ရေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှုကို အမေရိကန်နှင့်ဖိလစ်ပိုင်တို့ပြုလုပ်

191

Pika (NP News) - ဇွန် ၆
အမေရိကန်နှင့် ဖိလစ်ပိုင်တို့သည် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက် တောင်တရုတ်ပင်လယ်အတွင်း ရေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့သည်။ Occidental Mindoroနှင့် Zambales ပြည်နယ်များရှိ ရေပြင်တွင်လုပ်ဆောင်ခဲ့သော စစ်ရေးလေ့ကျင့်မှုများတွင် ကမ်းရိုးတန်းအနီးပူးတွဲဆောင်ရွက်မှုများအပါအဝင် မီးသတ်ဆိုင်ရာထောက်ပံ့မှုများလည်းပါဝင်ကြောင်းသိရသည်။
ဖိလစ်ပိုင်စစ်တပ်က "အမေရိကန်နဲ့ဖိလစ်ပိုင်ကြား ရေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ နိုင်ငံတကာဥပဒေနဲ့ကိုက်ညီပြီး အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ နှစ်နိုင်ငံစလုံးရဲ့ ကတိကဝတ်တွေကို သက်သေပြလိုက်တာမျိုးပဲဖြစ်ပါတယ်”ဟု ပြောဆိုခဲ့သည်။ အဆိုပါပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း ပြီးခဲ့သည့်လက တာဝန်ပေးအပ်ခဲ့သော အရှည်(၁၁၈)မီတာရှိသည့် ဖိလစ်ပိုင်ပဲ့ထိန်းဒုံးကျည်ဖရီးဂိတ်သင်္ဘောကိုလည်း ပြသခဲ့ကြောင်းသိရသည်။ အဆိုပါသင်္ဘောသည် ဖိလစ်ပိုင်၏စစ်ဘက်ဆိုင်ရာ ခေတ်မီမှုအစီအစဉ်အောက်တွင် တောင်ကိုရီးယား၏ Hyundai Heavy Industries မှ တည်ဆောက်ခဲ့သော သင်္ဘောနှစ်စင်းထဲမှ တစ်စင်းဖြစ်ကြောင်းလည်းသိရသည်။
တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုများကြီးထွားလာမှုနှင့်အတူ အမေရိကန်နှင့် ဖိလစ်ပိုင်ကြား စစ်ဘက်ဆိုင်ရာဆက်ဆံရေးများသည် ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာလက်ထက်တွင် ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းပိုင်ဆိုင်ကြောင်း တရုတ်ဘက်က အခိုင်အမာပြောဆိုထားသလို ဘရူနိုင်း၊အင်ဒိုနီးရှား၊မလေးရှား၊ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့ကလည်း တောင်တရုတ်ပင်လယ်အတွင်း တစ်စိတ်တစ်ပိုင်းကို ၎င်းတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထားကြသည်။
zawgyi version
ေရေၾကာင္းပူးတြဲစစ္ေရးေလ့က်င့္မႈကို အေမရိကန္ႏွင့္ဖိလစ္ပိုင္တို႔ျပဳလုပ္
Pika (NP News) - ဇြန္ ၆
အေမရိကန္ႏွင့္ ဖိလစ္ပိုင္တို႔သည္ ႏွစ္ႏိုင္ငံၾကားပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ျမႇင့္တင္ရန္အတြက္ ေတာင္တ႐ုတ္ပင္လယ္အတြင္း ေရေၾကာင္းပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားကို လုပ္ေဆာင္ခဲ့ေၾကာင္း ဖိလစ္ပိုင္စစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့သည္။ Occidental Mindoroႏွင့္ Zambales ျပည္နယ္မ်ားရွိ ေရျပင္တြင္လုပ္ေဆာင္ခဲ့ေသာ စစ္ေရးေလ့က်င့္မႈမ်ားတြင္ ကမ္း႐ိုးတန္းအနီးပူးတြဲေဆာင္႐ြက္မႈမ်ားအပါအဝင္ မီးသတ္ဆိုင္ရာေထာက္ပံ့မႈမ်ားလည္းပါဝင္ေၾကာင္းသိရသည္။
ဖိလစ္ပိုင္စစ္တပ္က "အေမရိကန္နဲ႔ဖိလစ္ပိုင္ၾကား ေရေၾကာင္းပူးတြဲစစ္ေရးေလ့က်င့္မႈဟာ ႏိုင္ငံတကာဥပေဒနဲ႔ကိုက္ညီၿပီး အျပန္အလွန္ပူးေပါင္းေဆာင္႐ြက္မႈကို ျမႇင့္တင္ဖို႔ ႏွစ္ႏိုင္ငံစလုံးရဲ႕ ကတိကဝတ္ေတြကို သက္ေသျပလိုက္တာမ်ိဳးပဲျဖစ္ပါတယ္”ဟု ေျပာဆိုခဲ့သည္။ အဆိုပါပူးတြဲစစ္ေရးေလ့က်င့္မႈအတြင္း ၿပီးခဲ့သည့္လက တာဝန္ေပးအပ္ခဲ့ေသာ အရွည္(၁၁၈)မီတာရွိသည့္ ဖိလစ္ပိုင္ပဲ့ထိန္းဒုံးက်ည္ဖရီးဂိတ္သေဘၤာကိုလည္း ျပသခဲ့ေၾကာင္းသိရသည္။ အဆိုပါသေဘၤာသည္ ဖိလစ္ပိုင္၏စစ္ဘက္ဆိုင္ရာ ေခတ္မီမႈအစီအစဥ္ေအာက္တြင္ ေတာင္ကိုရီးယား၏ Hyundai Heavy Industries မွ တည္ေဆာက္ခဲ့ေသာ သေဘၤာႏွစ္စင္းထဲမွ တစ္စင္းျဖစ္ေၾကာင္းလည္းသိရသည္။
ေတာင္တ႐ုတ္ပင္လယ္တြင္ တ႐ုတ္ႏိုင္ငံ၏ ဩဇာလႊမ္းမိုးမႈမ်ားႀကီးထြားလာမႈႏွင့္အတူ အေမရိကန္ႏွင့္ ဖိလစ္ပိုင္ၾကား စစ္ဘက္ဆိုင္ရာဆက္ဆံေရးမ်ားသည္ ဖိလစ္ပိုင္သမၼတဖာဒီနန္မားကို႔စ္ဂ်ဴနီယာလက္ထက္တြင္ ပိုမိုျမင့္တက္လာခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ေတာင္တ႐ုတ္ပင္လယ္တစ္ခုလုံးနီးပါးကို ၎ပိုင္ဆိုင္ေၾကာင္း တ႐ုတ္ဘက္က အခိုင္အမာေျပာဆိုထားသလို ဘ႐ူႏိုင္း၊အင္ဒိုနီးရွား၊မေလးရွား၊ဖိလစ္ပိုင္ႏွင့္ ဗီယက္နမ္တို႔ကလည္း ေတာင္တ႐ုတ္ပင္လယ္အတြင္း တစ္စိတ္တစ္ပိုင္းကို ၎တို႔ပိုင္ဆိုင္ေၾကာင္း အခိုင္အမာေျပာဆိုထားၾကသည္။