ဂျပန်နိုင်ငံမှာ စံချိန်တင် အပူချိန်မြင့်မားလာမှုကြောင့် စပါးစိုက်ခင်းတွေအတွက် စိုးရိမ်မှုတွေမြင့်တက်လာ

 80

ရောင်နီ (NP News) - ဩဂုတ် ၆
ဂျပန်နိုင်ငံမှာ အင်္ဂါနေ့(ဩဂုတ်လ ၅ ရက်) က အမြင့်ဆုံး အပူချိန် ၄၁.၈ ဒီဂရီစင်တီဂရိတ်ထိ ရောက်ရှိခဲ့တာ ကြောင့် ဒေသခံတွေအနေနဲ့ နေအိမ်အတွင်းမှာသာ နေထိုင်ကြဖို့ အစိုးရက အကြံပြုထားပါတယ်။
ဂွမ်မာ စီရင်စု၊ အစ်ဆာကီနဲ့ ဟိုဂို စီရင်စုအနောက်ဘက် တန်ဘာမြို့မှာ ယခင်အပတ်က စံချိန်တင် ရောက်ရှိခဲ့တဲ့ အမြင့်ဆုံး အပူချိန် ၄၁.၂ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်ပြီး ၄၁.၈ ဒီဂရီစင်တီဂရိတ်ထိ တိုးမြှင့် ရောက်ရှိခဲ့တယ်လို့ အေဂျင်စီက ပြောကြားပါတယ်။ ဒါအပြင် ဂျပန်နိုင်ငံမှာ ယခုနှစ် နွေရာသီအတွင်း အပူဒဏ် ကြောင့် လူပေါင်း ၅၃,၀၀၀ ကျော် ဆေးရုံ ပို့ဆောင်ခဲ့ရတယ်လို့ မီးသတ်နှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အေဂျင်စီက ဆိုပါတယ်။ ဂျပန်နိုင်ငံတစ်ဝှမ်း ပျမ်းမျှအပူချိန်ဟာ ယခုနှစ် ဇူလိုင်လမှာ တတိယနှစ်ဆက်တိုက် အမြင့်ဆုံး အပူချိန်အဖြစ် ဆက်လက်ရောက်ရှိနေပြီး ဂျပန်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် အရှေ့မြောက်ပိုင်း ဒေသမှာ မိုးရွာသွန်းမှု သိသိသာသာကျဆင်းလာတာကြောင့် စပါးရိတ်သိမ်းမှုနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း စံချိန်တင် မြင့်တက်လာတဲ့ အပူရှိန်ကြောင့် ဆန်အရည် အသွေး ပျက်စီးခဲ့ပါတယ်။

Zawgyi Version:
ဂ်ပန္ႏိုင္ငံမွာ စံခ်ိန္တင္ အပူခ်ိန္ျမင့္မားလာမႈေၾကာင့္ စပါးစိုက္ခင္းေတြအတြက္ စိုးရိမ္မႈေတြျမင့္တက္လာ
ေရာင္နီ (NP News) - ဩဂုတ္ ၆
ဂ်ပန္ႏိုင္ငံမွာ အဂၤါေန႔(ဩဂုတ္လ ၅ ရက္) က အျမင့္ဆုံး အပူခ်ိန္ ၄၁.၈ ဒီဂရီစင္တီဂရိတ္ထိ ေရာက္ရွိခဲ့တာ ေၾကာင့္ ေဒသခံေတြအေနနဲ႔ ေနအိမ္အတြင္းမွာသာ ေနထိုင္ၾကဖို႔ အစိုးရက အႀကံျပဳထားပါတယ္။
ဂြမ္မာ စီရင္စု၊ အစ္ဆာကီနဲ႔ ဟိုဂို စီရင္စုအေနာက္ဘက္ တန္ဘာၿမိဳ႕မွာ ယခင္အပတ္က စံခ်ိန္တင္ ေရာက္ရွိခဲ့တဲ့ အျမင့္ဆုံး အပူခ်ိန္ ၄၁.၂ ဒီဂရီစင္တီဂရိတ္ကို ေက်ာ္လြန္ၿပီး ၄၁.၈ ဒီဂရီစင္တီဂရိတ္ထိ တိုးျမႇင့္ ေရာက္ရွိခဲ့တယ္လို႔ ေအဂ်င္စီက ေျပာၾကားပါတယ္။ ဒါအျပင္ ဂ်ပန္ႏိုင္ငံမွာ ယခုႏွစ္ ေႏြရာသီအတြင္း အပူဒဏ္ ေၾကာင့္ လူေပါင္း ၅၃,၀၀၀ ေက်ာ္ ေဆး႐ုံ ပို႔ေဆာင္ခဲ့ရတယ္လို႔ မီးသတ္ႏွင့္ သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈ ေအဂ်င္စီက ဆိုပါတယ္။ ဂ်ပန္ႏိုင္ငံတစ္ဝွမ္း ပ်မ္းမွ်အပူခ်ိန္ဟာ ယခုႏွစ္ ဇူလိုင္လမွာ တတိယႏွစ္ဆက္တိုက္ အျမင့္ဆုံး အပူခ်ိန္အျဖစ္ ဆက္လက္ေရာက္ရွိေနၿပီး ဂ်ပန္ပင္လယ္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ အေရွ႕ေျမာက္ပိုင္း ေဒသမွာ မိုး႐ြာသြန္းမႈ သိသိသာသာက်ဆင္းလာတာေၾကာင့္ စပါးရိတ္သိမ္းမႈနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈေတြ ျမင့္တက္လာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၂၃ ခုႏွစ္ကလည္း စံခ်ိန္တင္ ျမင့္တက္လာတဲ့ အပူရွိန္ေၾကာင့္ ဆန္အရည္ အေသြး ပ်က္စီးခဲ့ပါတယ္။

Related news

© 2021. All rights reserved.