထိခိုက္မႈမ်ားရွိေစေၾကာင္း သိရသည္။ AS-4 Kitchen ဒုံးက်ည္မ်ားကို ရန္သူ႔စစ္လက္နက္မ်ား၊ ေလယာဥ္ကြင္းမ်ား၊ ဆိပ္ကမ္းမ်ား ႏွင့္ အျခားေသာ မဟာဗ်ဴဟာေျမာက္ ပစ္မွတ္မ်ားကို တိုက္ခိုက္ရန္ အမ်ားဆုံးအသုံးျပဳၾကေၾကာင္း သိရသည္။