ရုရှားနိုင်ငံထံမှ ရေနံ နှင့်ဓာတ်ငွေ့များ မဝယ်ယူရန် တူရကီနိုင်ငံကို အမေရိကန်သမ္မတ တိုက်တွန်း

 119

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တူရကီနိုင်ငံကို ရုရှားနိုင်ငံထံမှ ရေနံဝယ်ယူခြင်း များရပ်တန့်ရန် တိုက်တွန်းတောင်းဆိုလိုက်ကြောင်းသိရသည်။ အမေရိကန်သမ္မတသည် စက်တင်ဘာ (၂၆)ရက်က အိမ်ဖြူတော်တွင် တူရကီသမ္မတနှင့် တွေ့ဆုံဆွေးနွေးချိန်အတွင်း တိုက်တွန်းပြောဆိုခဲ့ ခြင်းဖြစ်သည်။
ဒေါ်နယ်ထရမ့်က ရုရှားနိုင်ငံမှ ရေနံများ တင်သွင်းနေမှုရပ်တန့်ခြင်းသည် တူရကီနိုင်ငံ အတွက် အကောင်းဆုံးဖြစ်မည်ဟုပြောဆိုခဲ့သည်။အမေရိကန်သမ္မတနှင့် တူရကီသမ္မတတို့တွေ့ဆုံ ဆွေးနွေးချိန်အတွင်း တူရကီနိုင်ငံအပေါ် ချမှတ်ထား သော အမေရိကန်၏ပိတ်ဆို့မှုများချမှတ်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သော်လည်း တစ်စုံတစ်ရာ ကတိမရခဲ့ကြောင်းသိရသည်။
တူရကီနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် (၂၀၁၉)ခုနှစ်တွင် အမေရိကန်နိုင်ငံထုတ်US F-35s အမျိုးအစားတိုက်လေယာဉ် ဝယ်ယူရေးနှင့် ပတ်သက်ပြီး အငြင်းပွားမှုများရှိခဲ့ဖူးပြီး ထိုစဉ်အချိန်က အမေရိကန်သမ္မတအဖြစ် တာဝန်ယူခဲ့သော ဒေါ်နယ် ထရမ့်ကတူရကီနိုင်ငံကို ပိတ်ဆို့မှုချမှတ်ခဲ့ခြင်းဖြစ် သည်။
အမေရိကန်သမ္မတက " တူရကီဟာ ရုရှား ဆီကနေ ရေနံတွေဝယ်ယူတာ ရပ်တန့်သင့်တယ်။ တူရကီနိုင်ငံဟာ လက်ရှိအချိန်မှာ ရုရှားထံကနေ ရေနံနဲ့ဓာတ်ငွေ့ဝယ်ယူနေတာတွေက အကောင်းဆုံး လုပ်တာမျိုးမဟုတ်ဘူး၊ တူရကီဟာအကောင်းဆုံး လုပ်ဆောင်သင့်တယ်။ တူရကီသမ္မတဟာ ယူကရိန်းနဲ့ ရုရှားသမ္မတတွေရဲ့လေးစားခြင်းခံရသူဖြစ်တယ်။ တူရကီသမ္မတအာဒိုဂမ်ဟာ အမှန်တကယ် ဆန္ဒရှိ မယ်ဆိုရင် စစ်ပွဲအဆုံးသတ်အောင် သူရဲ့ကြီးမားတဲ့ ဩဇာလွမ်းမိုးမှုတွေကို အသုံးချသင့်တယ်" ဟုပြော သည်။ အမေရိကန်သည် တူရကီနိုင်ငံအပြင် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ကိုလည်း ရုရှားနိုင်ငံထံမှ ရေနံ နှင့်ဓာတ်ငွေ့ဝယ်ယူခြင်းများ ရပ်တန့်ရန်တိုက် တွန်းတောင်းဆိုခဲ့ဖူးကြောင်းသိရသည်။
