ထိုင်းသံအမတ်ကြီးဟောင်းကို နေအိမ်တွင် သေဆုံးလျက်တွေ့ရှိဟု ထိုင်းရဲတပ်ဖွဲ့ပြော

2350
Pika (NP News) - အောက်တိုဘာ ၉
ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဟောင်းတစ်ဦးကို ဘန်ကောက်မြို့ Chatuchak ခရိုင်ရှိ အဆင့်မြင့်အိမ်ရာတစ်ခုတွင် အောက်တိုဘာလ(၈)ရက်၊နံနက်ပိုင်းက သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သတင်းများ၏ဖော်ပြချက်အရသိရသည်။

အဆိုပါနေအိမ်ထံမှ အပုပ်နံ့များထွက်လာသည်ဟု ဆောက်လုပ်ရေးလုပ်သားတစ်ဦး၏ တိုင်ကြားချက်ကို ရဲတပ်ဖွဲ့က လက်ခံရရှိခဲ့ပြီးနောက် အရေးပေါ် ဝန်ဆောင်မှုများနှင့် မှုခင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကို Vibhavadi Rangsit Soi 20 ရပ်ကွက်ရှိ သုံးထပ်တိုက်အဆောက်အဦးသို့ စေလွှတ်ခဲ့ကြောင်း Sutthisan ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ဆောက်လုပ်ရေးလုပ်သားတစ်ဦးက "ကျွန်တော်တို့ကို နေအိမ်ကို ပြုပြင်ဖို့ ချိန်းထားတာပါ။ ကျွန်တော်တို့ရောက်တော့ တံခါးကိုခေါက်ခဲ့ပေမယ့် ဘာတုံ့ပြန်မှုမှမရှိခဲ့ပါဘူး။ ပြီးတော့ အပုပ်နံ့ရခဲ့တဲ့အတွက် သံသယဖြစ်လာပြီး ရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့တာပါ"ဟု ပြောဆိုခဲ့သည်။
ရဲတပ်ဖွဲ့သည် အဆိုပါနေအိမ်၏ တံခါးကိုချိုးဖျက်ဝင်ရောက်ပြီးနောက် ရှာဖွေမှုများလုပ်ဆောင်ခဲ့ရာ ဒုတိယထပ်ရှိ ရေချိုးခန်းထဲတွင် ကတ်ထူပုံးများဖြင့် ဖုံးအုပ်ထားသော သက်ကြီးရွယ်အိုတစ်ဦး၏ ရုပ်အလောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါအမျိုးသားသည် လွန်ခဲ့သည့် သီတင်း ပတ်ခန့်က သေဆုံးခဲ့ခြင်းဖြစ်နိုင်ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
အဆိုပါအမျိုးသားသည် နေအိမ်ကို ပြုပြင်ပြီးနောက် ပြီးခဲ့သည့်တစ်လခန့်က ပြောင်းရွှေ့နေထိုင်ခဲ့ခြင်းဖြစ်ပြီး တစ်ဦးတည်းနေထိုင်ခဲ့ကြောင်း မျက်မြင် သက်သေများက ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့သည် အဆိုပါနေအိမ်တွင် အလုပ်လုပ်သော ပန်းချီဆရာတစ်ဦး၏သားနှစ်ယောက်ထဲမှ တစ်ယောက်၏ ဓါတ်ပုံများပါဝင်သည့် CCTV မှတ်တမ်းများကိုလည်း စစ်ဆေးနေကြောင်းသိရသည်။ အဆိုပါပန်းချီဆရာ၏သားဖြစ်သူကို မေးမြန်းခြင်းများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ထိုင်းသတင်းများ၏ဖော်ပြချက်အရ အဆိုပါလူသတ်မှုကို အသက်(၁၉)နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ မြန်မာနိုင်ငံသားသည် ဒိန်းမတ်နိုင်ငံ ထိုင်းသံအမတ်ကြီးဟောင်းနှင့် ရင်းနှီးသူဖြစ်ပြီး လူသတ်မှုကျူးလွန်ပြီးချိန်တွင် နေအိမ်အတွင်းမှ ငွေကြေးများနှင့် တန်ဖိုးရှိပစ္စည်းများကိုယူဆောင်သွားခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

