အမေရိကန်၏ ကုန်သွယ်ခွန်ကြောင့် အထည်ချုပ်စက်ရုံအချို့ ပိတ်သော်လည်း အသစ်ဖွင့်သော စက်ရုံများလည်း ရှိနေ

789

သက်ပိုင် (NP News) - စက်တင်ဘာ ၁၆
အမေရိကန်၏ ကုန်သွယ်ခွန်ကြောင့် အထည်ချုပ် စက်ရုံအချို့ ပိတ်သော်လည်း အသစ်ဖွင့်သော စက်ရုံများလည်းရှိနေကြောင်း အထည်ချုပ်လုပ်ငန်းရှင် အသိုင်းအဝိုင်းမှမေးမြန်းထားသော အချက်အ လက်များအရ သိရသည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်တွင် အမေရိကန်နိုင်ငံသို့ သွင်းကုန်များနှင့် ပတ် သက်၍ အခွန်တိုးမြှင့်ကောက်ခံသောကြောင့် စက်ရုံများပိတ်မည်ကို လုပ်သားများအကြား စိုးရိမ်စိတ်ရှိ နေကြောင်းလည်း သိရသည်။
“နဂိုကတည်းက အမေရိကန်အထည် မြန်မာပြည်မှာချုပ်တာက နည်းနည်းလေးပါ။ ပိတ်တာ လည်း တစ်ရုံ၊ နှစ်ရုံလောက်ပဲရှိတာပါ။ ဘာမှ စိတ်ပူစရာမရှိပါဘူး။ လက်ရှိမှာ ယာယီခဏရပ်တာတွေ ကတော့ ရှိပါတယ်။ ဒါကလည်း ဖြစ်တတ်ပါတယ်။ စက်ရုံတွေမှာ အော်ဒါအရမ်းပါးသွားတဲ့အခါ ဖြစ်တတ် ပါတယ်။ အဲဒါမျိုးတော့ရှိတတ်ပါတယ်။ ဒါကလည်း အများကြီးတော့ မဟုတ်ပါဘူး။ နှစ်ရုံသုံးရုံ လောက် ပါပဲ။ ရုံတိုင်းဖြစ်တာမဟုတ်ပါဘူး။ အော်ဒါ တွေကတော့ ထပ်ဝင်လာတာတွေရှိတယ်။ လက်ရာကောင်း တဲ့စက်ရုံတွေကတော့ အပြည့်ပဲ။ အသစ်ဖွင့်တဲ့ စက်ရုံတွေ ကတော့ ဆယ်ရုံဆယ့်တစ်ရုံလောက် ထပ်ဖွင့် လာကြတယ်လို့ သိရပါတယ်။ အဲဒီလောက်ကြီး ဆိုးဆိုးရွားရွားတော့ မဟုတ်ပါဘူး။ ထုံးစံအတိုင်း ချဲ့ကား ပြောဆိုနေကြတာပါ” ဟု အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
လက်ရှိတွင် အခြားအသစ်ဖွင့်သော စက်ရုံများရှိနေသည်ဟုသိရသော်လည်း စက်ရုံလုပ်ငန်း နယ် ပယ်တွင် စိန်ခေါ်မှု အချို့ရှိနေကြောင်း အခြား လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“အသစ်ကလည်းတွေ့နေတာပဲ။ အသစ် ဖွင့်နေကြတာကိုလည်း တွေ့တော့ တွေ့နေရတယ်။ ဒါပေမဲ့ Over All ပြောရရင် အသစ်ဖွင့်ဖို့ အခွင့်အရေးကတော့ ကိုယ်တွေဆီမှာ ပိုပိုနည်းနည်းလာမှာပဲ။ ကျွန်တော်တို့ဆီမှာ စိန်ခေါ်မှုတွေကနည်းနည်းလေးများနေတာကိုး”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် စက်ရုံအချို့မှာ စက်ရုံလုပ်သားအချို့ကို အကြောင်းပြချက်မရှိဘဲ နစ်နာကြေး ငွေ ပေးကာ အလုပ်ထုတ်မှုများ ရှိနေပြီး စက်ရုံအချို့မှာ မကြာမီရပ်နားတော့မည်ဟု သတင်းများထွက်ပေါ် နေသည့်အတွက် အလုပ်လက်မဲ့ဖြစ်မည်ကို စိုးရိမ်မိကြောင်းရွှေပြည်သာမြို့နယ်မှ အထည်ချုပ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ဆိုသည်။
