အမေရိကန်မှာ ၆ လသားအရွယ် ကလေးငယ်တစ်ဦး ကြွက်ကိုက်ခံရပြီး သေလုဆဲဆဲဖြစ်

924

ရောင်နီ (NP News) - စက်တင်ဘာ ၂၇
အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် အီဗန်စ်ဗီလာမြို့ရှိ နေအိမ်တစ်ခုမှာ အသက် ၆ လအရွယ် ကလေးငယ်တစ်ဦး ကြွက်ကိုက်ခံရပြီး သေဆုံးလုဆဲဆဲဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
ကလေးရဲ့မိဘတွေဖြစ်တဲ့ ဒေးဗစ်၊ အိန်ဂျယ်စချုံးနာဘန်းနဲ့ ကလေးရဲ့အဒေါ် ဖြစ်သူ ဒယ်လ်လိုင်တာသာမန်တို့ကို ကလေးအပေါ် လျစ်လျူရှုမှုနဲ့ အမှုရင်ဆိုင်နေရတယ်လို့ သောကြာနေ့(စက်တင်ဘာ ၂၂ ရက်) က သတင်းတွေအရ သိရပါတယ်။ မိဘတွေဟာ အခြား ရာဇဝတ်မှုတွေနဲ့လည်း ရင်ဆိုင်နေရနိုင်တယ်လို့ ရဲတပ်ဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ရဲတပ်ကြပ်ကြီး အန်နာဂရေးက ကလေးငယ်ကို ဒဏ်ရာသက်သာပြီး ဆေးရုံမှ ဆင်းပြီးနောက် မွေးစားကုသဆောင်မှာ ထားရှိထားတယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကြွက်ကိုက်ခံထားရတဲ့ကလေးကို ဖခင်ဖြစ်သူက ကြွက်ကိုက်ဒဏ်ရာကြောင့် သွေးတွေ လွှမ်းနေတာတွေ့ရှိပြီး ရဲကို ဖုန်းဆက်အကြောင်းကြားခဲ့တာဖြစ်ပါတယ်။
ကလေးငယ်ရဲ့ မျက်နှာ၊ နှာခေါင်း၊ ပေါင်၊ ခြေချောင်း၊ ခြေချောင်း၊ လက်မောင်းနဲ့ လက်ချောင်းတွေပေါ်မှာ ကြွက်ကိုက် ဒဏ်ရာ ၅ဝ ကျော်ရှိပြီး သေလုဆဲဆဲဖြစ်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။
ဒါ့အပြင် ပြန့်နေတဲ့ သွေးအိုင်ထဲမှာ ကြွက်ခြေရာတွေလည်း တွေ့ရှိခဲ့ကာ အခန်းဟာလည်း အမှိုက်တွေ၊ စွန့်ပစ်ထားတဲ့ စားကြွင်းစားကျန်တွေ ရှိနေပြီး ကြမ်းပြင်ပေါ်မှာလည်း ကြွက်ချေးတွေ တွေ့ရတယ်လို့ ရဲတပ်ဖွဲ့အစီရင်ခံစာက ဆိုပါတယ်။
ကလေးရဲ့အုပ်ထိန်းသူ ဇနီးမောင်နှံကို ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာတစ်ထောင်နဲ့ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္မွာ ၆ လသားအ႐ြယ္ ကေလးငယ္တစ္ဦး ႂကြက္ကိုက္ခံရၿပီး ေသလုဆဲဆဲျဖစ္
ေရာင္နီ (NP News) - စက္တင္ဘာ ၂၇
အေမရိကန္ႏိုင္ငံ အင္ဒီယားနားျပည္နယ္ အီဗန္စ္ဗီလာၿမိဳ႕ရွိ ေနအိမ္တစ္ခုမွာ အသက္ ၆ လအ႐ြယ္ ကေလးငယ္တစ္ဦး ႂကြက္ကိုက္ခံရၿပီး ေသဆုံးလုဆဲဆဲျဖစ္ခဲ့ရတယ္လို႔ သိရပါတယ္။
ကေလးရဲ႕မိဘေတြျဖစ္တဲ့ ေဒးဗစ္၊ အိန္ဂ်ယ္စခ်ဳံးနာဘန္းနဲ႔ ကေလးရဲ႕အေဒၚ ျဖစ္သူ ဒယ္လ္လိုင္တာသာမန္တို႔ကို ကေလးအေပၚ လ်စ္လ်ဴရႈမႈနဲ႔ အမႈရင္ဆိုင္ေနရတယ္လို႔ ေသာၾကာေန႔(စက္တင္ဘာ ၂၂ ရက္) က သတင္းေတြအရ သိရပါတယ္။ မိဘေတြဟာ အျခား ရာဇဝတ္မႈေတြနဲ႔လည္း ရင္ဆိုင္ေနရႏိုင္တယ္လို႔ ရဲတပ္ဖြဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။
ရဲတပ္ၾကပ္ႀကီး အန္နာဂေရးက ကေလးငယ္ကို ဒဏ္ရာသက္သာၿပီး ေဆး႐ုံမွ ဆင္းၿပီးေနာက္ ေမြးစားကုသေဆာင္မွာ ထားရွိထားတယ္လို႔ ဆိုပါတယ္။ ဒီျဖစ္ရပ္ဟာ ၿပီးခဲ့တဲ့ စက္တင္ဘာ ၁၃ ရက္က ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ႂကြက္ကိုက္ခံထားရတဲ့ကေလးကို ဖခင္ျဖစ္သူက ႂကြက္ကိုက္ဒဏ္ရာေၾကာင့္ ေသြးေတြ လႊမ္းေနတာေတြ႕ရွိၿပီး ရဲကို ဖုန္းဆက္အေၾကာင္းၾကားခဲ့တာျဖစ္ပါတယ္။
ကေလးငယ္ရဲ႕ မ်က္ႏွာ၊ ႏွာေခါင္း၊ ေပါင္၊ ေျခေခ်ာင္း၊ ေျခေခ်ာင္း၊ လက္ေမာင္းနဲ႔ လက္ေခ်ာင္းေတြေပၚမွာ ႂကြက္ကိုက္ ဒဏ္ရာ ၅ဝ ေက်ာ္ရွိၿပီး ေသလုဆဲဆဲျဖစ္ခဲ့တယ္လို႔ သတင္းေတြအရ သိရပါတယ္။
ဒါ့အျပင္ ျပန္႔ေနတဲ့ ေသြးအိုင္ထဲမွာ ႂကြက္ေျခရာေတြလည္း ေတြ႕ရွိခဲ့ကာ အခန္းဟာလည္း အမႈိက္ေတြ၊ စြန႔္ပစ္ထားတဲ့ စားႂကြင္းစားက်န္ေတြ ရွိေနၿပီး ၾကမ္းျပင္ေပၚမွာလည္း ႂကြက္ေခ်းေတြ ေတြ႕ရတယ္လို႔ ရဲတပ္ဖြဲ႕အစီရင္ခံစာက ဆိုပါတယ္။
ကေလးရဲ႕အုပ္ထိန္းသူ ဇနီးေမာင္ႏွံကို ဒဏ္ေၾကးေငြ အေမရိကန္ေဒၚလာတစ္ေထာင္နဲ႔ ထိန္းသိမ္းထားတယ္လို႔ သိရပါတယ္။