ယခုဘဏ္ဍာနှစ်အစ (၄)လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၁၁၈) သန်းကျော် ဝင်ရောက်လာ

 1747

NP News - ဩဂုတ် ၆
၂၀၂၅-၂ဝ၂၆ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံ၌ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံ (FDI) ပမာဏ အမေရိကန်ဒေါ်လာ ၁၁၈.၆၉၉ သန်း ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန - DICA ၏ အချက်အလက်များအရ သိရသည်။
လက်ရှိ (၄)လတာအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၂၆ ခု ဝင်ရောက်ထားပြီး ယင်းလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၀၆.၂၉၁ သန်းတန်ဖိုး ရှိကြောင်း သိရသည်။
ရှိရင်းစွဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေရဲ့မတည်ငွေရင်း တိုးမြှင့်သည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂.၄၀၈ သန်းဖိုး ရှိခဲ့ကြောင်း သိရသည်။
ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍကို ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၂၄ ခုအထိ အများဆုံးဝင်ရောက်ထားပြီး ရေနံနှင့် သဘာဝဓာတ်ငွေကဏ္ဍမှာ လုပ်ငန်းသစ် ၁ ခု နှင့် ဝန်ဆောင်မှုကဏ္ဍကို လုပ်ငန်းသစ် ၁ ခု ဝင်ရောက်ထားသည်။
မွေးမြူရေးနှင့် စွမ်းအင်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်များ ဝင်ရောက်လာခြင်းမရှိဘဲ ရှိရင်းစွဲ လုပ်ငန်းများ၏ မတည်ငွေရင်း တိုးမြှင့်ခြင်းသာ ရှိခဲ့ကြောင်း DICA ၏ အချက်အလက်များအရသိရသည်။
ယခုဘဏ္ဍာနှစ် (၄) လတာအတွင်း မြန်မာနိုင်ငံမှာ တရုတ်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံက စီးပွားရေးလုပ်ငန်းများ ဝင်ရောက်ရင်းနှီးမြှုပ်နှံထားကြောင်း DICA မှ သိရသည်။
လက်ရှိအချိန်တွင် ရင်းနှီးမြှုပ်နှံသူ နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုရှိသည့်အနက် အတက်ပါနိုင်ငံများကသာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ထားကြခြင်းဖြစ်သည်။
ပြည်ပရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ပြည်တွင်းစီပွားရေးကဏ္ဍ ၁၂ ခု ရှိသည့်အနက် စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် အများဆုံး ဝင်ရောက်ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။

Zawgyi Version:
ယခုဘ႑ာႏွစ္အစ (၄)လအတြင္း ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ (၁၁၈) သန္းေက်ာ္ ဝင္ေရာက္လာ
NP News - ဩဂုတ္ ၆
၂၀၂၅-၂ဝ၂၆ ဘ႑ာႏွစ္ ဧၿပီလမွ ဇူလိုင္လကုန္အထိ ျမန္မာႏိုင္ငံ၌ ႏိုင္ငံျခားတိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံ (FDI) ပမာဏ အေမရိကန္ေဒၚလာ ၁၁၈.၆၉၉ သန္း ဝင္ေရာက္ထားေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန - DICA ၏ အခ်က္အလက္မ်ားအရ သိရသည္။
လက္ရွိ (၄)လတာအတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းအသစ္ ၂၆ ခု ဝင္ေရာက္ထားၿပီး ယင္းလုပ္ငန္းမ်ား၏ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏသည္ အေမရိကန္ေဒၚလာ ၁၀၆.၂၉၁ သန္းတန္ဖိုး ရွိေၾကာင္း သိရသည္။
ရွိရင္းစြဲ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းေတြရဲ႕မတည္ေငြရင္း တိုးျမႇင့္သည့္ ပမာဏမွာ အေမရိကန္ေဒၚလာ ၁၂.၄၀၈ သန္းဖိုး ရွိခဲ့ေၾကာင္း သိရသည္။
ျပည္တြင္းကုန္ထုတ္လုပ္မႈက႑ကို ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းသစ္ ၂၄ ခုအထိ အမ်ားဆုံးဝင္ေရာက္ထားၿပီး ေရနံႏွင့္ သဘာဝဓာတ္ေငြက႑မွာ လုပ္ငန္းသစ္ ၁ ခု ႏွင့္ ဝန္ေဆာင္မႈက႑ကို လုပ္ငန္းသစ္ ၁ ခု ဝင္ေရာက္ထားသည္။
ေမြးျမဴေရးႏွင့္ စြမ္းအင္က႑မ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းသစ္မ်ား ဝင္ေရာက္လာျခင္းမရွိဘဲ ရွိရင္းစြဲ လုပ္ငန္းမ်ား၏ မတည္ေငြရင္း တိုးျမႇင့္ျခင္းသာ ရွိခဲ့ေၾကာင္း DICA ၏ အခ်က္အလက္မ်ားအရသိရသည္။
ယခုဘ႑ာႏွစ္ (၄) လတာအတြင္း ျမန္မာႏိုင္ငံမွာ တ႐ုတ္၊ စင္ကာပူႏွင့္ ထိုင္းႏိုင္ငံက စီးပြားေရးလုပ္ငန္းမ်ား ဝင္ေရာက္ရင္းႏွီးျမႇဳပ္ႏွံထားေၾကာင္း DICA မွ သိရသည္။
လက္ရွိအခ်ိန္တြင္ ရင္းႏွီးျမႇဳပ္ႏွံသူ ႏိုင္ငံ၊ ေဒသေပါင္း ၅၃ ခုရွိသည့္အနက္ အတက္ပါႏိုင္ငံမ်ားကသာ ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားဆုံးျပဳလုပ္ထားၾကျခင္းျဖစ္သည္။
ျပည္ပရင္းႏွီးျမႇဳပ္ႏွံသူေတြအေနနဲ႔ ျပည္တြင္းစီပြားေရးက႑ ၁၂ ခု ရွိသည့္အနက္ စြမ္းအင္၊ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕၊ ကုန္ထုတ္လုပ္မႈက႑မ်ားတြင္ အမ်ားဆုံး ဝင္ေရာက္ရင္းႏွီးျမႇဳပ္ႏွံထားျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.