zawgyi version
ထိုင္းသံအမတ္ႀကီးေဟာင္းကို ေနအိမ္တြင္ ေသဆုံးလ်က္ေတြ႕ရွိဟု ထိုင္းရဲတပ္ဖြဲ႕ေျပာ
Pika (NP News) - ေအာက္တိုဘာ ၉
ဒိန္းမတ္ႏိုင္ငံဆိုင္ရာ ထိုင္းသံအမတ္ေဟာင္းတစ္ဦးကို ဘန္ေကာက္ၿမိဳ႕ Chatuchak ခ႐ိုင္ရွိ အဆင့္ျမင့္အိမ္ရာတစ္ခုတြင္ ေအာက္တိုဘာလ(၈)ရက္၊နံနက္ပိုင္းက ေသဆုံးလ်က္ေတြ႕ရွိခဲ့ေၾကာင္း သတင္းမ်ား၏ေဖာ္ျပခ်က္အရသိရသည္။
အဆိုပါေနအိမ္ထံမွ အပုပ္နံ႔မ်ားထြက္လာသည္ဟု ေဆာက္လုပ္ေရးလုပ္သားတစ္ဦး၏ တိုင္ၾကားခ်က္ကို ရဲတပ္ဖြဲ႕က လက္ခံရရွိခဲ့ၿပီးေနာက္ အေရးေပၚ ဝန္ေဆာင္မႈမ်ားႏွင့္ မႈခင္းဆိုင္ရာ ကြၽမ္းက်င္ပညာရွင္မ်ားကို Vibhavadi Rangsit Soi 20 ရပ္ကြက္ရွိ သုံးထပ္တိုက္အေဆာက္အဦးသို႔ ေစလႊတ္ခဲ့ေၾကာင္း Sutthisan ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့သည္။
ေဆာက္လုပ္ေရးလုပ္သားတစ္ဦးက "ကြၽန္ေတာ္တို႔ကို ေနအိမ္ကို ျပဳျပင္ဖို႔ ခ်ိန္းထားတာပါ။ ကြၽန္ေတာ္တို႔ေရာက္ေတာ့ တံခါးကိုေခါက္ခဲ့ေပမယ့္ ဘာတုံ႔ျပန္မႈမွမရွိခဲ့ပါဘူး။ ၿပီးေတာ့ အပုပ္နံ႔ရခဲ့တဲ့အတြက္ သံသယျဖစ္လာၿပီး ရဲတပ္ဖြဲ႕ကို ဆက္သြယ္ခဲ့တာပါ"ဟု ေျပာဆိုခဲ့သည္။
ရဲတပ္ဖြဲ႕သည္ အဆိုပါေနအိမ္၏ တံခါးကိုခ်ိဳးဖ်က္ဝင္ေရာက္ၿပီးေနာက္ ရွာေဖြမႈမ်ားလုပ္ေဆာင္ခဲ့ရာ ဒုတိယထပ္ရွိ ေရခ်ိဳးခန္းထဲတြင္ ကတ္ထူပုံးမ်ားျဖင့္ ဖုံးအုပ္ထားေသာ သက္ႀကီး႐ြယ္အိုတစ္ဦး၏ ႐ုပ္အေလာင္းကိုေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ အဆိုပါအမ်ိဳးသားသည္ လြန္ခဲ့သည့္ သီတင္း ပတ္ခန႔္က ေသဆုံးခဲ့ျခင္းျဖစ္ႏိုင္ဖြယ္ရွိေၾကာင္း ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့သည္။
အဆိုပါအမ်ိဳးသားသည္ ေနအိမ္ကို ျပဳျပင္ၿပီးေနာက္ ၿပီးခဲ့သည့္တစ္လခန႔္က ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ျခင္းျဖစ္ၿပီး တစ္ဦးတည္းေနထိုင္ခဲ့ေၾကာင္း မ်က္ျမင္ သက္ေသမ်ားက ေျပာၾကားခဲ့သည္။ ရဲတပ္ဖြဲ႕သည္ အဆိုပါေနအိမ္တြင္ အလုပ္လုပ္ေသာ ပန္းခ်ီဆရာတစ္ဦး၏သားႏွစ္ေယာက္ထဲမွ တစ္ေယာက္၏ ဓါတ္ပုံမ်ားပါဝင္သည့္ CCTV မွတ္တမ္းမ်ားကိုလည္း စစ္ေဆးေနေၾကာင္းသိရသည္။ အဆိုပါပန္းခ်ီဆရာ၏သားျဖစ္သူကို ေမးျမန္းျခင္းမ်ား ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့သည္။
ထိုင္းသတင္းမ်ား၏ေဖာ္ျပခ်က္အရ အဆိုပါလူသတ္မႈကို အသက္(၁၉)ႏွစ္အ႐ြယ္ရွိ ျမန္မာႏိုင္ငံသားတစ္ဦးက က်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။အဆိုပါ ျမန္မာႏိုင္ငံသားသည္ ဒိန္းမတ္ႏိုင္ငံ ထိုင္းသံအမတ္ႀကီးေဟာင္းႏွင့္ ရင္းႏွီးသူျဖစ္ၿပီး လူသတ္မႈက်ဴးလြန္ၿပီးခ်ိန္တြင္ ေနအိမ္အတြင္းမွ ေငြေၾကးမ်ားႏွင့္ တန္ဖိုးရွိပစၥည္းမ်ားကိုယူေဆာင္သြားခဲ့ေၾကာင္း ထိုင္းသတင္းမ်ားတြင္ ေဖာ္ျပထားသည္။