နယ်စပ်ဒေသ အငြင်းပွားမှုများကို ချက်ချင်းကြားဝင်ပေးရန် အာဆီယံကို ကမ္ဘောဒီးယားဝန်ကြီးချုပ် တောင်းဆို

 312

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂ဝ

ကမ္ဘောဒီးယားနှင့် ထိုင်းနယ်စပ်ဒေသတွင် တင်းမာမှုများအရှိန်မြင့်လာနေခြင်းကြောင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သော မလေးရှားနိုင်ငံက ချက်ချင်း ကြားဝင်ဖြေရှင်းပေးရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က တိုက် တွန်း တောင်းဆိုလိုက်သည်။
ဝန်ကြီးချုပ် ဟွန်မာနက်က ‘လက်ရှိ အခြေအနေတွေအရ နယ်စပ်ဒေသတင်းမာမှုတွေပိုမို ဖြစ်လာနေတယ်။ တင်းမာမှုတွေ ဖြေလျှော့နိုင်အောင် မလေးရှားနိုင်ငံကချက်ချင်းကြားဝင်ပေးစေလိုတယ်’ဟုပြောသည်။ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်သည် ပြီးခဲ့သောရက်ပိုင်းတွင် မလေးရှားဝန်ကြီးချုပ် အီဘရာဟင်နှင့် ဖုန်းဆက်ဆွေးနွေးခဲ့ ကြောင်းသိရသည်။
ထိုင်းဝန်ကြီးချုပ်အနုတင်က ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံကြားဖြစ်ပွားနေသော နယ်စပ်ဒေသအငြင်းပွားမှု များနှင့်ပတ်သက်သောဆုံးဖြတ်ပိုင်ခွင့်ကို ထိုင်းစစ်တပ်က ရယူထားကြောင်း ပြောသည်။ထိုင်းစစ်တပ်သည် ကမ္ဘောဒီး ယားနိုင်ငံနှင့် အငြင်းပွား လျက်ရှိနေသော နယ်စပ်ဒေသများတွင် ခြံစည်းရိုး ခတ်ရန် ကြိုးပမ်းခဲ့ရာ ထိုင်းစစ်တပ်နှင့် ကမ္ဘောဒီး ယားပြည်သူများကြား ပြီးခဲ့သောရက်ပိုင်းတွင် ထိပ်တိုက်တွေဆုံခဲ့ပြီး လူပေါင်း(၂၄)ဦးဒဏ်ရာရ ခဲ့ကြောင်းသိရ သည်။ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ တို့သည် နယ်စပ်ဒေသတွင်ပိုင်နက်အငြင်းပွားမှုများကြောင့် အပြန်အလှန်ပစ်ခတ်မှု များဖြစ်လာခဲ့ပြီး ဇူလိုင်(၂၈)ရက်တွင် အပစ်အခတ်ရပ်စဲရေး ရရှိခဲ့ကြောင်းသိရသည်။
ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့သည် ဩဂုတ် (၇)ရက်တွင် အချက်(၁၃)ချက်ပါသော သဘောတူညီမှုစာချုပ် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သော်လည်း လက်ရှိအချိန်တွင် အငြင်းပွားမှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။ ထိုင်းအစိုးရသည် စက်တင်ဘာ(၂၆)ရက်မှစတင်ပြီး အငြင်းပွားနေသောနယ်စပ်ဒေသတွင် ဆန္ဒပြနေသော ကမ္ဘောဒီးယားနိုင်ငံသားများကို ဖမ်းဆီးမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းအစိုးရသည် အငြင်းပွားနေသောနယ်စပ်ဒေသတွင် ခြံစည်းရိုးခတ်ရန် ကြိုးပမ်းရာမှာ ကမ္ဘောဒီးယား နိုင်ငံသားများက ၎င်းတို့ပိုင်နက်အတွင်း ရောက်ရှိနေသည်ဟု ဆန့်ကျင်ကန့်ကွက်ရာမှ ထိုင်းစစ်တပ်နှင့် ကမ္ဘောဒီးယား ပြည်သူများ ထိပ်တိုက်တွေ့ ဆုံလာခြင်းဖြစ်သည်။