ရုရှားနိုင်ငံထံမှ ရေနံနှင့်ဓာတ်ငွေ့အများဆုံးဝယ်ယူနေသော နိုင်ငံများထဲတွင် တူရကီ၊ တရုတ် နှင့် အိန္ဒိယနိုင်ငံတို့မှ ထိပ်ဆုံးတွင်ရပ်တည်နေ ကြောင်းသိရသည်။ ရုရှားနိုင်ငံထံမှ တူရကီနိုင်ငံ၏ ရေနံ နှင့်ဓာတ်ငွေ့ ဝယ်ယူမှုများသည် ယခုနှစ်အတွင်း ယခင်ထက် (၂၆)ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း သိရသည်။ အမေရိကန်သမ္မတက ရုရှားနိုင်ငံအပေါ် ပစ်မှတ်ထားပြီး တင်းကြပ်သောပိတ်ဆို့မှုများချမှတ် မည်ဟု ပြောဆိုခဲ့ပြီးနောက် သီတင်းပတ်အနည်း ငယ်အကြာတွင် အမေရိကန်သမ္မတက တူရကီသမ္မတ အာဒိုဂမ်ကို ယင်းကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အမေရိကန်သမ္မတက နေတိုးအဖွဲ့ ဝင်နိုင်ငံများသည်လည်း ရုရှားနိုင်ငံထံမှ စွမ်းအင်များ ဝယ်ယူပြီး ရုရှားကို စစ်စရိတ်များ ထောက်ပံ့ပေးနေ ကြောင်း ထပ်မံစွပ်စွဲထားသည်။ အမေရိကန်သည် ယူကရိန်းနှင့် ရုရှားနိုင်ငံကြားဖြစ်ပွားနေသော စစ်ပွဲ အဆုံးသတ်ရန် ကြားဝင်စေ့စပ်နေသော်လည်း အခြား တစ်ဖက်တွင် ရုရှားနိုင်ငံထံမှ ရေနံနှင့်ဓာတ်ငွေ့များ မဝယ်ယူရန်နှင့် ရုရှားအပေါ် ပစ်မှတ်ထားပိတ်ဆို့ မှုချမှတ်ရန် စီစဉ်လျက်ရှိနေကြောင်းသိရသည်။

Zawgyi Version;
႐ုရွားႏိုင္ငံထံမွ ေရနံ ႏွင့္ဓာတ္ေငြ႕မ်ား မဝယ္ယူရန္ တူရကီႏိုင္ငံကို အေမရိကန္သမၼတ တိုက္တြန္း
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က တူရကီႏိုင္ငံကို ႐ုရွားႏိုင္ငံထံမွ ေရနံဝယ္ယူျခင္း မ်ားရပ္တန႔္ရန္ တိုက္တြန္းေတာင္းဆိုလိုက္ေၾကာင္းသိရသည္။ အေမရိကန္သမၼတသည္ စက္တင္ဘာ (၂၆)ရက္က အိမ္ျဖဴေတာ္တြင္ တူရကီသမၼတႏွင့္ ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း တိုက္တြန္းေျပာဆိုခဲ့ ျခင္းျဖစ္သည္။
ေဒၚနယ္ထရမ့္က ႐ုရွားႏိုင္ငံမွ ေရနံမ်ား တင္သြင္းေနမႈရပ္တန႔္ျခင္းသည္ တူရကီႏိုင္ငံ အတြက္ အေကာင္းဆုံးျဖစ္မည္ဟုေျပာဆိုခဲ့သည္။အေမရိကန္သမၼတႏွင့္ တူရကီသမၼတတို႔ေတြ႕ဆုံ ေဆြးေႏြးခ်ိန္အတြင္း တူရကီႏိုင္ငံအေပၚ ခ်မွတ္ထား ေသာ အေမရိကန္၏ပိတ္ဆို႔မႈမ်ားခ်မွတ္ေရးႏွင့္ ပတ္သက္ၿပီး ေဆြးေႏြးခဲ့ေသာ္လည္း တစ္စုံတစ္ရာ ကတိမရခဲ့ေၾကာင္းသိရသည္။
