ထိုင်းနိုင်ငံတွင် တစ်ရက် အနည်းဆုံး လုပ်ခလစာ ဘတ်(၄ဝဝ)အထိ တိုးမြှင့်ပေးမည့်အစီအစဉ်ကို စိုးရိမ်မှုများ မြင့်တက်နေ

3176

Pika(NP News) - စက်တင်ဘာ ၂၆
ထိုင်းနိုင်ငံတွင် တစ်ရက်အနည်းဆုံး လုပ်ခလစာကို ဘတ်(၄ဝဝ)အထိ တိုးမြှင့်ပေးရန် အဆိုပြုချက်နှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများကို စီးပွားရေးကဏ္ဍက စိုးရိမ်နေကြောင်း သိရသည်။
ထိုင်းဝန်ကြီးချုပ် ဆာရက်တာသာဗီဇင်ထုတ်ပြန်ကြေညာလိုက်သော အဆိုပါကြေညာချက်သည် စားသုံးသူများ အတွက် ကုန်ကျစရိတ်များ ပိုမိုမြင့်မားလာစေနိုင်ကြောင်း ပြောဆိုမှုများလည်းရှိနေသည်။ စိုက်ပျိုးရေး၊ စားနပ် ရိက္ခာတင်ပို့မှု၊ လက်လီရောင်းဝယ်ရေး နှင့် ဆောက်လုပ်ရေး ကဲ့သို့သော လုပ်အားအပေါ် မှီခိုနေရသော စက်မှုလုပ်ငန်းများသည် လုပ်ခလစာတိုးမြှင့်မှုများနှင့်ပတ်သက်ပြီး အထိအခိုက်အများဆုံးဖြစ်လာနိုင်ဖွယ်ရှိ ကြောင်း Fiscal Policy Office's Bureau of Macroeconomic Policy ၏ ဒါရိုက်တာ Pisit Puapan က ပြောကြားခဲ့သည်။
ထို့အပြင် ငွေကြေးဖောင်းပွမှုသည် အတိုင်းအတာတစ်ခုတွင်ရှိနေမည်ဖြစ်ပြီး အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (SMEs)အပေါ် အကျိုးသက်ရောက်မှုမှာ အကန့်အသတ်ရှိနိုင်ကြောင်း Pisit Puapan က ပြောခဲ့သည်။
ဘဏ် နှင့် ဘဏ္ဍာရေးကဲ့သို့သော စီးပွားရေးလုပ်ငန်းအချို့သည် ဝယ်ယူမှုနှုန်းတိုးလာမှုနှင့်အတူ အကျိုးအမြတ်များ ရရှိလာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောခဲ့သည်။ သို့သော်လည်း လုပ်ခလစာတိုးမြှင့်ပေးရန် အဆိုပြုချက်ကို တစ်ညီတစ်ညွတ်တည်း ထောက်ခံကြခြင်းမျိုးမရှိသေးကြောင်း သိရသည်။ SMEs များအနက် အများစုမှာ ငွေပေါ်လွယ်မှု၊ ချေးငွေရယူမှုပြဿနာများ နှင့် ရင်ဆိုင်နေရဆဲဖြစ်ပြီး လုပ်ခလစာများတိုးမြှင့်ပေးမည့် အဆိုပြုချက် သည် (SMEs)များအတွက် သိသာထင်ရှားသော အခက်အခဲများဖြစ်ပေါ်လာစေနိုင်ကြောင်း ထိုင်း SMEs အဖွဲ့ချုပ် ဥက္ကဋ္ဌ Sangchai Theerakulwanich က သတိပေးပြောဆိုခဲ့သည်။