Zawgyi Version:
နယ္စပ္ေဒသ အျငင္းပြားမႈမ်ားကို ခ်က္ခ်င္းၾကားဝင္ေပးရန္ အာဆီယံကို ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ေတာင္းဆို
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂ဝ
ကေမာၻဒီးယားႏွင့္ ထိုင္းနယ္စပ္ေဒသတြင္ တင္းမာမႈမ်ားအရွိန္ျမင့္လာေနျခင္းေၾကာင့္ အာဆီယံအလွည့္က် ဥကၠ႒ျဖစ္ေသာ မေလးရွားႏိုင္ငံက ခ်က္ခ်င္း ၾကားဝင္ေျဖရွင္းေပးရန္ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္မာနက္က တိုက္ တြန္း ေတာင္းဆိုလိုက္သည္။
ဝန္ႀကီးခ်ဳပ္ ဟြန္မာနက္က ‘လက္ရွိ အေျခအေနေတြအရ နယ္စပ္ေဒသတင္းမာမႈေတြပိုမို ျဖစ္လာေနတယ္။ တင္းမာမႈေတြ ေျဖေလွ်ာ့ႏိုင္ေအာင္ မေလးရွားႏိုင္ငံကခ်က္ခ်င္းၾကားဝင္ေပးေစလိုတယ္’ဟုေျပာသည္။ ကေမာၻဒီးယား ဝန္ႀကီးခ်ဳပ္ ဟြန္မာနက္သည္ ၿပီးခဲ့ေသာရက္ပိုင္းတြင္ မေလးရွားဝန္ႀကီးခ်ဳပ္ အီဘရာဟင္ႏွင့္ ဖုန္းဆက္ေဆြးေႏြးခဲ့ ေၾကာင္းသိရသည္။
ထိုင္းဝန္ႀကီးခ်ဳပ္အႏုတင္က ကေမာၻဒီးယားႏွင့္ ထိုင္းႏိုင္ငံၾကားျဖစ္ပြားေနေသာ နယ္စပ္ေဒသအျငင္းပြားမႈ မ်ားႏွင့္ပတ္သက္ေသာဆုံးျဖတ္ပိုင္ခြင့္ကို ထိုင္းစစ္တပ္က ရယူထားေၾကာင္း ေျပာသည္။ထိုင္းစစ္တပ္သည္ ကေမာၻဒီး ယားႏိုင္ငံႏွင့္ အျငင္းပြား လ်က္ရွိေနေသာ နယ္စပ္ေဒသမ်ားတြင္ ၿခံစည္း႐ိုး ခတ္ရန္ ႀကိဳးပမ္းခဲ့ရာ ထိုင္းစစ္တပ္ႏွင့္ ကေမာၻဒီး ယားျပည္သူမ်ားၾကား ၿပီးခဲ့ေသာရက္ပိုင္းတြင္ ထိပ္တိုက္ေတြဆုံခဲ့ၿပီး လူေပါင္း(၂၄)ဦးဒဏ္ရာရ ခဲ့ေၾကာင္းသိရ သည္။ ထိုင္းႏွင့္ ကေမာၻဒီးယားႏိုင္ငံ တို႔သည္ နယ္စပ္ေဒသတြင္ပိုင္နက္အျငင္းပြားမႈမ်ားေၾကာင့္ အျပန္အလွန္ပစ္ခတ္မႈ မ်ားျဖစ္လာခဲ့ၿပီး ဇူလိုင္(၂၈)ရက္တြင္ အပစ္အခတ္ရပ္စဲေရး ရရွိခဲ့ေၾကာင္းသိရသည္။
ထိုင္းႏွင့္ကေမာၻဒီးယားႏိုင္ငံတို႔သည္ ဩဂုတ္ (၇)ရက္တြင္ အခ်က္(၁၃)ခ်က္ပါေသာ သေဘာတူညီမႈစာခ်ဳပ္ တစ္ရပ္ကို လက္မွတ္ေရးထိုးခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ အျငင္းပြားမႈမ်ား ဆက္လက္ရွိေနဆဲျဖစ္ေၾကာင္း သိရသည္။ ထိုင္းအစိုးရသည္ စက္တင္ဘာ(၂၆)ရက္မွစတင္ၿပီး အျငင္းပြားေနေသာနယ္စပ္ေဒသတြင္ ဆႏၵျပေနေသာ ကေမာၻဒီးယားႏိုင္ငံသားမ်ားကို ဖမ္းဆီးမည္ျဖစ္ေၾကာင္း သိရသည္။
ထိုင္းအစိုးရသည္ အျငင္းပြားေနေသာနယ္စပ္ေဒသတြင္ ၿခံစည္း႐ိုးခတ္ရန္ ႀကိဳးပမ္းရာမွာ ကေမာၻဒီးယား ႏိုင္ငံသားမ်ားက ၎တို႔ပိုင္နက္အတြင္း ေရာက္ရွိေနသည္ဟု ဆန႔္က်င္ကန႔္ကြက္ရာမွ ထိုင္းစစ္တပ္ႏွင့္ ကေမာၻဒီးယား ျပည္သူမ်ား ထိပ္တိုက္ေတြ႕ ဆုံလာျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.