ဘီလျံနာအီလွန်မတ်ပိုင်ကုမ္ပဏီများ နှင့် အမေရိကန်အစိုးရကြား ချုပ်ဆိုထားသည့်စာချုပ်များကို ဖျက်သိမ်းမည်ဟု အမေရိကန်သမ္မတ ခြိမ်းခြောက်

 654

ဂျန်ဇက် (NP News) - ဇွန် ၆

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ကမ္ဘာကျော်ဘီလျံနာ အီလွန်မတ် နှင့် အငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက် အီလွန်မတ်ပိုင်ကုမ္ပဏီများနှင့် အမေရိကန်အစိုးရကြား ချုပ်ဆိုထားသည့်စာချုပ်များကို ဖြတ်တောက်ပစ်မည်ဟု ခြိမ်းခြောက်လိုက်ကြောင်းသိရသည်။ အီလွန်မတ်သည် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရစေရန် ကူညီပေးခဲ့သူများတွင် ပါဝင်ခဲ့သလို ဒေါ်နယ်ထရမ့်ဦးဆောင်သော အမေရိကန်အစိုးရအဖွဲ့အသစ် တွင်လည်း အစိုးရဌာနများ စွမ်းဆောင်ရည်အကဲဖြတ်ရေးဌာနအကြီးအကဲအဖြစ် တာဝန်ယူခဲ့သည်။
သို့သော်လည်း အီလွန်မတ်သည် ပြီးခဲ့သောလအတွင်း ဒေါ်နယ်ထရမ့် ဦးဆောင်သော အမေရိကန်အစိုးရအဖွဲ့ အတွင်း ပါဝင်နေခြင်းကို အဆုံးသတ်ခဲ့ကြောင်း သိရသည်။ ဒေါ်နယ်ထရမ့် နှင့် အီလွန်မတ်တို့သည် လက်ရှိအချိန် တွင် လူမူကွန်ရက်အတွင်း အပြန်အလှန်ဝေဖန်တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေပြီး အီလွန်မတ်က ဒေါ်နယ်ထရမ့် ကို စွပ်စွဲပြစ်တင်ရမည်ဟု တိုက်တွန်းတောင်းဆိုခဲ့သည်။ ဒေါ်နယ်ထရမ့်သည် အမေရိကန်အစိုးရအဖွဲ့အတွင်း အီလွန်မတ် ပါဝင်ဆောင်ရွက်ချိန်အတွင်း ဝေဖန်မှုများလုပ်ဆောင်ခဲ့ပြီးနောက် နှစ်ဦးကြား စကားလုံးတိုက်ပွဲများ ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒေါ်နယ်ထရမ့်က "ကျွန်တော်တို့ရဲ့ဘတ်ဂျက်ငွေတွေကို စုစည်းသိမ်းဆည်း နိုင်အောင် အလွယ်ကူဆုံးနည်းလမ်းက အီလွန်မတ် ဦးဆောင်နေတဲ့ကုမ္ပဏီတွေနဲ့ချုပ်ဆိုထားတဲ့ စာချုပ်တွေကို ဖျက်သိမ်းပစ်ရမယ်'' ဟု ပြောသည်။
အီလွန်မတ် နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ကြား အငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက် အီလွန်မတ် ပိုင်ဆိုင်ထားသော လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် Tesla ၏ ရှယ်ယာများ ၁၄ ဒသမ ၃ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၅၀ ဘီလျံအထိ ဆုံးရှုံးနစ်နာမှုများရှိခဲ့ရာ ကုမ္ပဏီ၏သမိုင်းတွင် တစ်ရက် အတွင်း ရှယ်ယာနှုန်းအကြီးမားဆုံးကျဆင်းမှုဖြစ်ခဲ့သည်။
ဒေါ်နယ်ထရမ့်က "အီလွန်မတ်ရဲ့ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး စိတ်ပျက်ရတယ်။ အီလွန်မတ်နဲ့ ကျွန်တော် အကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိခဲ့ဖူးတယ်။ ဒါပေမယ့်ကျွန်တော်တို့ နှစ်ဦးကြား ဘာတွေဆက်လက်ဖြစ် လာမလဲဆိုတာကို မသိသေးဘူး'' ဟု ပြောသည်။
အီလွန်မတ်သည် ဒေါ်နယ်ထရမ့်ကို စွပ်စွဲပြစ်တင်ရန် တောင်းဆိုခဲ့သော်လည်း လက်တွေ့ဖြစ်လာရန် အလားအလာနည်းကြောင်း သိရသည်။ အမေရိကန်အောက်လွှတ်တော် နှင့် အထက်လွှတ်တော်တို့တွင် ဒေါ်နယ်ထရမ့် ၏ ရီပတ်ဘလီကန်ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များ နေရာများ စုရရှိထားသည့်အတွက် ဒေါ်နယ်ထရမ့်ကို စွပ်စွဲပြစ်တင်ရန် အလားလာနည်းနေကြောင်း သိရသည်။