အဆိုပါ လုပ်ခလစာတိုးမြှင့်ပေးမည့် အချိန်နှင့်ပတ်သက်ပြီး မေးခွန်းထုတ်မှုများလည်းရှိနေကြောင်း သိရသည်။ နေထိုင်မှုစရိတ်များ တိုးမြင့်လာခြင်းကြောင့် လုပ်ခလစာတိုးပေးရန် လိုအပ်ကြောင်း အလုပ်ရှင်များက အသိအမှတ် ပြုထားသော်လည်း လက်ရှိစီးပွားရေးအခြေအနေမှာ အဆိုပါလှုပ်ရှားမှုကို လုပ်ဆောင်ရန် အဆင်မပြေကြောင်း Sangchai Theerakulwanich က ပြောခဲ့သည်။
ထိုင်းနိုင်ငံတွင် ယခင်က လုပ်ခလစာတိုးမြှင့်ပေးခြင်းကြောင့် အလုပ်ဖြုတ်ခံရမှုများ သိသိသာသာဖြစ်ပွားခဲ့ပြီး စီးပွားရေးလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများသို့ ပြောင်းရွှေ့ခြင်းများ ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံ တွင် ၂ဝ၁၃ ခုနှစ်က တစ်နေ့တာ အနည်းဆုံးလုပ်ခလစာကို ဘတ်(၃ဝဝ)အထိ တိုးမြှင့်လိုက်ပြီးနောက် ငါးရက် အတွင်း အလုပ်သမား(၂၅ဝဝ) ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ဖူးကြောင်း သိရသည်။

Zawgyi Version;
ထိုင္းႏိုင္ငံတြင္ တစ္ရက္ အနည္းဆုံး လုပ္ခလစာ ဘတ္(၄ဝဝ)အထိ တိုးျမႇင့္ေပးမည့္အစီအစဥ္ကို စိုးရိမ္မႈမ်ား ျမင့္တက္ေန
Pika(NP News) - စက္တင္ဘာ ၂၆
ထိုင္းႏိုင္ငံတြင္ တစ္ရက္အနည္းဆုံး လုပ္ခလစာကို ဘတ္(၄ဝဝ)အထိ တိုးျမႇင့္ေပးရန္ အဆိုျပဳခ်က္ႏွင့္ပတ္သက္ၿပီး ျဖစ္ေပၚလာႏိုင္သည့္ဆိုးက်ိဳးမ်ားကို စီးပြားေရးက႑က စိုးရိမ္ေနေၾကာင္း သိရသည္။
ထိုင္းဝန္ႀကီးခ်ဳပ္ ဆာရက္တာသာဗီဇင္ထုတ္ျပန္ေၾကညာလိုက္ေသာ အဆိုပါေၾကညာခ်က္သည္ စားသုံးသူမ်ား အတြက္ ကုန္က်စရိတ္မ်ား ပိုမိုျမင့္မားလာေစႏိုင္ေၾကာင္း ေျပာဆိုမႈမ်ားလည္းရွိေနသည္။ စိုက္ပ်ိဳးေရး၊ စားနပ္ ရိကၡာတင္ပို႔မႈ၊ လက္လီေရာင္းဝယ္ေရး ႏွင့္ ေဆာက္လုပ္ေရး ကဲ့သို႔ေသာ လုပ္အားအေပၚ မွီခိုေနရေသာ စက္မႈလုပ္ငန္းမ်ားသည္ လုပ္ခလစာတိုးျမႇင့္မႈမ်ားႏွင့္ပတ္သက္ၿပီး အထိအခိုက္အမ်ားဆုံးျဖစ္လာႏိုင္ဖြယ္ရွိ ေၾကာင္း Fiscal Policy Office's Bureau of Macroeconomic Policy ၏ ဒါ႐ိုက္တာ Pisit Puapan က ေျပာၾကားခဲ့သည္။
