2023 UCI World Championships ဆုဖလားပေးပွဲတွင် ဈေးကြီးသော အဆင့်မြင့်နာရီ(၂)လုံးကို လက်ခံရရှိခဲ့တဲ့ မသန်စွမ်း စက်ဘီးစီးသမား

1017

Pika (NP News) - ဩဂုတ် ၁၆
လက်နှစ်ဖက်လုံးကို လက်ကောက်ဝတ်ထိဖြတ်တောက်ခံထားရသော အသက်(၄၇)နှစ်အရွယ် စပိန်မသန်စွမ်း စက်ဘီးစီးသမား Ricardo Ten Argiles သည် ပြီးခဲ့သည့်သီတင်းပတ်က ကျင်းပခဲ့သော 2023 UCI World Championships တွင် အနိုင်ရရှိပြီးနောက် ဈေးကြီးသော အဆင့်မြင့်နာရီ(၂)လုံးကို လက်ခံရရှိခဲ့ကြောင်း သိရသည်။
စကော့တလန်နိုင်ငံ၊ ဂလက်စကိုမြို့တွင် ကျင်းပသောပွဲစဉ်တွင် Ricardo Ten Argiles သည် မတူညီသော ကဏ္ဍသုံးခုတွင် ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ချန်ပီယံဆုပေးအပ်သည့် အခမ်းအနားတွင် ၎င်းကို ပွဲစပွန်ဆာ Tissot က ဈေးကြီးသော အဆင့်မြင့်နာရီ(၂)လုံးကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့သော်လည်း အဆိုပါပေးအပ်မှုမှာ လူများ၏ အာရုံစိုက်မှုကို ရရှိစေရန်အတွက် လုပ်ဆောင်ခြင်းမျိုးလည်း မဟုတ် ကြောင်း ပွဲစပွန်ဆာ Tissot က ပြောကြားခဲ့သည်။ Ricardo Ten Argiles ကို အဆင့်မြင့်လက်ပတ်နာရီ(၂)လုံး ပေးအပ်သည့်ဗီဒီယိုဖိုင်အတိုသည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီး ကြည့်ရှုသူ လေးသန်းနီးပါး ရှိခဲ့ကြောင်း သိရသည်။
Ricardo Ten Argiles က "Tissot အမျိုးအစား အဆင့်မြင့်လက်ပတ်နာရီနှစ်လုံးကို ရရှိခဲ့တဲ့အတွက် ပျော်ရွှင်ပါ တယ်။ ပြီးတော့ မသန်စွမ်း စက်ဘီးစီးပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့အတွက်လည်း ပျော်မိပါတယ်" ဟု ပြောခဲ့သည်။ Ricardo Ten Argiles သည် အသက်(၈)နှစ်အရွယ်တွင် ဗို့အားမြင့်ဝိုင်ယာကြိုးများကို မတော်တဆကိုင်မိကာ ဓါတ်လိုက်ခဲ့ပြီးနောက် ဆရာဝန်များသည် ၎င်း၏ လက်နှစ်ဖက် နှင့် ဘယ်ခြေထောက်ကို ဖြတ်တောက်ခဲ့ရကြောင်း သိရသည်။
အဆိုပါဓါတ်လိုက်မှုကြောင့် Ricardo Ten Argiles ၏ ခန္ဓာကိုယ်အစိတ်အပိုင်း(၇၅)ရာခိုင်နှုန်းသည် မီးလောင် ဒဏ်ရာများကို ခံစားခဲ့ရကြောင်း သိရသည်။ စကော့တလန်နိုင်ငံတွင် ဩဂုတ်လ (၃)ရက်မှ (၁၃)ရက်အထိ ကျင်းပခဲ့ သည့် ပွဲတွင် Ricardo Ten Argiles သည် ဆုတံဆိပ် စုစုပေါင်း(၁ဝ) ဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ Ricardo Ten Argiles သည် ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများရှိနေသော စက်ဘီးစီးသမားများအတွက် ပြုလုပ်သော C1 အမျိုးအစားပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းသည် လာမည့် ဥရောပချန်ပီယံရှစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၂ဝ၂၄ ခုနှစ်တွင် ပဲရစ်မြို့မှာ ကျင်းမည့် မသန်စွမ်းပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။

