မြင်းခြံတွင် အကျဉ်းဦးစီးအရာရှိ၏ မိသားစုဝင်များကို အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွား

1965

Pearl (NP News) - အောက်တိုဘာ ၇
မြင်းခြံတွင်အကျဉ်းဦးစီးအရာရှိ၏ မိသားစုဝင်များကို အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက် နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ နွားကူးအိုင်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မြင်းခြံမြို့နယ်၊ အကျဉ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းနိုင်စိုး ၏ ဇနီးဖြစ်သူ ဒေါ်နီနီဝင်း(၄၈)နှစ်သည် မြေးဖြစ်သူ မရွန်းချယ်ရီဟိန်း(၃)နှစ်တို့သည် မြင်းခြံမြို့၊ အမှတ်(၁၃)ရပ်ကွက်နေ ဦးမင်းခန့်(၄၃)နှစ်မောင်းနှင်သည့် အငှားမော်တော်ယာဉ်ဖြင့် စဥ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာရှိ မိဘများထံသို့ မြင်းခြံ-မြို့သာ-တံတားဦး-မန္တလေးလမ်းအတိုင်း ထွက်ခွာလာခဲ့ကြောင်း သိရသည်။
ထိုသို့ထွက်ခွာလာစဉ် မြင်းခြံမြို့နယ်၊ နွားကူးအိုင်ကျေးရွာအနီးအရောက် PDF အဖွဲ့ဝင်များက မော်တော်ယာဉ်အား တားဆီး၍ ၎င်းတို့သုံးဦးအား မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံထားရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ျမင္းၿခံတြင္ အက်ဥ္းဦးစီးအရာရွိ၏ မိသားစုဝင္မ်ားကို အၾကမ္းဖက္အဖြဲ႕က ဖမ္းဆီးသြား
Pearl (NP News) - ေအာက္တိုဘာ ၇
ျမင္းၿခံတြင္အက်ဥ္းဦးစီးအရာရွိ၏ မိသားစုဝင္မ်ားကို အၾကမ္းဖက္အဖြဲ႕က ဖမ္းဆီးသြားခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ေအာက္တိုဘာ ၅ ရက္ နံနက္ ၉ နာရီက မႏၲေလးတိုင္းေဒသႀကီး၊ ျမင္းၿခံၿမိဳ႕နယ္၊ ႏြားကူးအိုင္ေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
ျမင္းၿခံၿမိဳ႕နယ္၊ အက်ဥ္းဦးစီးဌာနမွ ဦးစီးအရာရွိ ဦးဝင္းႏိုင္စိုး ၏ ဇနီးျဖစ္သူ ေဒၚနီနီဝင္း(၄၈)ႏွစ္သည္ ေျမးျဖစ္သူ မ႐ြန္းခ်ယ္ရီဟိန္း(၃)ႏွစ္တို႔သည္ ျမင္းၿခံၿမိဳ႕၊ အမွတ္(၁၃)ရပ္ကြက္ေန ဦးမင္းခန႔္(၄၃)ႏွစ္ေမာင္းႏွင္သည့္ အငွားေမာ္ေတာ္ယာဥ္ျဖင့္ စဥ့္ကိုင္ၿမိဳ႕နယ္၊ ဘယ္လင္းေက်း႐ြာရွိ မိဘမ်ားထံသို႔ ျမင္းၿခံ-ၿမိဳ႕သာ-တံတားဦး-မႏၲေလးလမ္းအတိုင္း ထြက္ခြာလာခဲ့ေၾကာင္း သိရသည္။
ထိုသို႔ထြက္ခြာလာစဥ္ ျမင္းၿခံၿမိဳ႕နယ္၊ ႏြားကူးအိုင္ေက်း႐ြာအနီးအေရာက္ PDF အဖြဲ႕ဝင္မ်ားက ေမာ္ေတာ္ယာဥ္အား တားဆီး၍ ၎တို႔သုံးဦးအား ေမာ္ေတာ္ယာဥ္ႏွင့္အတူ ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္မွ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီး အေရးယူႏိုင္ေရးႏွင့္ ဖမ္းဆီးခံထားရသူအား ျပန္လည္ကယ္တင္ႏိုင္ေရး လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းစဥ္မ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။