ထို့ပြင် လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်လုပ်ငန်းများတွင်လည်း လက်ရှိတွင် အချိန်ပို ခေါ်ယူမှု မရှိတော့ခြင်းနှင့် စက်ရုံအချို့တွင် လုပ်သား အင်အား လျှော့ချရန်ကြိုးပမ်းမှုများရှိလာခြင်းတို့ ရှိလာ သည့်အတွက် လုပ်သားစိုးရိမ်မှု မြင့်တက်လျက်ရှိကြောင်း သိရသည်။
“အခုလုပ်နေတဲ့ စက်ရုံဆိုရင် အချိန်ပိုတွေမခေါ်တော့ဘူး။ တချို့ဆိုရင် အချိန်ပိုမရှိလို့ဆိုပြီး အခြားစက်ရုံဘက်ကို ပြောင်းသွားကြပြီ။ ပြောတာတော့ အော်ဒါမရှိလို့ ဆိုပြီး စက်ရုံဘက်ကပြောတာပဲ။ တကယ်လို့ အော်ဒါလုံးဝမရှိရင် ရပ်သွားမှာကိုတော့ စိတ်ပူတာပေါ့။ တချို့စက်ရုံတွေဆိုရင် ပိတ်တော့ မယ် ဘာညာနဲ့ ပြောသံတွေတော့ ကြားပါတယ်” ဟု လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်လုပ်ငန်းတစ်ခုမှ အလုပ်သမားတစ်ဦးက ပြောသည်။

Zawgyi Version:
အေမရိကန္၏ ကုန္သြယ္ခြန္ေၾကာင့္ အထည္ခ်ဳပ္စက္႐ုံအခ်ိဳ႕ ပိတ္ေသာ္လည္း အသစ္ဖြင့္ေသာ စက္႐ုံမ်ားလည္း ရွိေန
သက္ပိုင္ (NP News) - စက္တင္ဘာ ၁၆
အေမရိကန္၏ ကုန္သြယ္ခြန္ေၾကာင့္ အထည္ခ်ဳပ္ စက္႐ုံအခ်ိဳ႕ ပိတ္ေသာ္လည္း အသစ္ဖြင့္ေသာ စက္႐ုံမ်ားလည္းရွိေနေၾကာင္း အထည္ခ်ဳပ္လုပ္ငန္းရွင္ အသိုင္းအဝိုင္းမွေမးျမန္းထားေသာ အခ်က္အ လက္မ်ားအရ သိရသည္။
အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ လက္ထက္တြင္ အေမရိကန္ႏိုင္ငံသို႔ သြင္းကုန္မ်ားႏွင့္ ပတ္ သက္၍ အခြန္တိုးျမႇင့္ေကာက္ခံေသာေၾကာင့္ စက္႐ုံမ်ားပိတ္မည္ကို လုပ္သားမ်ားအၾကား စိုးရိမ္စိတ္ရွိ ေနေၾကာင္းလည္း သိရသည္။
