လင်မယားချင်းစကားများရန်ဖြစ်ပြီးနောက် အမျိုးသားဖြစ်သူကြိုးဆွဲချအဆုံးစီရင်မှု ပြည်မြို့တွင်ဖြစ်ပွား

5762
သန့်ဇင် (NP News) - ဩဂုတ် ၁၄
ပဲခူးတိုင်း(အနောက်ပိုင်း)၊ ပြည်မြို့တွင် လင်မယားချင်းစကားများရန်ဖြစ်ပြီးနောက် အမျိုးသားဖြစ်သူမှ မိမိကိုယ်ကို ကြိုးဆွဲချအဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဩဂုတ်လ ၁၄ ရက်)၊ မွန်းလွဲ ၂နာရီအချိန်တွင် ပြည်မြို့၊ စက်မှုကွက်သစ်၊ ကြံတောစုရပ်ကွက်ရှိ နေအိမ်အတွင်း၌ ကြိုးဆွဲချအဆုံးစီရင်သွားခဲ့ကြောင်း ခေတ္တရာလူမှုကူညီရေးအသင်းထံမှ သိရသည်။
"ပတ်ဝန်းကျင်ကပြောတာတော့ လင်မယားနှစ်ယောက်စကားများပြီး မနက်ကတည်းက အိမ်က ထွက်သွားတယ်လို့ ပြောတယ်ဗျ။ နောက်တော့မှ သူကြိုးဆွဲချတဲ့ အိမ်ကအခန်းထဲမှာတွေ့တာပါ။ လူမနေတဲ့အိမ်ကြီးရဲ့ အခန်းထဲမှာ သူ့ကိုယ်သူ ဓာတ်ကြိုးနဲ့ကြိုးဆွဲချပြီး သတ်သေသွားပုံရတယ်"ဟု ခေတ္တရာလူမှု ကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ကြိုးဆွဲချအဆုံးစီရင်သူသည် ကြံတောရပ်ကွက်တွင်နေထိုင်သည့် အသက်(၂၅)နှစ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။
သေဆုံးသွားသည့် အမျိုးသားအား ခေတ္တရာလူမှုကူညီရေးအသင်းမှ ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
လင္မယားခ်င္းစကားမ်ားရန္ျဖစ္ၿပီးေနာက္ အမ်ိဳးသားျဖစ္သူႀကိဳးဆြဲခ်အဆုံးစီရင္မႈ ျပည္ၿမိဳ႕တြင္ျဖစ္ပြား
သန႔္ဇင္ (NP News) - ဩဂုတ္ ၁၄
ပဲခူးတိုင္း(အေနာက္ပိုင္း)၊ ျပည္ၿမိဳ႕တြင္ လင္မယားခ်င္းစကားမ်ားရန္ျဖစ္ၿပီးေနာက္ အမ်ိဳးသားျဖစ္သူမွ မိမိကိုယ္ကို ႀကိဳးဆြဲခ်အဆုံးစီရင္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (ဩဂုတ္လ ၁၄ ရက္)၊ မြန္းလြဲ ၂နာရီအခ်ိန္တြင္ ျပည္ၿမိဳ႕၊ စက္မႈကြက္သစ္၊ ႀကံေတာစုရပ္ကြက္ရွိ ေနအိမ္အတြင္း၌ ႀကိဳးဆြဲခ်အဆုံးစီရင္သြားခဲ့ေၾကာင္း ေခတၱရာလူမႈကူညီေရးအသင္းထံမွ သိရသည္။
"ပက္ဝန္းက်င္ကေျပာတာေတာ့ လင္မယားႏွစ္ေယာက္စကားမ်ားၿပီး မနက္ကတည္းက အိမ္က ထြက္သြားတယ္လို႔ ေျပာတယ္ဗ်။ ေနာက္ေတာ့မွ သူႀကိဳးဆြဲခ်တဲ့ အိမ္ကအခန္းထဲမွာေတြ႕တာပါ။ လူမေနတဲ့အိမ္ႀကီးရဲ႕ အခန္းထဲမွာ သူ႔ကိုယ္သူ ဓာတ္ႀကိဳးနဲ႔ႀကိဳးဆြဲခ်ၿပီး သတ္ေသသြားပုံရတယ္"ဟု ေခတၱရာလူမႈ ကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ႀကိဳးဆြဲခ်အဆုံးစီရင္သူသည္ ႀကံေတာရပ္ကြက္တြင္ေနထိုင္သည့္ အသက္(၂၅)ႏွစ္ဝန္းက်င္ရွိ အမ်ိဳးသားတစ္ဦးျဖစ္ေၾကာင္း သိရသည္။
ေသဆုံးသြားသည့္ အမ်ိဳးသားအား ေခတၱရာလူမႈကူညီေရးအသင္းမွ ျပည္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။