Zawgyi Version;
2023 UCI World Championships ဆုဖလားေပးပြဲတြင္ ေဈးႀကီးေသာ အဆင့္ျမင့္နာရီ(၂)လုံးကို လက္ခံရရွိခဲ့တဲ့ မသန္စြမ္း စက္ဘီးစီးသမား
Pika (NP News) - ဩဂုတ္ ၁၆
လက္ႏွစ္ဖက္လုံးကို လက္ေကာက္ဝတ္ထိျဖတ္ေတာက္ခံထားရေသာ အသက္(၄၇)ႏွစ္အ႐ြယ္ စပိန္မသန္စြမ္း စက္ဘီးစီးသမား Ricardo Ten Argiles သည္ ၿပီးခဲ့သည့္သီတင္းပတ္က က်င္းပခဲ့ေသာ 2023 UCI World Championships တြင္ အႏိုင္ရရွိၿပီးေနာက္ ေဈးႀကီးေသာ အဆင့္ျမင့္နာရီ(၂)လုံးကို လက္ခံရရွိခဲ့ေၾကာင္း သိရသည္။
စေကာ့တလန္ႏိုင္ငံ၊ ဂလက္စကိုၿမိဳ႕တြင္ က်င္းပေသာပြဲစဥ္တြင္ Ricardo Ten Argiles သည္ မတူညီေသာ က႑သုံးခုတြင္ ခ်န္ပီယံဆုကို ဆြတ္ခူးရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ခ်န္ပီယံဆုေပးအပ္သည့္ အခမ္းအနားတြင္ ၎ကို ပြဲစပြန္ဆာ Tissot က ေဈးႀကီးေသာ အဆင့္ျမင့္နာရီ(၂)လုံးကို ေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
သို႔ေသာ္လည္း အဆိုပါေပးအပ္မႈမွာ လူမ်ား၏ အာ႐ုံစိုက္မႈကို ရရွိေစရန္အတြက္ လုပ္ေဆာင္ျခင္းမ်ိဳးလည္း မဟုတ္ ေၾကာင္း ပြဲစပြန္ဆာ Tissot က ေျပာၾကားခဲ့သည္။ Ricardo Ten Argiles ကို အဆင့္ျမင့္လက္ပတ္နာရီ(၂)လုံး ေပးအပ္သည့္ဗီဒီယိုဖိုင္အတိုသည္ အြန္လိုင္းေပၚတြင္ ပ်ံ႕ႏွံ႔သြားခဲ့ၿပီး ၾကည့္ရႈသူ ေလးသန္းနီးပါး ရွိခဲ့ေၾကာင္း သိရသည္။
Ricardo Ten Argiles က "Tissot အမ်ိဳးအစား အဆင့္ျမင့္လက္ပတ္နာရီႏွစ္လုံးကို ရရွိခဲ့တဲ့အတြက္ ေပ်ာ္႐ႊင္ပါ တယ္။ ၿပီးေတာ့ မသန္စြမ္း စက္ဘီးစီးၿပိဳင္ပြဲမွာ အႏိုင္ရရွိခဲ့တဲ့အတြက္လည္း ေပ်ာ္မိပါတယ္" ဟု ေျပာခဲ့သည္။ Ricardo Ten Argiles သည္ အသက္(၈)ႏွစ္အ႐ြယ္တြင္ ဗို႔အားျမင့္ဝိုင္ယာႀကိဳးမ်ားကို မေတာ္တဆကိုင္မိကာ ဓါတ္လိုက္ခဲ့ၿပီးေနာက္ ဆရာဝန္မ်ားသည္ ၎၏ လက္ႏွစ္ဖက္ ႏွင့္ ဘယ္ေျခေထာက္ကို ျဖတ္ေတာက္ခဲ့ရေၾကာင္း သိရသည္။
အဆိုပါဓါတ္လိုက္မႈေၾကာင့္ Ricardo Ten Argiles ၏ ခႏၶာကိုယ္အစိတ္အပိုင္း(၇၅)ရာခိုင္ႏႈန္းသည္ မီးေလာင္ ဒဏ္ရာမ်ားကို ခံစားခဲ့ရေၾကာင္း သိရသည္။ စေကာ့တလန္ႏိုင္ငံတြင္ ဩဂုတ္လ (၃)ရက္မွ (၁၃)ရက္အထိ က်င္းပခဲ့ သည့္ ပြဲတြင္ Ricardo Ten Argiles သည္ ဆုတံဆိပ္ စုစုေပါင္း(၁ဝ) ဆုကို ဆြတ္ခူးရရွိခဲ့ေၾကာင္း သိရသည္။ Ricardo Ten Argiles သည္ ႐ုပ္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းမႈမ်ားရွိေနေသာ စက္ဘီးစီးသမားမ်ားအတြက္ ျပဳလုပ္ေသာ C1 အမ်ိဳးအစားပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
၎သည္ လာမည့္ ဥေရာပခ်န္ပီယံရွစ္ၿပိဳင္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး ၂ဝ၂၄ ခုႏွစ္တြင္ ပဲရစ္ၿမိဳ႕မွာ က်င္းမည့္ မသန္စြမ္းၿပိဳင္ပြဲတြင္လည္း ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ရန္ ေမွ်ာ္လင့္ထားေၾကာင္း သိရသည္။