တောင်ကိုရီးယား သရုပ်ဆောင် A(အမည်လွှဲ) ဆေးမှုနဲ့ ဖမ်းဆီးခံရ

 238

ရောင်နီ (NP News) - အောက်တိုဘာ ၁၇
မူးယစ်ဆေးသုံးစွဲမှုနဲ့ ထောင်ဒဏ်ကျခံခဲ့ရတဲ့ တောင်ကိုရီးယား သရုပ်ဆောင် A (အမည်လွှဲ) ဟာ ထောင်မှ လွတ်လာပြီးနောက်မှာလည်း မူးယစ်ဆေးဝါး သုံးစွဲမှု၊ ရဲတပ်ဖွဲ့ဝင်ကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ ထပ်မံ ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
အင်ချွန်းခရိုင် မှုခင်းဌာနခွဲ ၇ မှ တရားသူကြီး မွန်းဂျုံချုလ်က အသက် ၃၂ နှစ်အရွယ် သူမဟာ ပထမအကြိမ် ထိန်းသိမ်းခံရပြီးနောက် ပြန်လွတ်လာချိန်မှာလည်း မူးယစ်ဆေးဝါး ဆက်လက်ဝယ်ယူသုံးစွဲနေခဲ့ပြီး မတ်လ ၂ ရက်မှ မေလ ၂၂ ရက်အတွင်း ကီတာမင် ၂၀ ဂရမ် ခြောက်ကြိမ် (အမေရိကန်ဒေါ်လာ ၇၀၀၀ ခန့်) သုံးစွဲမှုနဲ့ တရားစွဲဆိုခဲ့ တယ်လို့ ဆိုပါတယ်။ ယခင်က မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့လက်ဝယ်တွေ့ရှိမှုအတွက် ဒဏ်ငွေ ကျပ် ၅ သန်း (အမေရိကန်ဒေါ်လာ ၃၅၃၀ ခန့်) ပေးဆောင်ခဲ့ဖူးပေမယ့် ယခုလည်း အလားတူပြစ်မှု ထပ်မံကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင် A ဟာ ဧပြီလ ၂၂ ရက်ကလည်း ရဲအရာရှိ B(အမည်လွှဲ) ကို ကိုယ်ထိလက်ရောက် စော်ကားမှုနဲ့ စွဲချက်တင် ခံခဲ့ရပြီး ဖမ်းဝရမ်းထုတ်ခဲ့ရဖူးပါတယ်။ အဆိုပါ သရုပ်ဆောင်မင်းသမီးရဲ့နာမည်ကိုတော့ လျို့ဝှက်ထား တာကြောင့် ဘယ်သူဘယ်ဝါမှန်း မသိရသေးပါဘူး။ အင်ချွန်းခရိုင် တရားရုံးက အဆိုပါ သရုပ်ဆောင် မင်းသမီး A ကို မူးယစ်ဆေးဝါးထိန်းချုပ်ရေးအက်ဥပဒေ ဖောက်ဖျက်မှု၊ ရုံးတာဝန်တွေကို နှောင့်ယှက်မှုနဲ့ အောက်တိုဘာလ ၁၆ ရက်က ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်လို့ ဆိုပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယား သ႐ုပ္ေဆာင္ A(အမည္လႊဲ) ေဆးမႈနဲ႔ ဖမ္းဆီးခံရ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၇
မူးယစ္ေဆးသုံးစြဲမႈနဲ႔ ေထာင္ဒဏ္က်ခံခဲ့ရတဲ့ ေတာင္ကိုရီးယား သ႐ုပ္ေဆာင္ A (အမည္လႊဲ) ဟာ ေထာင္မွ လြတ္လာၿပီးေနာက္မွာလည္း မူးယစ္ေဆးဝါး သုံးစြဲမႈ၊ ရဲတပ္ဖြဲ႕ဝင္ကို ကိုယ္ထိလက္ေရာက္က်ဴးလြန္မႈနဲ႔ ထပ္မံ ဖမ္းဆီးခံရတယ္လို႔ သိရပါတယ္။
အင္ခြၽန္းခ႐ိုင္ မႈခင္းဌာနခြဲ ၇ မွ တရားသူႀကီး မြန္းဂ်ဳံခ်ဳလ္က အသက္ ၃၂ ႏွစ္အ႐ြယ္ သူမဟာ ပထမအႀကိမ္ ထိန္းသိမ္းခံရၿပီးေနာက္ ျပန္လြတ္လာခ်ိန္မွာလည္း မူးယစ္ေဆးဝါး ဆက္လက္ဝယ္ယူသုံးစြဲေနခဲ့ၿပီး မတ္လ ၂ ရက္မွ ေမလ ၂၂ ရက္အတြင္း ကီတာမင္ ၂၀ ဂရမ္ ေျခာက္ႀကိမ္ (အေမရိကန္ေဒၚလာ ၇၀၀၀ ခန႔္) သုံးစြဲမႈနဲ႔ တရားစြဲဆိုခဲ့ တယ္လို႔ ဆိုပါတယ္။ ယခင္က မူးယစ္ေဆးဝါး သုံးစြဲမႈနဲ႔လက္ဝယ္ေတြ႕ရွိမႈအတြက္ ဒဏ္ေငြ က်ပ္ ၅ သန္း (အေမရိကန္ေဒၚလာ ၃၅၃၀ ခန႔္) ေပးေဆာင္ခဲ့ဖူးေပမယ့္ ယခုလည္း အလားတူျပစ္မႈ ထပ္မံက်ဴးလြန္ခဲ့တယ္လို႔ ဆိုပါတယ္။
ဒါအျပင္ A ဟာ ဧၿပီလ ၂၂ ရက္ကလည္း ရဲအရာရွိ B(အမည္လႊဲ) ကို ကိုယ္ထိလက္ေရာက္ ေစာ္ကားမႈနဲ႔ စြဲခ်က္တင္ ခံခဲ့ရၿပီး ဖမ္းဝရမ္းထုတ္ခဲ့ရဖူးပါတယ္။ အဆိုပါ သ႐ုပ္ေဆာင္မင္းသမီးရဲ႕နာမည္ကိုေတာ့ လ်ိဳ႕ဝွက္ထား တာေၾကာင့္ ဘယ္သူဘယ္ဝါမွန္း မသိရေသးပါဘူး။ အင္ခြၽန္းခ႐ိုင္ တရား႐ုံးက အဆိုပါ သ႐ုပ္ေဆာင္ မင္းသမီး A ကို မူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရးအက္ဥပေဒ ေဖာက္ဖ်က္မႈ၊ ႐ုံးတာဝန္ေတြကို ေႏွာင့္ယွက္မႈနဲ႔ ေအာက္တိုဘာလ ၁၆ ရက္က ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္လိုက္တယ္လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.