အင်းလေးဖောင်တော်ဦးရှိ ရုပ်ရှင်တော်မြတ်လေးဆူကို (၁၈)ရက်ကြာ ဒေသစာရီကြွချီပူဇော်ခံမည်

1035
ယွန်း (NP News) - စက်တင်ဘာ ၂၄
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူကို (၁၈)ရက်ကြာ ဒေသစာရီကြွချီအပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။

(၃)နှစ်ကြာ ရပ်နားထားသည့် အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို လာမည့် အောက် တိုဘာလ(၁၅)ရက်တွင် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းရိုးရာမီးပုံးပျံပညာရှင်များအသင်းထံမှ သိရသည်။
“ဖောင်တော်ဦးဘုရားပွဲကလည်း တောင်ကြီးမီးပုံးပျံပွဲလိုပဲ ရပ်နားထားတာ(၃)နှစ်ရှိပြီ။ (၂၀၁၉)ထဲက နောက်ဆုံးကျင်းပတာပါ။ ကိုဗစ်နဲ့ နိုင်ငံရေးတွေနဲ့ဆိုတော့ မကျင်းပဖြစ်တာ ဒီနှစ်မှပြန်လုပ်မှာပါ။ တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲရဲ့ အရှေ့ရက်မှာလုပ်မှာပေါ့။ အင်းလေးဖောင် တော်ဦးဘုရားပွဲက လာမယ့်လ(၁၅)ရက်နေ့မှစမှာပါ။ (၁၈)ရက်လောက်ကြာမှာပေါ့” ဟု အထက်ပါမီးပုံးပျံပညာရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူသည် သီတင်းကျွတ်လဆန်း(၁)ရက်(အောက်တိုဘာလ ၁၅ ရက်)မှ သီတင်းကျွတ်လပြည့်ကျော်(၃)ရက်(နိုဝင်ဘာ လ ၁ ရက်)အထိ အင်းလေးဒေသ(၂၁)ဌာနသို့ ဒေသစာရီ လှည့်လည်အပူဇော်ခံမည်ဖြစ် ကြောင်း သိရသည်။
အင်းလေးဒေသ နမ့်ဟူးရွာရှိ ရတနာစံကျောင်းတော်ကြီးတွင် အောက်တိုဘာလ(၁၅)ရက်၌ ဒေသစာရီ စတင်လှည့်လည်အပူဇော်ခံမည်ဖြစ်ပြီး ညောင်ရွှေမြို့သို့ ကြွချီအပူဇော်ခံမည့် အောက်တိုဘာလ(၂၁)ရက်နှင့် ရတနာစံကျောင်းတော်ကြီးသို့ ပြန်လည်ကိန်းဝပ်စံပယ်အပူဇော်ခံမည့် နိုဝင်ဘာလ(၁)ရက်တို့တွင် လှေပြိုင်ပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများတွင် အင်သားရိုးရာအမျိုးသား ရာကျော်လှေပြိုင်ပွဲ၊ အမျိုးသားလေးကျိပ်ခြောက်လှေပြိုင်ပွဲ၊ အမျိုးသမီးနှစ်ကျိပ်ခြောက်လှေပြိုင်ပွဲ နှင့် အမျိုးသားတစ်ဦးချင်းလှေပြိုင်ပွဲတို့ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
