အိန္ဒိယလေတပ်က ရုရှားနိုင်ငံထုတ် MiG-29 တိုက်လေယာဉ်တွေကို နိုင်ငံမြောက်ပိုင်းလုံခြုံရေးပိုမိုကောင်းမွန်စေဖို့ ဖြန့်ကြတ်ချထား

701
ဂျန်ဇက် (NP News) - ဩဂုတ် ၁၄
အိန္ဒိယ အစိုးရဟာ ရုရှားနိုင်ငံထုတ် MiG-29 တိုက်လေယာဉ်တွေကို နိုင်ငံမြောက်ပိုင်း လုံခြုံရေးကိုစောင့်ကြည့် ဟန့်တားဖို့ ဖြန့်ကြတ်ချထားလိုက်ကြောင်းသိရပါတယ်။

အိန္ဒိယအစိုးရဟာ တရုတ် ဒါမှမဟုတ် ပါကစ္စတန် နိုင်ငံတို့ထံကနေ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ခြိမ်းခြောက်မှုတွေကို ကာကွယ်မှုပိုင်း ပိုမိုကောင်းမွန်စေဖို့တိုက်လေယာဉ်တွေဖြန့်ကြတ်ချထားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ရုရှားနိုင်ငံထုတ် MiG-29 အမျိုးအစားတိုက်လေယာဉ်တွေဟာ MiG-21 အမျိုးအစား တိုက် လေယာဉ်တွေနေရာမှာအစားထိုးထားတဲ့ တိုက်လေယာဉ်တွေဖြစ်ပြီး ဂျမ်မူး နဲ့ ကက်ရှ်မီးယားဒေသရှိ လေတပ်အခြေစိုက်စခန်းတွေမှာ တပ်စွဲထားကြောင်းသိရပါတယ်။
အဆိုပါ MiG-29 တိုက်လေယာဉ်တွေကို ဒီနှစ်ဇန်နဝါရီလကတည်းက အဆိုပါ ဒေသများရှိ လေတပ်အခြေ စိုက်စခန်းတွေမှာ တပ်စွဲဖြန့်ကြတ်ချထားခဲ့တာဖြစ်ပြီး ကက်ရှ်မီးယားဒေသနဲ့ Ladakh ဒေသတွေကို ကင်းလှည့်မှုတွေလုပ်ဆောင်နေရကြောင်းသိရပါတယ်။ ဒါ့ပြင် အဆိုပါတိုက်လေယာဉ်တွေဟာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကလေကြောင်းပိုင်နက်ကျူးကျော်မှုတွေရှိလာမယ်ဆိုရင် ချက်ချင်းတုံ့ပြန်နိုင်ဖွယ်ရှိနေကြောင်းသိရပါတယ်။ အိန္ဒိယ နဲ့ တရုတ်နိုင်ငံဟာ ပိုင်နက်နယ်မြေအငြင်းပွားနေတဲ့ Galwan ဒေသမှာ ၂၀၂၀ ခုနှစ်က ထိပ်တိုက်တွေ့ဆုံခဲ့ပြီးနောက် အိန္ဒိယက တရုတ်ရဲ့ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်ဖို့ MiG-29s အမျိုးအစားတိုက်လေယာဉ်တွေကို Ladakh sector ဒေသတစ်လျှောက် စောင့်ကြည့်ပျံသန်းမှုတွေ တိုးမြှင့်လုပ်ဆောင်လာခဲ့ကြောင်းသိရပါတယ်။
MiG-29s အမျိုးအစားတိုက်လေယာဉ်တွေဟာ ဝေဟင်ကနေ မြေပြင်၊ ဝေဟင်ကနေ ဝေဟင်အချင်းချင်း ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိကြောင်းသိရပါတယ်။ အိန္ဒိယလေတပ်ဟာ ကက်ရှ်မီးယား တောင်ကြားဒေသကို ဆယ်စုနှစ်ချီကာကွယ်ပေးမှုတွေလုပ်ဆောင်ခဲ့တဲ့ MiG-21s အမျိုးအစားတိုက်လေယာဉ်တွေနေရာမှာအစားထိုးဝင်ရောက်မှာဖြစ်ကြောင်းသိရပါတယ်။