ထို႔အျပင္ ေငြေၾကးေဖာင္းပြမႈသည္ အတိုင္းအတာတစ္ခုတြင္ရွိေနမည္ျဖစ္ၿပီး အေသးစားႏွင့္ အလတ္စား စီးပြားေရး လုပ္ငန္းမ်ား (SMEs)အေပၚ အက်ိဳးသက္ေရာက္မႈမွာ အကန႔္အသတ္ရွိႏိုင္ေၾကာင္း Pisit Puapan က ေျပာခဲ့သည္။
ဘဏ္ ႏွင့္ ဘ႑ာေရးကဲ့သို႔ေသာ စီးပြားေရးလုပ္ငန္းအခ်ိဳ႕သည္ ဝယ္ယူမႈႏႈန္းတိုးလာမႈႏွင့္အတူ အက်ိဳးအျမတ္မ်ား ရရွိလာႏိုင္ေၾကာင္း ၎က ဆက္လက္ေျပာခဲ့သည္။ သို႔ေသာ္လည္း လုပ္ခလစာတိုးျမႇင့္ေပးရန္ အဆိုျပဳခ်က္ကို တစ္ညီတစ္ၫြတ္တည္း ေထာက္ခံၾကျခင္းမ်ိဳးမရွိေသးေၾကာင္း သိရသည္။ SMEs မ်ားအနက္ အမ်ားစုမွာ ေငြေပၚလြယ္မႈ၊ ေခ်းေငြရယူမႈျပႆနာမ်ား ႏွင့္ ရင္ဆိုင္ေနရဆဲျဖစ္ၿပီး လုပ္ခလစာမ်ားတိုးျမႇင့္ေပးမည့္ အဆိုျပဳခ်က္ သည္ (SMEs)မ်ားအတြက္ သိသာထင္ရွားေသာ အခက္အခဲမ်ားျဖစ္ေပၚလာေစႏိုင္ေၾကာင္း ထိုင္း SMEs အဖြဲ႕ခ်ဳပ္ ဥကၠ႒ Sangchai Theerakulwanich က သတိေပးေျပာဆိုခဲ့သည္။
အဆိုပါ လုပ္ခလစာတိုးျမႇင့္ေပးမည့္ အခ်ိန္ႏွင့္ပတ္သက္ၿပီး ေမးခြန္းထုတ္မႈမ်ားလည္းရွိေနေၾကာင္း သိရသည္။ ေနထိုင္မႈစရိတ္မ်ား တိုးျမင့္လာျခင္းေၾကာင့္ လုပ္ခလစာတိုးေပးရန္ လိုအပ္ေၾကာင္း အလုပ္ရွင္မ်ားက အသိအမွတ္ ျပဳထားေသာ္လည္း လက္ရွိစီးပြားေရးအေျခအေနမွာ အဆိုပါလႈပ္ရွားမႈကို လုပ္ေဆာင္ရန္ အဆင္မေျပေၾကာင္း Sangchai Theerakulwanich က ေျပာခဲ့သည္။
ထိုင္းႏိုင္ငံတြင္ ယခင္က လုပ္ခလစာတိုးျမႇင့္ေပးျခင္းေၾကာင့္ အလုပ္ျဖဳတ္ခံရမႈမ်ား သိသိသာသာျဖစ္ပြားခဲ့ၿပီး စီးပြားေရးလုပ္ငန္းမ်ားကို အိမ္နီးခ်င္းႏိုင္ငံမ်ားသို႔ ေျပာင္းေ႐ႊ႕ျခင္းမ်ား ျဖစ္ေပၚေစခဲ့ေၾကာင္း သိရသည္။ ထိုင္းႏိုင္ငံ တြင္ ၂ဝ၁၃ ခုႏွစ္က တစ္ေန႔တာ အနည္းဆုံးလုပ္ခလစာကို ဘတ္(၃ဝဝ)အထိ တိုးျမႇင့္လိုက္ၿပီးေနာက္ ငါးရက္ အတြင္း အလုပ္သမား(၂၅ဝဝ) ေက်ာ္ အလုပ္လက္မဲ့ျဖစ္ခဲ့ဖူးေၾကာင္း သိရသည္။