ရထားသံလမ်းပေါ်၌ အရက်ထိုင်သောက်နေသည့်အမျိုးသား(၁)ဦး ရထားကြိတ်ခံရမှု မင်္ဂလာတောင်ညွန့်မြို့၌ ဖြစ်ပွား

4284
စော (NP News) - အောက်တိုဘာ ၆
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့တွင် ရထားသံလမ်းပေါ်၌ အရက်ထိုင်သောက်နေသည့်အမျိုးသား(၁)ဦး ရထား ကြိတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာ ၅ ရက်) ည (၁ဝ)နာရီဝန်းကျင်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မလွှကုန်း ဘူတာရထားသံလမ်းပေါ်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီရေး အသင်းထံမှ သိရသည်။
“ပတ်ဝန်းကျင် ပြောပုံအရတော့ သူကအရက်သောက်နေရင်း ကြိတ်မိတယ်ပြောတယ်။ ဦးခေါင်းက ကွဲသွားပြီးတော့ ဒဏ်ရာကတော့ တစ်ကိုယ်လုံးပဲပေါ့နော်။ အသက်ကတော့ လက်ရှိ မစိုးရိမ်ရတော့ပါဘူး” ဟု မင်္ဂလာတောင်ညွန့် လူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါအမျိုးသားသည် အသက်(၃ဝ)ဝန်းကျင်အရွယ်ခန့်ရှိပြီး လက်ရှိတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုဆက်လက်ခံယူနေကြောင်း သိရသည်။
Zawgyi Version;
ရထားသံလမ္းေပၚ၌ အရက္ထိုင္ေသာက္ေနသည့္အမ်ိဳးသား(၁)ဦး ရထားႀကိတ္ခံရမႈ မဂၤလာေတာင္ၫြန႔္ၿမိဳ႕၌ ျဖစ္ပြား
ေစာ (NP News) - ေအာက္တိုဘာ ၆
ရန္ကုန္တိုင္း၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕တြင္ ရထားသံလမ္းေပၚ၌ အရက္ထိုင္ေသာက္ေနသည့္အမ်ိဳးသား(၁)ဦး ရထား ႀကိတ္ခံရမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ေအာက္တိုဘာ ၅ ရက္) ည (၁ဝ)နာရီဝန္းက်င္တြင္ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ မလႊကုန္း ဘူတာရထားသံလမ္းေပၚ၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း မဂၤလာေတာင္ၫြန႔္လူငယ္လူမႈကူညီေရး အသင္းထံမွ သိရသည္။
“ပတ္ဝန္းက်င္ ေျပာပုံအရေတာ့ သူကအရက္ေသာက္ေနရင္း ႀကိတ္မိတယ္ေျပာတယ္။ ဦးေခါင္းက ကြဲသြားၿပီးေတာ့ ဒဏ္ရာကေတာ့ တစ္ကိုယ္လုံးပဲေပါ့ေနာ္။ အသက္ကေတာ့ လက္ရွိ မစိုးရိမ္ရေတာ့ပါဘူး” ဟု မဂၤလာေတာင္ၫြန႔္ လူငယ္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါအမ်ိဳးသားသည္ အသက္(၃ဝ)ဝန္းက်င္အ႐ြယ္ခန႔္ရွိၿပီး လက္ရွိတြင္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးတြင္ ေဆးကုသမႈဆက္လက္ခံယူေနေၾကာင္း သိရသည္။