Zawgyi Version:
ဘီလ်ံနာအီလြန္မတ္ပိုင္ကုမၸဏီမ်ား ႏွင့္ အေမရိကန္အစိုးရၾကား ခ်ဳပ္ဆိုထားသည့္စာခ်ဳပ္မ်ားကို ဖ်က္သိမ္းမည္ဟု အေမရိကန္သမၼတ ၿခိမ္းေျခာက္
ဂ်န္ဇက္ (NP News) - ဇြန္ ၆
အေမရိကန္သမၼတေဒၚနယ္ထရမ့္သည္ ကမာၻေက်ာ္ဘီလ်ံနာ အီလြန္မတ္ ႏွင့္ အျငင္းပြားမႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ အီလြန္မတ္ပိုင္ကုမၸဏီမ်ားႏွင့္ အေမရိကန္အစိုးရၾကား ခ်ဳပ္ဆိုထားသည့္စာခ်ဳပ္မ်ားကို ျဖတ္ေတာက္ပစ္မည္ဟု ၿခိမ္းေျခာက္လိုက္ေၾကာင္းသိရသည္။ အီလြန္မတ္သည္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲတြင္ ေဒၚနယ္ထရမ့္ အႏိုင္ရေစရန္ ကူညီေပးခဲ့သူမ်ားတြင္ ပါဝင္ခဲ့သလို ေဒၚနယ္ထရမ့္ဦးေဆာင္ေသာ အေမရိကန္အစိုးရအဖြဲ႕အသစ္ တြင္လည္း အစိုးရဌာနမ်ား စြမ္းေဆာင္ရည္အကဲျဖတ္ေရးဌာနအႀကီးအကဲအျဖစ္ တာဝန္ယူခဲ့သည္။
သို႔ေသာ္လည္း အီလြန္မတ္သည္ ၿပီးခဲ့ေသာလအတြင္း ေဒၚနယ္ထရမ့္ ဦးေဆာင္ေသာ အေမရိကန္အစိုးရအဖြဲ႕ အတြင္း ပါဝင္ေနျခင္းကို အဆုံးသတ္ခဲ့ေၾကာင္း သိရသည္။ ေဒၚနယ္ထရမ့္ ႏွင့္ အီလြန္မတ္တို႔သည္ လက္ရွိအခ်ိန္ တြင္ လူမူကြန္ရက္အတြင္း အျပန္အလွန္ေဝဖန္တိုက္ခိုက္ျခင္းမ်ား လုပ္ေဆာင္ေနၿပီး အီလြန္မတ္က ေဒၚနယ္ထရမ့္ ကို စြပ္စြဲျပစ္တင္ရမည္ဟု တိုက္တြန္းေတာင္းဆိုခဲ့သည္။ ေဒၚနယ္ထရမ့္သည္ အေမရိကန္အစိုးရအဖြဲ႕အတြင္း အီလြန္မတ္ ပါဝင္ေဆာင္႐ြက္ခ်ိန္အတြင္း ေဝဖန္မႈမ်ားလုပ္ေဆာင္ခဲ့ၿပီးေနာက္ ႏွစ္ဦးၾကား စကားလုံးတိုက္ပြဲမ်ား ျဖစ္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ေဒၚနယ္ထရမ့္က "ကြၽန္ေတာ္တို႔ရဲ႕ဘတ္ဂ်က္ေငြေတြကို စုစည္းသိမ္းဆည္း ႏိုင္ေအာင္ အလြယ္ကူဆုံးနည္းလမ္းက အီလြန္မတ္ ဦးေဆာင္ေနတဲ့ကုမၸဏီေတြနဲ႔ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ေတြကို ဖ်က္သိမ္းပစ္ရမယ္'' ဟု ေျပာသည္။
အီလြန္မတ္ ႏွင့္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္တို႔ၾကား အျငင္းပြားမႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ အီလြန္မတ္ ပိုင္ဆိုင္ထားေသာ လွ်ပ္စစ္ကားထုတ္လုပ္ေရးကုမၸဏီျဖစ္သည့္ Tesla ၏ ရွယ္ယာမ်ား ၁၄ ဒသမ ၃ ရာခိုင္ႏႈန္းအထိ က်ဆင္းလာခဲ့ၿပီး အေမရိကန္ေဒၚလာ ၁၅၀ ဘီလ်ံအထိ ဆုံးရႈံးနစ္နာမႈမ်ားရွိခဲ့ရာ ကုမၸဏီ၏သမိုင္းတြင္ တစ္ရက္ အတြင္း ရွယ္ယာႏႈန္းအႀကီးမားဆုံးက်ဆင္းမႈျဖစ္ခဲ့သည္။
ေဒၚနယ္ထရမ့္က "အီလြန္မတ္ရဲ႕ေျပာဆိုခ်က္ေတြနဲ႔ပတ္သက္ၿပီး စိတ္ပ်က္ရတယ္။ အီလြန္မတ္နဲ႔ ကြၽန္ေတာ္ အၾကားမွာ ေကာင္းမြန္တဲ့ဆက္ဆံေရးေတြရွိခဲ့ဖူးတယ္။ ဒါေပမယ့္ကြၽန္ေတာ္တို႔ ႏွစ္ဦးၾကား ဘာေတြဆက္လက္ျဖစ္ လာမလဲဆိုတာကို မသိေသးဘူး'' ဟု ေျပာသည္။
အီလြန္မတ္သည္ ေဒၚနယ္ထရမ့္ကို စြပ္စြဲျပစ္တင္ရန္ ေတာင္းဆိုခဲ့ေသာ္လည္း လက္ေတြ႕ျဖစ္လာရန္ အလားအလာနည္းေၾကာင္း သိရသည္။ အေမရိကန္ေအာက္လႊတ္ေတာ္ ႏွင့္ အထက္လႊတ္ေတာ္တို႔တြင္ ေဒၚနယ္ထရမ့္ ၏ ရီပတ္ဘလီကန္ပါတီ၏ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေနရာမ်ား စုရရွိထားသည့္အတြက္ ေဒၚနယ္ထရမ့္ကို စြပ္စြဲျပစ္တင္ရန္ အလားလာနည္းေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.