zawgyi version
အိႏၵိယေလတပ္က ႐ုရွားႏိုင္ငံထုတ္ MiG-29 တိုက္ေလယာဥ္ေတြကို ႏိုင္ငံေျမာက္ပိုင္းလုံၿခဳံေရးပိုမိုေကာင္းမြန္ေစဖို႔ ျဖန႔္ၾကတ္ခ်ထား
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၁၄
အိႏၵိယ အစိုးရဟာ ႐ုရွားႏိုင္ငံထုတ္ MiG-29 တိုက္ေလယာဥ္ေတြကို ႏိုင္ငံေျမာက္ပိုင္း လုံၿခဳံေရးကိုေစာင့္ၾကည့္ ဟန႔္တားဖို႔ ျဖန႔္ၾကတ္ခ်ထားလိုက္ေၾကာင္းသိရပါတယ္။
အိႏၵိယအစိုးရဟာ တ႐ုတ္ ဒါမွမဟုတ္ ပါကစၥတန္ ႏိုင္ငံတို႔ထံကေန ျဖစ္လာႏိုင္ဖြယ္ရွိတဲ့ ၿခိမ္းေျခာက္မႈေတြကို ကာကြယ္မႈပိုင္း ပိုမိုေကာင္းမြန္ေစဖို႔တိုက္ေလယာဥ္ေတြျဖန႔္ၾကတ္ခ်ထားခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။ ႐ုရွားႏိုင္ငံထုတ္ MiG-29 အမ်ိဳးအစားတိုက္ေလယာဥ္ေတြဟာ MiG-21 အမ်ိဳးအစား တိုက္ ေလယာဥ္ေတြေနရာမွာအစားထိုးထားတဲ့ တိုက္ေလယာဥ္ေတြျဖစ္ၿပီး ဂ်မ္မူး နဲ႔ ကက္ရွ္မီးယားေဒသရွိ ေလတပ္အေျခစိုက္စခန္းေတြမွာ တပ္စြဲထားေၾကာင္းသိရပါတယ္။
အဆိုပါ MiG-29 တိုက္ေလယာဥ္ေတြကို ဒီႏွစ္ဇန္နဝါရီလကတည္းက အဆိုပါ ေဒသမ်ားရွိ ေလတပ္အေျခ စိုက္စခန္းေတြမွာ တပ္စြဲျဖန႔္ၾကတ္ခ်ထားခဲ့တာျဖစ္ၿပီး ကက္ရွ္မီးယားေဒသနဲ႔ Ladakh ေဒသေတြကို ကင္းလွည့္မႈေတြလုပ္ေဆာင္ေနရေၾကာင္းသိရပါတယ္။ ဒါ့ျပင္ အဆိုပါတိုက္ေလယာဥ္ေတြဟာ အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ တ႐ုတ္ႏိုင္ငံကေလေၾကာင္းပိုင္နက္က်ဴးေက်ာ္မႈေတြရွိလာမယ္ဆိုရင္ ခ်က္ခ်င္းတုံ႔ျပန္ႏိုင္ဖြယ္ရွိေနေၾကာင္းသိရပါတယ္။ အိႏၵိယ နဲ႔ တ႐ုတ္ႏိုင္ငံဟာ ပိုင္နက္နယ္ေျမအျငင္းပြားေနတဲ့ Galwan ေဒသမွာ ၂၀၂၀ ခုႏွစ္က ထိပ္တိုက္ေတြ႕ဆုံခဲ့ၿပီးေနာက္ အိႏၵိယက တ႐ုတ္ရဲ႕ၿခိမ္းေျခာက္မႈေတြကို တုံ႔ျပန္ႏိုင္ဖို႔ MiG-29s အမ်ိဳးအစားတိုက္ေလယာဥ္ေတြကို Ladakh sector ေဒသတစ္ေလွ်ာက္ ေစာင့္ၾကည့္ပ်ံသန္းမႈေတြ တိုးျမႇင့္လုပ္ေဆာင္လာခဲ့ေၾကာင္းသိရပါတယ္။
MiG-29s အမ်ိဳးအစားတိုက္ေလယာဥ္ေတြဟာ ေဝဟင္ကေန ေျမျပင္၊ ေဝဟင္ကေန ေဝဟင္အခ်င္းခ်င္း ပစ္ခတ္တိုက္ခိုက္ႏိုင္စြမ္းရွိေၾကာင္းသိရပါတယ္။ အိႏၵိယေလတပ္ဟာ ကက္ရွ္မီးယား ေတာင္ၾကားေဒသကို ဆယ္စုႏွစ္ခ်ီကာကြယ္ေပးမႈေတြလုပ္ေဆာင္ခဲ့တဲ့ MiG-21s အမ်ိဳးအစားတိုက္ေလယာဥ္ေတြေနရာမွာအစားထိုးဝင္ေရာက္မွာျဖစ္ေၾကာင္းသိရပါတယ္။