ပါလက်စတိုင်းကို ကုလသမဂ္ဂညီလာခံတွင် နိုင်ငံအဖြစ် အသိမှတ်ပြုမည်ဟု ကနေဒါဝန်ကြီးချုပ် ကြေညာ

333

ဂျန်ဇက် (NP News) - ဩဂုတ် ၁
ကနေဒါ အစိုးရက လာမည့် စက်တင်ဘာလအတွင်းကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိမှတ်ပြုသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မက်ကာနေးက ထုတ်ဖော်ပြောဆိုလိုက်သည်။ ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီးတောင်းဆိုမှုများကို အစ္စရေးနိုင်ငံက ငြင်းဆန်ပယ်ချခဲ့ပြီးနောက် ကနေဒါနိုင်ငံက ပါလက်စတိုင်းကို နိုင်ငံအဖြစ်အသိမှတ်ပြုရန် စီစဉ်လာခြင်းဖြစ်သည်။
လက်ရှိအချိန်တွင်ပါလက်စတိုင်းကို နိုင်ငံအဖြစ် တရားဝင်အသိမှတ်ပြုရန် ပြင်သစ်၊ ဗြိတိန်၊အစိုးရတို့က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ကနေဒါနိုင်ငံကထပ်မံပြောဆိုလာခြင်းဖြစ်သည်။ ကနေဒါဝန်ကြီးချုပ်က'' စက်တင်ဘာလအတွင်းကျင်းပမယ့် အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပါလက်စတိုင်းကို အသိမှတ်ပြုဖို့ ရည်ရွယ်နေတယ်။ '' ဟုပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်းကလည်း ပြင်သစ်သမ္မတ မက်ခရွန် နှင့် ဗြိတိန်ဝန်ကြီးချုပ်တို့သည် စက်တင်ဘာလအတွင်းကျင်းပမည့် ကုလသမဂ္ဂအစည်းအဝေးတွင်ပါလက်စတိုင်းကို နိုင်ငံအဖြစ်အသိမှတ်ပြုပေးမည်ဟု ကြေညာခဲ့သည်။ အစ္စရေးအစိုးရက ကနေဒါနိုင်ငံ၏ ကြေညာချက်သည် နိုင်ငံတကာဖိအားများတိုးလာစေရန်လုပ်ဆောင်သည့်လှုပ်ရှားမှုဖြစ်ကြောင်း ပြောသည်။
ကနေဒါဝန်ကြီးချုပ်သည် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ ပြုပြင်ပြောင်းလဲရေး ကတိများကိုလည်း ချီးကျူးခဲ့ကြောင်းသိရသည်။ ကနေဒါဝန်ကြီးချုပ်က ပါလက်စတိုင်းသမ္မတ အာဘက်သည် ၂၀၂၆ ခုနှစ်တွင်ရွေးကောက်ပွဲကျင်းပရန် ကတိပြုထားပြီး ယင်းရွေးကောက်ပွဲတွင် ဟားမတ်လက်နက်ကိုင်အဖွဲ့ပါဝင်မည်မဟုတ်သည့်အပြင် ပါလက်စတိုင်းတွင်စစ်ရေးလှုပ်ရှားမှုလျှော့ချရန်လည်း ကတိပြုထားကြောင်း ပြောသည်။ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ဖြစ်သောဟားမတ်အဖွဲ့သည် ၂၀၂၃ ခုနှစ်အောက်တိုဘာလအတွင်း အစ္စရေးနိုင်ငံကို တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးနှင့်ဟားမတ်လက်နက်ကိုင်အဖွဲ့ကြား အပြန်အလှန်တိုက်ခိုက်မှုများလက်ရှိအချိန်အထိ ရှိနေဆဲဖြစ်ကာ အမေရိကန်အစိုးရက ကြားဝင်စေ့စပ်နေသော်လည်း အပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်းမရှိသေးကြောင်းသိရသည်။