အင္းေလးေဖာင္ေတာ္ဦးရွိ ႐ုပ္ရွင္ေတာ္ျမတ္ေလးဆူကို (၁၈)ရက္ၾကာ ေဒသစာရီႂကြခ်ီပူေဇာ္ခံမည္
ယြန္း (NP News) - စက္တင္ဘာ ၂၄
အင္းေလးေဖာငတာ္ဦးျမတ္စြာဘုရား ႐ုပ္ရွင္ေတာ္ျမတ္ေလးဆူကို (၁၈)ရက္ၾကာ ေဒသစာရီႂကြခ်ီအပူေဇာ္ခံမည္ျဖစ္ေၾကာင္း သိရသည္။
(၃)ႏွစ္ၾကာ ရပ္နားထားသည့္ အင္းေလးေဖာင္ေတာ္ဦးဘုရားပြဲေတာ္ကို လာမည့္ ေအာက္ တိုဘာလ(၁၅)ရက္တြင္ ျပန္လည္က်င္းပသြားမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္ေတာင္ပိုင္း႐ိုးရာမီးပုံးပ်ံပညာရွင္မ်ားအသင္းထံမွ သိရသည္။
“ေဖာင္ေတာ္ဦးဘုရားပြဲကလည္း ေတာင္ႀကီးမီးပုံးပ်ံပြဲလိုပဲ ရပ္နားထားတာ(၃)ႏွစ္ရွိၿပီ။ (၂၀၁၉)ထဲက ေနာက္ဆုံးက်င္းပတာပါ။ ကိုဗစ္နဲ႔ ႏိုင္ငံေရးေတြနဲ႔ဆိုေတာ့ မက်င္းပျဖစ္တာ ဒီႏွစ္မွျပန္လုပ္မွာပါ။ ေတာင္ႀကီးတန္ေဆာင္တိုင္မီးပုံးပ်ံပြဲရဲ႕ အေရွ႕ရက္မွာလုပ္မွာေပါ့။ အင္းေလးေဖာင္ ေတာ္ဦးဘုရားပြဲက လာမယ့္လ(၁၅)ရက္ေန႔မွစမွာပါ။ (၁၈)ရက္ေလာက္ၾကာမွာေပါ့” ဟု အထက္ပါမီးပုံးပ်ံပညာရွင္မ်ားအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အင္းေလးေဖာင္ေတာ္ဦးျမတ္စြာဘုရား ႐ုပ္ရွင္ေတာ္ျမတ္ေလးဆူသည္ သီတင္းကြၽတ္လဆန္း(၁)ရက္(ေအာက္တိုဘာလ ၁၅ ရက္)မွ သီတင္းကြၽတ္လျပည့္ေက်ာ္(၃)ရက္(ႏိုဝင္ဘာ လ ၁ ရက္)အထိ အင္းေလးေဒသ(၂၁)ဌာနသို႔ ေဒသစာရီ လွည့္လည္အပူေဇာ္ခံမည္ျဖစ္ ေၾကာင္း သိရသည္။
အင္းေလးေဒသ နမ့္ဟူး႐ြာရွိ ရတနာစံေက်ာင္းေတာ္ႀကီးတြင္ ေအာက္တိုဘာလ(၁၅)ရက္၌ ေဒသစာရီ စတင္လွည့္လည္အပူေဇာ္ခံမည္ျဖစ္ၿပီး ေညာင္ေ႐ႊၿမိဳ႕သို႔ ႂကြခ်ီအပူေဇာ္ခံမည့္ ေအာက္တိုဘာလ(၂၁)ရက္ႏွင့္ ရတနာစံေက်ာင္းေတာ္ႀကီးသို႔ ျပန္လည္ကိန္းဝပ္စံပယ္အပူေဇာ္ခံမည့္ ႏိုဝင္ဘာလ(၁)ရက္တို႔တြင္ ေလွၿပိဳင္ပြဲမ်ားကို ထည့္သြင္းက်င္းပသြားမည္ျဖစ္ ေၾကာင္း သိရသည္။
အဆိုပါၿပိဳင္ပြဲမ်ားတြင္ အင္သား႐ိုးရာအမ်ိဳးသား ရာေက်ာ္ေလွၿပိဳင္ပြဲ၊ အမ်ိဳးသားေလးက်ိပ္ေျခာက္ေလွၿပိဳင္ပြဲ၊ အမ်ိဳးသမီးႏွစ္က်ိပ္ေျခာက္ေလွၿပိဳင္ပြဲ ႏွင့္ အမ်ိဳးသားတစ္ဦးခ်င္းေလွၿပိဳင္ပြဲတို႔ကို က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။