“နဂိုကတည္းက အေမရိကန္အထည္ ျမန္မာျပည္မွာခ်ဳပ္တာက နည္းနည္းေလးပါ။ ပိတ္တာ လည္း တစ္႐ုံ၊ ႏွစ္႐ုံေလာက္ပဲရွိတာပါ။ ဘာမွ စိတ္ပူစရာမရွိပါဘူး။ လက္ရွိမွာ ယာယီခဏရပ္တာေတြ ကေတာ့ ရွိပါတယ္။ ဒါကလည္း ျဖစ္တတ္ပါတယ္။ စက္႐ုံေတြမွာ ေအာ္ဒါအရမ္းပါးသြားတဲ့အခါ ျဖစ္တတ္ ပါတယ္။ အဲဒါမ်ိဳးေတာ့ရွိတတ္ပါတယ္။ ဒါကလည္း အမ်ားႀကီးေတာ့ မဟုတ္ပါဘူး။ ႏွစ္႐ုံသုံး႐ုံ ေလာက္ ပါပဲ။ ႐ုံတိုင္းျဖစ္တာမဟုတ္ပါဘူး။ ေအာ္ဒါ ေတြကေတာ့ ထပ္ဝင္လာတာေတြရွိတယ္။ လက္ရာေကာင္း တဲ့စက္႐ုံေတြကေတာ့ အျပည့္ပဲ။ အသစ္ဖြင့္တဲ့ စက္႐ုံေတြ ကေတာ့ ဆယ္႐ုံဆယ့္တစ္႐ုံေလာက္ ထပ္ဖြင့္ လာၾကတယ္လို႔ သိရပါတယ္။ အဲဒီေလာက္ႀကီး ဆိုးဆိုး႐ြား႐ြားေတာ့ မဟုတ္ပါဘူး။ ထုံးစံအတိုင္း ခ်ဲ႕ကား ေျပာဆိုေနၾကတာပါ” ဟု အထည္ခ်ဳပ္လုပ္ငန္းရွင္တစ္ဦးက ဆိုသည္။
လက္ရွိတြင္ အျခားအသစ္ဖြင့္ေသာ စက္႐ုံမ်ားရွိေနသည္ဟုသိရေသာ္လည္း စက္႐ုံလုပ္ငန္း နယ္ ပယ္တြင္ စိန္ေခၚမႈ အခ်ိဳ႕ရွိေနေၾကာင္း အျခား လုပ္ငန္းရွင္တစ္ဦးက ဆိုသည္။
“အသစ္ကလည္းေတြ႕ေနတာပဲ။ အသစ္ ဖြင့္ေနၾကတာကိုလည္း ေတြ႕ေတာ့ ေတြ႕ေနရတယ္။ ဒါေပမဲ့ Over All ေျပာရရင္ အသစ္ဖြင့္ဖို႔ အခြင့္အေရးကေတာ့ ကိုယ္ေတြဆီမွာ ပိုပိုနည္းနည္းလာမွာပဲ။ ကြၽန္ေတာ္တို႔ဆီမွာ စိန္ေခၚမႈေတြကနည္းနည္းေလးမ်ားေနတာကိုး”ဟု ၎က ဆိုသည္။
လက္ရွိတြင္ စက္႐ုံအခ်ိဳ႕မွာ စက္႐ုံလုပ္သားအခ်ိဳ႕ကို အေၾကာင္းျပခ်က္မရွိဘဲ နစ္နာေၾကး ေငြ ေပးကာ အလုပ္ထုတ္မႈမ်ား ရွိေနၿပီး စက္႐ုံအခ်ိဳ႕မွာ မၾကာမီရပ္နားေတာ့မည္ဟု သတင္းမ်ားထြက္ေပၚ ေနသည့္အတြက္ အလုပ္လက္မဲ့ျဖစ္မည္ကို စိုးရိမ္မိေၾကာင္းေ႐ႊျပည္သာၿမိဳ႕နယ္မွ အထည္ခ်ဳပ္လုပ္ငန္း လုပ္ကိုင္သူတစ္ဦးက ဆိုသည္။
ထို႔ျပင္ လႈိင္သာယာၿမိဳ႕နယ္ရွိ အထည္ခ်ဳပ္လုပ္ငန္းမ်ားတြင္လည္း လက္ရွိတြင္ အခ်ိန္ပို ေခၚယူမႈ မရွိေတာ့ျခင္းႏွင့္ စက္႐ုံအခ်ိဳ႕တြင္ လုပ္သား အင္အား ေလွ်ာ့ခ်ရန္ႀကိဳးပမ္းမႈမ်ားရွိလာျခင္းတို႔ ရွိလာ သည့္အတြက္ လုပ္သားစိုးရိမ္မႈ ျမင့္တက္လ်က္ရွိေၾကာင္း သိရသည္။
“အခုလုပ္ေနတဲ့ စက္႐ုံဆိုရင္ အခ်ိန္ပိုေတြမေခၚေတာ့ဘူး။ တခ်ိဳ႕ဆိုရင္ အခ်ိန္ပိုမရွိလို႔ဆိုၿပီး အျခားစက္႐ုံဘက္ကို ေျပာင္းသြားၾကၿပီ။ ေျပာတာေတာ့ ေအာ္ဒါမရွိလို႔ ဆိုၿပီး စက္႐ုံဘက္ကေျပာတာပဲ။ တကယ္လို႔ ေအာ္ဒါလုံးဝမရွိရင္ ရပ္သြားမွာကိုေတာ့ စိတ္ပူတာေပါ့။ တခ်ိဳ႕စက္႐ုံေတြဆိုရင္ ပိတ္ေတာ့ မယ္ ဘာညာနဲ႔ ေျပာသံေတြေတာ့ ၾကားပါတယ္” ဟု လႈိင္သာယာၿမိဳ႕နယ္ရွိ အထည္ခ်ဳပ္လုပ္ငန္းတစ္ခုမွ အလုပ္သမားတစ္ဦးက ေျပာသည္။