နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အရေးကြုံလာပါက နိုင်ငံရေးပါတီများအနေဖြင့် ရှေ့တန်းမှ အတူပူးပေါင်းဆောင်ရွက်သင့်ဟု UEC ဥက္ကဋ္ဌပြော

837
မျိုးကြီး (NP News) - စက်တင်ဘာ ၅
နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အရေးကြုံလာပါက နိုင်ငံရေးပါတီများအနေဖြင့် ရှေ့တန်းမှအတူပူးပေါင်းဆောင်ရွက်သင့်ကြောင်း UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောသည်။

၎င်းက ယနေ့(စက်တင်ဘာလ ၅ ရက်)နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အစိုးရအဖွဲ့ရုံး၌ပြုလုပ်သော နိုင်ငံရေးပါတီ (၃၆) ပါတီကို မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေးပါတီများသည် ပါတီဝင်အင်အားတောင့်တင်းကာ ထိုက်သင့်သည့် ပါတီရန်ပုံငွေရှိရန်လိုအပ်ပြီး သို့မှသာ ခိုင်မာသော ပါတီများအဖြစ် ရပ်တည်နိုင်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက အကြံပြုထားသည်။
“အလားတူ နိုင်ငံတော်နဲ့ပြည်သူလူထုအတွက် အရေးကြုံလာပါက ရှေ့တန်းမှအတူပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ ဥပမာအားဖြင့် ရခိုင်ပြည်နယ်မှာကြုံတွေ့ခဲ့ရတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းအန္တရာယ်ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးကိစ္စများ ဖြစ်ပါတယ်” ဟု ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။
မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ၌ အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများစွာ သွား ရောက်ကူညီခဲ့ကြသော်လည်း နိုင်ငံရေးပါတီအနည်းငယ်မျှသာ ပါဝင်ကူညီဆောင်ရွက်ခဲ့သည်ဟု ဦးသိန်းစိုးက မှတ်ချက်ပြုထားသည်။
“မိုခါမုန်တိုင်းသင့်ဒေသများကို အစိုးရဌာနများအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများစွာ သွားရောက်ကူညီကြတာတွေ့ရမှာဖြစ်ပေမယ့် နိုင်ငံရေးပါတီအနည်းငယ်မျှသာ ပါဝင်ကူညီဆောင်ရွက်ခဲ့ပါတယ်။ အလားတူ စီးပွားရေးကဏ္ဍမှာ ဈေးကစားခြင်းကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ် ပြည်သူတွေခံစားနေရပေမယ့် ပါတီများက ပြည်သူများနဲ့အတူ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်ဦးနှစ်ဖက်အကျိုးရှိမှာဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြော သည်။
ထို့ပြင် နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင်လည်း တက်စွမ်းသမျှပါဝင်ကာ ပြည်သူလူထုနှင့်အတူ ပူးပေါင်း ပါဝင်ဆောင်ရွက်ရန်လည်း ကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိုးက ထပ်မံတိုက်တွန်းထားသည်။
လက်ရှိနစကလက်ထက်၌ ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ကော်မရှင်၌ မှတ်ပုံတင်လျှောက်ထားသည့် နိုင်ငံရေးပါတီ (၆၄)ပါတီရှိခဲ့ပြီး ယင်းတို့အနက်မှ (၃၆)ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပေးထားသည်။
၎င်းဥပဒေအရ မှတ်ပုံတင်ပြန်လည်မလျှောက်ထားသော နိုင်ငံရေးပါတီ(၅၀)ခန့်ရှိခဲ့ပြီး ၎င်းတို့အထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)တို့ ပါဝင်ခဲ့သည်။
လက်ရှိတွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ မှတ်ပုံတင်မလျှောက်ထားသော နိုင်ငံရေးပါတီများသည် ဥပဒေအရ ပျယ်ပြယ်သွားပြီဖြစ်ကြောင်း UEC ဘက်က ကြေညာထားသည်။

