မန္တလေးနှင့် စစ်ကိုင်းမှ စက်ရုံ(၄)ရုံ ဘားအံသို့ ပြောင်းရွှေ့

 826

သန့်ဇင် (NP News) - စက်တင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ မြေပြင်အခြေအနေအရ လုံခြုံမှုမရှိသော စက်ရုံ (၄)ရုံ က ဘားအံစက်မှုဇုန်သို့ ပြောင်းရွှေ့လာကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာ ဝန်ကြီး ဦးစောခင်မောင်မြင့်ထံ NP News က ဆက်သွယ်မေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။
အဆိုပါ စက်ရုံ(၄)ရုံသည် ဂေါဒန်ကျောက် အမှုန့်ကြိတ်ခွဲစက်ရုံ၊ သစ်သားလွှာစက်ရုံနှင့် ဓာတ် မြေဩဇာစက်ရုံတို့ ပါဝင်ကာ ပြီးခဲ့သည့် (၆) လကပင် ဘားအံ စက်မှုဇုန်သို့ပြောင်းရွှေ့လာခြင်းဖြစ် ကြောင်း သိရသည်။“စက်ရုံ(၄)ရုံပြောင်းရွှေ့လာပါတယ်။ စက်မှုဇုန်အချို့ ဒီဘက်ကိုပြောင်းရွှေ့ပြီးတော့မှ ဘားအံ စက်မှုဇုန်မှာ မြေနေရာဝယ်ယူပြီးတော့မှ ပြောင်းရွှေ့ ကြတာရှိပါတယ်။ မြေနေရာကတော့ ပြီးခဲ့ တဲ့ (၆)လ လောက်က လာပြီးတော့မှဝယ်ယူပြီးတော့ မြေရှင်း ခြံခတ်ပြီးတော့မှ မြေပြင်ပြင်ဆင်မှုတွေ လုပ်နေတာပါ။ စက်ရုံတွေက ဒီမှာကတော့ ဂေါဒန်အမှုန့်ကြိတ်တဲ့ စက်ရုံများပါတယ်။ သစ်သားလွှာစက်ရုံ လည်း ပါတာပေါ့။ သဘာဝမြေဩဇာစက်ရုံတွေလည်း ပါပါတယ်။ အခြားစက်ရုံတွေပြောင်းရွှေ့ဖို့ကတော့ မပြောနိုင်သေးပါဘူး။ လည်ပတ်လို့ရတဲ့စက်ရုံတော့ ဘယ် ပြောင်းမလဲ။ မြေပြင်အခြေအနေအရ ဘယ်လို မှလည်ပတ်လို့မရနိုင်တော့ဘူး။ ဝန်ထမ်းတွေလည်း လုံးဝ လုံခြုံမရှိတော့ဘူးဆိုတဲ့ စက်ရုံတွေကတော့ သူ တို့ပြောင်းရွှေ့ကြတာပေါ့။ ဒါကလည်းသူတို့ပြောပြချက် အရ သိရတာပါ”ဟု စီးပွားရေးရာဝန်ကြီး ဦးစော ခင် မောင်မြင့်က ပြောသည်။
လက်ရှိကာလတွင် ဘားအံစက်မှုဇုန်၌ စက်ရုံပေါင်း (၃၀) ကျော်သာ လည်ပတ်နိုင်လျက်ရှိပြီး CMP စနစ် အထည်ချုပ်စက်ရုံ အချို့မှာ ရပ်နားထားရကြောင်း ၎င်းကဆိုသည်။ “လျှပ်စစ် ဆိုင်ကယ် စက်ရုံတော့ ဒီမှာတိုး ပြီးတော့ ထောင်နေပါတယ်။ လက်ရှိ ဘားအံစက်မှုဇုန်ထဲမှာ လည်ပတ်နေတဲ့စက်ရုံ က (၃၀)ကျော် လောက် ပဲရှိပါတယ်။ တချို့ CMP အထည်ချုပ်စက်ရုံတွေကတော့ ယာယီ ရပ်ဆိုင်းနေ တာပေါ့။ ကိုဗစ်တည်းက ပြန် မဖွင့်နိုင်ဘူး။ ဘာလို့ဆိုတော့ သူတို့သူဌေးတွေက နိုင်ငံခြားသားတွေကိုး ထိုင်းကဆိုတော့ Export တွေ ခေါ်ရတာအခက်ခဲဖြစ်တဲ့အတွက် သူတို့မလည်ပတ်နိုင်တော့ဘူး ဖြစ်နေ တာပေါ့” ဟု ၎င်းကပြောသည်။
ဘားအံစက်မှုဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများအတွင်း အိန္ဒိယနိုင်ငံမှ (၃) ဘီးကား ထုတ်လုပ်စက်ရုံက ရင်း နှီးမြှုပ်နှံမှုမှာ အများဆုံးဖြစ်သော်လည်း ဇုန် တစ်ခု လုံး ပမာဏအရ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