zawgyi version
ပါလက္စတိုင္းကို ကုလသမဂၢညီလာခံတြင္ ႏိုင္ငံအျဖစ္ အသိမွတ္ျပဳမည္ဟု ကေနဒါဝန္ႀကီးခ်ဳပ္ ေၾကညာ
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၁
ကေနဒါ အစိုးရက လာမည့္ စက္တင္ဘာလအတြင္းက်င္းပမည့္ ကုလသမဂၢအေထြေထြညီလာခံတြင္ ပါလက္စတိုင္းကို ႏိုင္ငံအျဖစ္ အသိမွတ္ျပဳသြားမည္ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ မက္ကာေနးက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ဂါဇာစစ္ပြဲႏွင့္ပတ္သက္ၿပီးေတာင္းဆိုမႈမ်ားကို အစၥေရးႏိုင္ငံက ျငင္းဆန္ပယ္ခ်ခဲ့ၿပီးေနာက္ ကေနဒါႏိုင္ငံက ပါလက္စတိုင္းကို ႏိုင္ငံအျဖစ္အသိမွတ္ျပဳရန္ စီစဥ္လာျခင္းျဖစ္သည္။
လက္ရွိအခ်ိန္တြင္ပါလက္စတိုင္းကို ႏိုင္ငံအျဖစ္ တရားဝင္အသိမွတ္ျပဳရန္ ျပင္သစ္၊ ၿဗိတိန္၊အစိုးရတို႔က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ကေနဒါႏိုင္ငံကထပ္မံေျပာဆိုလာျခင္းျဖစ္သည္။ ကေနဒါဝန္ႀကီးခ်ဳပ္က'' စက္တင္ဘာလအတြင္းက်င္းပမယ့္ အႀကိမ္ ၈၀ ေျမာက္ ကုလသမဂၢအေထြေထြညီလာခံမွာ ပါလက္စတိုင္းကို အသိမွတ္ျပဳဖို႔ ရည္႐ြယ္ေနတယ္။ '' ဟုေျပာသည္။ ၿပီးခဲ့သည့္ရက္ပိုင္းကလည္း ျပင္သစ္သမၼတ မက္ခ႐ြန္ ႏွင့္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္တို႔သည္ စက္တင္ဘာလအတြင္းက်င္းပမည့္ ကုလသမဂၢအစည္းအေဝးတြင္ပါလက္စတိုင္းကို ႏိုင္ငံအျဖစ္အသိမွတ္ျပဳေပးမည္ဟု ေၾကညာခဲ့သည္။ အစၥေရးအစိုးရက ကေနဒါႏိုင္ငံ၏ ေၾကညာခ်က္သည္ ႏိုင္ငံတကာဖိအားမ်ားတိုးလာေစရန္လုပ္ေဆာင္သည့္လႈပ္ရွားမႈျဖစ္ေၾကာင္း ေျပာသည္။
ကေနဒါဝန္ႀကီးခ်ဳပ္သည္ ပါလက္စတိုင္းအာဏာပိုင္အဖြဲ႕၏ ျပဳျပင္ေျပာင္းလဲေရး ကတိမ်ားကိုလည္း ခ်ီးက်ဴးခဲ့ေၾကာင္းသိရသည္။ ကေနဒါဝန္ႀကီးခ်ဳပ္က ပါလက္စတိုင္းသမၼတ အာဘက္သည္ ၂၀၂၆ ခုႏွစ္တြင္ေ႐ြးေကာက္ပြဲက်င္းပရန္ ကတိျပဳထားၿပီး ယင္းေ႐ြးေကာက္ပြဲတြင္ ဟားမတ္လက္နက္ကိုင္အဖြဲ႕ပါဝင္မည္မဟုတ္သည့္အျပင္ ပါလက္စတိုင္းတြင္စစ္ေရးလႈပ္ရွားမႈေလွ်ာ့ခ်ရန္လည္း ကတိျပဳထားေၾကာင္း ေျပာသည္။ ပါလက္စတိုင္းလက္နက္ကိုင္အဖြဲ႕ျဖစ္ေသာဟားမတ္အဖြဲ႕သည္ ၂၀၂၃ ခုႏွစ္ေအာက္တိုဘာလအတြင္း အစၥေရးႏိုင္ငံကို တိုက္ခိုက္ခဲ့ၿပီးေနာက္ အစၥေရးႏွင့္ဟားမတ္လက္နက္ကိုင္အဖြဲ႕ၾကား အျပန္အလွန္တိုက္ခိုက္မႈမ်ားလက္ရွိအခ်ိန္အထိ ရွိေနဆဲျဖစ္ကာ အေမရိကန္အစိုးရက ၾကားဝင္ေစ့စပ္ေနေသာ္လည္း အပစ္ခတ္ရပ္စဲေရးရယူႏိုင္ျခင္းမရွိေသးေၾကာင္းသိရသည္။