zawgyi version
ႏိုင္ငံေတာ္ႏွင့္ ျပည္သူလူထုအတြက္ အေရးႀကဳံလာပါက ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ ေရွ႕တန္းမွ အတူပူးေပါင္းေဆာင္႐ြက္သင့္ဟု UEC ဥကၠ႒ေျပာ
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၅
ႏိုင္ငံေတာ္ႏွင့္ ျပည္သူလူထုအတြက္ အေရးႀကဳံလာပါက ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ ေရွ႕တန္းမွအတူပူးေပါင္းေဆာင္႐ြက္သင့္ေၾကာင္း UEC ဥကၠ႒ ဦးသိန္းစိုးက ေျပာသည္။
၎က ယေန႔(စက္တင္ဘာလ ၅ ရက္)နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ အစိုးရအဖြဲ႕႐ုံး၌ျပဳလုပ္ေသာ ႏိုင္ငံေရးပါတီ (၃၆) ပါတီကို ျမန္မာအီလက္ထေရာနစ္မဲေပးစက္ႏွင့္ပတ္သက္၍ မိတ္ဆက္ရွင္းလင္းျခင္းအခမ္းအနားတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ႏိုင္ငံေရးပါတီမ်ားသည္ ပါတီဝင္အင္အားေတာင့္တင္းကာ ထိုက္သင့္သည့္ ပါတီရန္ပုံေငြရွိရန္လိုအပ္ၿပီး သို႔မွသာ ခိုင္မာေသာ ပါတီမ်ားအျဖစ္ ရပ္တည္ႏိုင္ဟု ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးသိန္းစိုးက အႀကံျပဳထားသည္။
“အလားတူ ႏိုင္ငံေတာ္နဲ႔ျပည္သူလူထုအတြက္ အေရးႀကဳံလာပါက ေရွ႕တန္းမွအတူပူးေပါင္းေဆာင္႐ြက္သင့္ပါတယ္။ ဥပမာအားျဖင့္ ရခိုင္ျပည္နယ္မွာႀကဳံေတြ႕ခဲ့ရတဲ့ မိုခါဆိုင္ကလုန္းမုန္တိုင္းအႏၲရာယ္ကာကြယ္ေရးနဲ႔ ကယ္ဆယ္ေရး၊ ျပန္လည္ထူေထာင္ေရးကိစၥမ်ား ျဖစ္ပါတယ္” ဟု ေကာ္မရွင္ဥကၠ႒က ေျပာသည္။
မိုခါမုန္တိုင္းဒဏ္သင့္ေဒသမ်ား၌ အစိုးရဌာနဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ အရပ္ဖက္လူမႈအဖြဲ႕အစည္းမ်ားစြာ သြား ေရာက္ကူညီခဲ့ၾကေသာ္လည္း ႏိုင္ငံေရးပါတီအနည္းငယ္မွ်သာ ပါဝင္ကူညီေဆာင္႐ြက္ခဲ့သည္ဟု ဦးသိန္းစိုးက မွတ္ခ်က္ျပဳထားသည္။
“မိုခါမုန္တိုင္းသင့္ေဒသမ်ားကို အစိုးရဌာနမ်ားအဖြဲ႕အစည္းမ်ား၊ အရပ္ဖက္လူမႈအဖြဲ႕အစည္းမ်ားစြာ သြားေရာက္ကူညီၾကတာေတြ႕ရမွာျဖစ္ေပမယ့္ ႏိုင္ငံေရးပါတီအနည္းငယ္မွ်သာ ပါဝင္ကူညီေဆာင္႐ြက္ခဲ့ပါတယ္။ အလားတူ စီးပြားေရးက႑မွာ ေဈးကစားျခင္းေၾကာင့္ ကုန္ေဈးႏႈန္းႀကီးျမင့္မႈဒဏ္ ျပည္သူေတြခံစားေနရေပမယ့္ ပါတီမ်ားက ျပည္သူမ်ားနဲ႔အတူ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္ျခင္းျဖင့္ ႏွစ္ဦးႏွစ္ဖက္အက်ိဳးရွိမွာျဖစ္ပါတယ္”ဟု ၎က ဆက္လက္ေျပာ သည္။
ထို႔ျပင္ ႏိုင္ငံေတာ္၏ ပညာေရး၊ က်န္းမာေရးက႑မ်ားတြင္လည္း တက္စြမ္းသမွ်ပါဝင္ကာ ျပည္သူလူထုႏွင့္အတူ ပူးေပါင္း ပါဝင္ေဆာင္႐ြက္ရန္လည္း ေကာ္မရွင္ဥကၠ႒ဦးသိန္းစိုးက ထပ္မံတိုက္တြန္းထားသည္။
လက္ရွိနစကလက္ထက္၌ ျပ႒ာန္းခဲ့ေသာ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒအရ ေကာ္မရွင္၌ မွတ္ပုံတင္ေလွ်ာက္ထားသည့္ ႏိုင္ငံေရးပါတီ (၆၄)ပါတီရွိခဲ့ၿပီး ယင္းတို႔အနက္မွ (၃၆)ပါတီကို ႏိုင္ငံေရးပါတီအျဖစ္ မွတ္ပုံတင္ခြင့္ျပဳေပးထားသည္။
၎ဥပေဒအရ မွတ္ပုံတင္ျပန္လည္မေလွ်ာက္ထားေသာ ႏိုင္ငံေရးပါတီ(၅၀)ခန႔္ရွိခဲ့ၿပီး ၎တို႔အထဲတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD)၊ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(SNLD)တို႔ ပါဝင္ခဲ့သည္။
လက္ရွိတြင္ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒအရ မွတ္ပုံတင္မေလွ်ာက္ထားေသာ ႏိုင္ငံေရးပါတီမ်ားသည္ ဥပေဒအရ ပ်ယ္ျပယ္သြားၿပီျဖစ္ေၾကာင္း UEC ဘက္က ေၾကညာထားသည္။