Zawgyi Version:
မႏၲေလးႏွင့္ စစ္ကိုင္းမွ စက္႐ုံ(၄)႐ုံ ဘားအံသို႔ေျပာင္းေ႐ႊ႕
သန႔္ဇင္ (NP News) - စက္တင္ဘာ ၁၆
မႏၲေလးတိုင္းေဒသႀကီးႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးမွ ေျမျပင္အေျခအေနအရ လုံၿခဳံမႈမရွိေသာ စက္႐ုံ (၄)႐ုံ က ဘားအံစက္မႈဇုန္သို႔ ေျပာင္းေ႐ႊ႕လာေၾကာင္း ကရင္ျပည္နယ္အစိုးရအဖြဲ႕ စီးပြားေရးရာ ဝန္ႀကီး ဦးေစာခင္ေမာင္ျမင့္ထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္အခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါ စက္႐ုံ(၄)႐ုံသည္ ေဂါဒန္ေက်ာက္ အမႈန႔္ႀကိတ္ခြဲစက္႐ုံ၊ သစ္သားလႊာစက္႐ုံႏွင့္ ဓာတ္ ေျမဩဇာစက္႐ုံတို႔ ပါဝင္ကာ ၿပီးခဲ့သည့္ (၆) လကပင္ ဘားအံ စက္မႈဇုန္သို႔ေျပာင္းေ႐ႊ႕လာျခင္းျဖစ္ ေၾကာင္း သိရသည္။“စက္႐ုံ(၄)႐ုံေျပာင္းေ႐ႊ႕လာပါတယ္။ စက္မႈဇုန္အခ်ိဳ႕ ဒီဘက္ကိုေျပာင္းေ႐ႊ႕ၿပီးေတာ့မွ ဘားအံ စက္မႈဇုန္မွာ ေျမေနရာဝယ္ယူၿပီးေတာ့မွ ေျပာင္းေ႐ႊ႕ ၾကတာရွိပါတယ္။ ေျမေနရာကေတာ့ ၿပီးခဲ့ တဲ့ (၆)လ ေလာက္က လာၿပီးေတာ့မွဝယ္ယူၿပီးေတာ့ ေျမရွင္း ၿခံခတ္ၿပီးေတာ့မွ ေျမျပင္ျပင္ဆင္မႈေတြ လုပ္ေနတာပါ။ စက္႐ုံေတြက ဒီမွာကေတာ့ ေဂါဒန္အမႈန႔္ႀကိတ္တဲ့ စက္႐ုံမ်ားပါတယ္။ သစ္သားလႊာစက္႐ုံ လည္း ပါတာေပါ့။ သဘာဝေျမဩဇာစက္႐ုံေတြလည္း ပါပါတယ္။ အျခားစက္႐ုံေတြေျပာင္းေ႐ႊ႕ဖို႔ကေတာ့ မေျပာႏိုင္ေသးပါဘူး။ လည္ပတ္လို႔ရတဲ့စက္႐ုံေတာ့ ဘယ္ ေျပာင္းမလဲ။ ေျမျပင္အေျခအေနအရ ဘယ္လို မွလည္ပတ္လို႔မရႏိုင္ေတာ့ဘူး။ ဝန္ထမ္းေတြလည္း လုံးဝ လုံၿခဳံမရွိေတာ့ဘူးဆိုတဲ့ စက္႐ုံေတြကေတာ့ သူ တို႔ေျပာင္းေ႐ႊ႕ၾကတာေပါ့။ ဒါကလည္းသူတို႔ေျပာျပခ်က္ အရ သိရတာပါ”ဟု စီးပြားေရးရာဝန္ႀကီး ဦးေစာ ခင္ ေမာင္ျမင့္က ေျပာသည္။
လက္ရွိကာလတြင္ ဘားအံစက္မႈဇုန္၌ စက္႐ုံေပါင္း (၃၀) ေက်ာ္သာ လည္ပတ္ႏိုင္လ်က္ရွိၿပီး CMP စနစ္ အထည္ခ်ဳပ္စက္႐ုံ အခ်ိဳ႕မွာ ရပ္နားထားရေၾကာင္း ၎ကဆိုသည္။ “လွ်ပ္စစ္ ဆိုင္ကယ္ စက္႐ုံေတာ့ ဒီမွာတိုး ၿပီးေတာ့ ေထာင္ေနပါတယ္။ လက္ရွိ ဘားအံစက္မႈဇုန္ထဲမွာ လည္ပတ္ေနတဲ့စက္႐ုံ က (၃၀)ေက်ာ္ ေလာက္ ပဲရွိပါတယ္။ တခ်ိဳ႕ CMP အထည္ခ်ဳပ္စက္႐ုံေတြကေတာ့ ယာယီ ရပ္ဆိုင္းေန တာေပါ့။ ကိုဗစ္တည္းက ျပန္ မဖြင့္ႏိုင္ဘူး။ ဘာလို႔ဆိုေတာ့ သူတို႔သူေဌးေတြက ႏိုင္ငံျခားသားေတြကိုး ထိုင္းကဆိုေတာ့ Export ေတြ ေခၚရတာအခက္ခဲျဖစ္တဲ့အတြက္ သူတို႔မလည္ပတ္ႏိုင္ေတာ့ဘူး ျဖစ္ေန တာေပါ့” ဟု ၎ကေျပာသည္။
ဘားအံစက္မႈဇုန္တြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား ဝင္ေရာက္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားအတြင္း အိႏၵိယႏိုင္ငံမွ (၃) ဘီးကား ထုတ္လုပ္စက္႐ုံက ရင္း ႏွီးျမႇဳပ္ႏွံမႈမွာ အမ်ားဆုံးျဖစ္ေသာ္လည္း ဇုန္ တစ္ခု လုံး ပမာဏအရ ျမန္မာႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံမႈမွာ အမ်ားဆုံးျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.