သီတင်းကျွတ်လပြည့်ညက ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင်မီးလောင်မှုများ ဖြစ်ပွား

 1172

သန့်ဇင်(NP News)-အောက်တိုဘာ ၇
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ (အဘိဓမ္မာအခါတော်နေ့) သီတင်းကျွတ်လပြည့်ည ယမန်နေ့(အောက်တိုဘာ ၆ရက်)က ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့တွင် မီးလောင်မှုများ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ယမန်နေ့(အောက်တိုဘာ ၆ရက်) ည ၇နာရီ ၃၁ မိနစ်အချိန်ခန့်က၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြိုနယ်၊ ၁၃၁x ၁၃၂x ၅၉(C) လမ်းတွင် မီးလောင်မှုဖြစ်ပွားပြီး (၁၅) မိနစ်အကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
ထို့ပြင် ယင်းနေ့၊ ည ၈ နာရီအချိန်ခန့်ကလည်း ချမ်းမြသာစည်မြိုနယ်၊ ၆၂Aနှင့်၆၃ကြား၊၁၀၂x၁၀၃ကြားတွင် Level (၂) အဆင့်မီးလောင်မှု ဖြစ်ပွားခဲ့ပြီး (၁) နာရီကျော်အကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ ည ၈ နာရီ ၂၉ မိနစ်အချိန်ခန့်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ စံချိန်မီရပ်ကွက်၊အမက(၁၀) ကျောင်း လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ (၁၀) မိနစ်ခန့်အကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်မှာ သီတင်းကျွတ်လပြည့်ည မီးပုံးပျံလွတ်တင်ရာမှ နေအိမ်ပေါ်ကျကာ မီးလောင်ခဲ့ခြင်းဖြစ်ပြီး နေအိမ်(၂)လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထို့ပြင် ည ၈ နာရီ ၁၈ မိနစ်ခန့်ကလည်း ရှမ်းပြည်နယ်၊ တောင်ကြီးမြိုနယ်၊ အေးသာယာမြို၊ ရပ်ကွက် (၁၀) တွင် မီးလောင်ဖြစ်ပွားခဲ့သဖြင့် အေးသာယာနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးဖြင့် (၁၀)မိနစ်ကျော်အကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
အထက်ပါမီးလောင်မှုဖြစ်စဉ်များတွင် လူနေအိမ်၊ အဆောက်အဦများ ပျက်စီးခဲ့သော်လည်း လူ ထိခိုက်၊ သေဆုံးမှုနှင့်ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့(အောက်တိုဘာ ၇ရက်) နံနက် ၅ နာရီ ၃၂ မိနစ်အချိန်ခန့်ကလည်း နေပြည်တော်၊ လယ်ဝေးမြိုနယ်၊ အမှတ်(၇)ရပ်ကွက်၊ အင်ဘု(၁၀)လမ်းနှင့် အင်ဘု(၆) လမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး (၃၀)မိနစ်ကျော် အကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

Zawgyi Version:
သီတင္းကြၽတ္လျပည့္ညက ရန္ကုန္၊ မႏၲေလးႏွင့္ ေတာင္ႀကီးၿမိဳ႕တို႔တြင္မီးေလာင္မႈမ်ား ျဖစ္ပြား
သန႔္ဇင္(NP News)-ေအာက္တိုဘာ ၇
ျမန္မာသကၠရာဇ္ ၁၃၈၇ ခုႏွစ္၊ (အဘိဓမၼာအခါေတာ္ေန႔) သီတင္းကြၽတ္လျပည့္ည ယမန္ေန႔(ေအာက္တိုဘာ ၆ရက္)က ရန္ကုန္ၿမိဳ႕၊ မႏၲေလးၿမိဳ႕ႏွင့္ ေတာင္ႀကီးၿမိဳ႕တို႔တြင္ မီးေလာင္မႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာန၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
ယမန္ေန႔(ေအာက္တိုဘာ ၆ရက္) ည ၇နာရီ ၃၁ မိနစ္အခ်ိန္ခန႔္က၊ မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳနယ္၊ ၁၃၁x ၁၃၂x ၅၉(C) လမ္းတြင္ မီးေလာင္မႈျဖစ္ပြားၿပီး (၁၅) မိနစ္အၾကာ မီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။
ထို႔ျပင္ ယင္းေန႔၊ ည ၈ နာရီအခ်ိန္ခန႔္ကလည္း ခ်မ္းျမသာစည္ၿမိဳနယ္၊ ၆၂Aႏွင့္၆၃ၾကား၊၁၀၂x၁၀၃ၾကားတြင္ Level (၂) အဆင့္မီးေလာင္မႈ ျဖစ္ပြားခဲ့ၿပီး (၁) နာရီေက်ာ္အၾကာ မီးျငႇိမ္းသတ္ခဲ့ရေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အလားတူ ည ၈ နာရီ ၂၉ မိနစ္အခ်ိန္ခန႔္ကလည္း ရန္ကုန္တိုင္းေဒသႀကီး၊ ေက်ာက္တန္းၿမိဳ႕နယ္၊ စံခ်ိန္မီရပ္ကြက္၊အမက(၁၀) ေက်ာင္း လမ္းတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ (၁၀) မိနစ္ခန႔္အၾကာ မီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။
အဆိုပါ မီးေလာင္မႈျဖစ္စဥ္မွာ သီတင္းကြၽတ္လျပည့္ည မီးပုံးပ်ံလြတ္တင္ရာမွ ေနအိမ္ေပၚက်ကာ မီးေလာင္ခဲ့ျခင္းျဖစ္ၿပီး ေနအိမ္(၂)လုံး ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ထို႔ျပင္ ည ၈ နာရီ ၁၈ မိနစ္ခန႔္ကလည္း ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳနယ္၊ ေအးသာယာၿမိဳ၊ ရပ္ကြက္ (၁၀) တြင္ မီးေလာင္ျဖစ္ပြားခဲ့သျဖင့္ ေအးသာယာနယ္ေျမမီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္(၁)စီး၊ ေရသယ္ယာဥ္(၁)စီးျဖင့္ (၁၀)မိနစ္ေက်ာ္အၾကာ မီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။
အထက္ပါမီးေလာင္မႈျဖစ္စဥ္မ်ားတြင္ လူေနအိမ္၊ အေဆာက္အဦမ်ား ပ်က္စီးခဲ့ေသာ္လည္း လူ ထိခိုက္၊ ေသဆုံးမႈႏွင့္ပတ္သက္၍ မီးသတ္တပ္ဖြဲ႕မွ တစ္စုံတစ္ရာ ထုတ္ျပန္ျခင္းမ်ိဳးမရွိခဲ့ေၾကာင္း သိရသည္။
အလားတူ ယေန႔(ေအာက္တိုဘာ ၇ရက္) နံနက္ ၅ နာရီ ၃၂ မိနစ္အခ်ိန္ခန႔္ကလည္း ေနျပည္ေတာ္၊ လယ္ေဝးၿမိဳနယ္၊ အမွတ္(၇)ရပ္ကြက္၊ အင္ဘု(၁၀)လမ္းႏွင့္ အင္ဘု(၆) လမ္းေထာင့္တြင္ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး (၃၀)မိနစ္ေက်ာ္ အၾကာ မီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.