တူရကီႏိုင္ငံႏွင့္ အေမရိကန္ႏိုင္ငံတို႔သည္ (၂၀၁၉)ခုႏွစ္တြင္ အေမရိကန္ႏိုင္ငံထုတ္US F-35s အမ်ိဳးအစားတိုက္ေလယာဥ္ ဝယ္ယူေရးႏွင့္ ပတ္သက္ၿပီး အျငင္းပြားမႈမ်ားရွိခဲ့ဖူးၿပီး ထိုစဥ္အခ်ိန္က အေမရိကန္သမၼတအျဖစ္ တာဝန္ယူခဲ့ေသာ ေဒၚနယ္ ထရမ့္ကတူရကီႏိုင္ငံကို ပိတ္ဆို႔မႈခ်မွတ္ခဲ့ျခင္းျဖစ္ သည္။
အေမရိကန္သမၼတက " တူရကီဟာ ႐ုရွား ဆီကေန ေရနံေတြဝယ္ယူတာ ရပ္တန႔္သင့္တယ္။ တူရကီႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ ႐ုရွားထံကေန ေရနံနဲ႔ဓာတ္ေငြ႕ဝယ္ယူေနတာေတြက အေကာင္းဆုံး လုပ္တာမ်ိဳးမဟုတ္ဘူး၊ တူရကီဟာအေကာင္းဆုံး လုပ္ေဆာင္သင့္တယ္။ တူရကီသမၼတဟာ ယူကရိန္းနဲ႔ ႐ုရွားသမၼတေတြရဲ႕ေလးစားျခင္းခံရသူျဖစ္တယ္။ တူရကီသမၼတအာဒိုဂမ္ဟာ အမွန္တကယ္ ဆႏၵရွိ မယ္ဆိုရင္ စစ္ပြဲအဆုံးသတ္ေအာင္ သူရဲ႕ႀကီးမားတဲ့ ဩဇာလြမ္းမိုးမႈေတြကို အသုံးခ်သင့္တယ္" ဟုေျပာ သည္။ အေမရိကန္သည္ တူရကီႏိုင္ငံအျပင္ တ႐ုတ္ႏွင့္ အိႏၵိယႏိုင္ငံတို႔ကိုလည္း ႐ုရွားႏိုင္ငံထံမွ ေရနံ ႏွင့္ဓာတ္ေငြ႕ဝယ္ယူျခင္းမ်ား ရပ္တန႔္ရန္တိုက္ တြန္းေတာင္းဆိုခဲ့ဖူးေၾကာင္းသိရသည္။
႐ုရွားႏိုင္ငံထံမွ ေရနံႏွင့္ဓာတ္ေငြ႕အမ်ားဆုံးဝယ္ယူေနေသာ ႏိုင္ငံမ်ားထဲတြင္ တူရကီ၊ တ႐ုတ္ ႏွင့္ အိႏၵိယႏိုင္ငံတို႔မွ ထိပ္ဆုံးတြင္ရပ္တည္ေန ေၾကာင္းသိရသည္။ ႐ုရွားႏိုင္ငံထံမွ တူရကီႏိုင္ငံ၏ ေရနံ ႏွင့္ဓာတ္ေငြ႕ ဝယ္ယူမႈမ်ားသည္ ယခုႏွစ္အတြင္း ယခင္ထက္ (၂၆)ရာခိုင္ႏႈန္း တိုးျမင့္လာခဲ့ေၾကာင္း သိရသည္။ အေမရိကန္သမၼတက ႐ုရွားႏိုင္ငံအေပၚ ပစ္မွတ္ထားၿပီး တင္းၾကပ္ေသာပိတ္ဆို႔မႈမ်ားခ်မွတ္ မည္ဟု ေျပာဆိုခဲ့ၿပီးေနာက္ သီတင္းပတ္အနည္း ငယ္အၾကာတြင္ အေမရိကန္သမၼတက တူရကီသမၼတ အာဒိုဂမ္ကို ယင္းကဲ့သို႔ ေတာင္းဆိုခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ အေမရိကန္သမၼတက ေနတိုးအဖြဲ႕ ဝင္ႏိုင္ငံမ်ားသည္လည္း ႐ုရွားႏိုင္ငံထံမွ စြမ္းအင္မ်ား ဝယ္ယူၿပီး ႐ုရွားကို စစ္စရိတ္မ်ား ေထာက္ပံ့ေပးေန ေၾကာင္း ထပ္မံစြပ္စြဲထားသည္။ အေမရိကန္သည္ ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနေသာ စစ္ပြဲ အဆုံးသတ္ရန္ ၾကားဝင္ေစ့စပ္ေနေသာ္လည္း အျခား တစ္ဖက္တြင္ ႐ုရွားႏိုင္ငံထံမွ ေရနံႏွင့္ဓာတ္ေငြ႕မ်ား မဝယ္ယူရန္ႏွင့္ ႐ုရွားအေပၚ ပစ္မွတ္ထားပိတ္ဆို႔ မႈခ်မွတ္ရန္ စီစဥ္လ်က္ရွိေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.