အမေရိကန်ဒေါ်လာအပေါ် မှီခိုအားထားနေရမှုများကို လျှော့ချရန်စီစဉ်နေကြောင်း မလေးရှားအစိုးရ ပြော

 1179

Pika (NP News) - အောက်တိုဘာ ၁၁

မလေးရှားနိုင်ငံသည် အမေရိကန်ဒေါ်လာအပေါ် မှီခိုအားထားနေရမှုများကို လျှော့ချရန်အတွက် ပြည်တွင်းသုံး ငွေကြေးဖြင့် အခြေချမှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်ရန် စီစဉ်နေကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ထုတ်ဖော်ပြောခဲ့သည်။

အန်ဝါအီဘရာဟင် က "အမေရိကန်ဒေါ်လာအပေါ် မှီခိုအားထားနေရတာကို လုံးဝရပ်တန့်ဖို့က ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် မလေးရှားအစိုးရဟာ ကုန်သွယ်မှုတွေမှာ မလေးရှားငွေကြေးရင်းဂစ်ကို ပိုမိုတိုးမြှင့်အသုံးပြုဖို့ စီစဉ်နေပါတယ်" ဟု ပြောခဲ့သည်။

အရှေ့တောင်အာရှတွင် အမေရိကန်ဒေါ်လာအသုံးမပြုရေး လုပ်ငန်းစဉ်သည် ပိုမိုအားကောင်းလာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့အပြင် မလေးရှားနိုင်ငံသည် ကုန်သွယ်မှုများကို ပိုမိုလုပ်ဆောင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများတွင် ပြည်တွင်းသုံးငွေကြေးများကို အသုံးပြုရန် အင်ဒိုနီးရှား၊ ထိုင်း၊ တရုတ်နိုင်ငံတို့ နှင့် သဘောတူညီချက်ရရှိထားပြီးပြီ ဖြစ်ကြောင်း အန်ဝါအီဘရာဟင် က ပြောကြားခဲ့သည်။

အမေရိကန်ဒေါ်လာ နှင့် နှိုင်းယှဉ်မည်ဆိုပါက မလေးရှားသုံးငွေကြေး ရင်းဂစ်၏ တန်ဖိုး သိသိသာသာကျဆင်းလာ ချိန်တွင် အဆိုပါလှုပ်ရှားမှုထွက်ပေါ်လာခြင်းဖြစ်သည်။ ကုန်သွယ်မှုများတွင် ရင်းဂစ်၏ တန်ဖိုးသည် သမိုင်းဝင် အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့ပြီး ယခုနှစ်တွင် အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်မည်ဆိုပါက ရင်းဂစ်၏ တန်ဖိုး (၇ ဒသမ ၆) ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ကြောင်း သိရသည်။

အမေရိကန်ဒေါ်လာအသုံးပြုမှုကို လျှော့ချရန်အတွက် နိုင်ငံတကာကုန်သွယ်မှုများတွင် နိုင်ငံသုံးငွေကြေးများ ပိုမိုတိုးမြှင့်အသုံးပြုလာခြင်းကို အရှေ့တောင်အာရှရှိ စီးပွားရေးပညာရှင်အများအပြား က ထောက်ပြခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
အေမရိကန္ေဒၚလာအေပၚ မွီခိုအားထားေနရမႈမ်ားကို ေလွ်ာ့ခ်ရန္စီစဥ္ေနေၾကာင္း မေလးရွားအစိုးရ ေျပာ
Pika (NP News) - ေအာက္တိုဘာ ၁၁

မေလးရွားႏိုင္ငံသည္ အေမရိကန္ေဒၚလာအေပၚ မွီခိုအားထားေနရမႈမ်ားကို ေလွ်ာ့ခ်ရန္အတြက္ ျပည္တြင္းသုံး ေငြေၾကးျဖင့္ အေျခခ်မႈမ်ားကို ပိုမိုတိုးျမႇင့္လုပ္ေဆာင္ရန္ စီစဥ္ေနေၾကာင္း မေလးရွားဝန္ႀကီးခ်ဳပ္ အန္ဝါအီဘရာဟင္က ထုတ္ေဖာ္ေျပာခဲ့သည္။

အန္ဝါအီဘရာဟင္ က "အေမရိကန္ေဒၚလာအေပၚ မွီခိုအားထားေနရတာကို လုံးဝရပ္တန႔္ဖို႔က ခက္ခဲပါလိမ့္မယ္။ ဒါေပမယ့္ မေလးရွားအစိုးရဟာ ကုန္သြယ္မႈေတြမွာ မေလးရွားေငြေၾကးရင္းဂစ္ကို ပိုမိုတိုးျမႇင့္အသုံးျပဳဖို႔ စီစဥ္ေနပါတယ္" ဟု ေျပာခဲ့သည္။

အေရွ႕ေတာင္အာရွတြင္ အေမရိကန္ေဒၚလာအသုံးမျပဳေရး လုပ္ငန္းစဥ္သည္ ပိုမိုအားေကာင္းလာခဲ့ေၾကာင္း ၎က ေျပာၾကားခဲ့သည္။ ထို႔အျပင္ မေလးရွားႏိုင္ငံသည္ ကုန္သြယ္မႈမ်ားကို ပိုမိုလုပ္ေဆာင္ရန္ႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားတြင္ ျပည္တြင္းသုံးေငြေၾကးမ်ားကို အသုံးျပဳရန္ အင္ဒိုနီးရွား၊ ထိုင္း၊ တ႐ုတ္ႏိုင္ငံတို႔ ႏွင့္ သေဘာတူညီခ်က္ရရွိထားၿပီးၿပီ ျဖစ္ေၾကာင္း အန္ဝါအီဘရာဟင္ က ေျပာၾကားခဲ့သည္။

အေမရိကန္ေဒၚလာ ႏွင့္ ႏႈိင္းယွဥ္မည္ဆိုပါက မေလးရွားသုံးေငြေၾကး ရင္းဂစ္၏ တန္ဖိုး သိသိသာသာက်ဆင္းလာ ခ်ိန္တြင္ အဆိုပါလႈပ္ရွားမႈထြက္ေပၚလာျခင္းျဖစ္သည္။ ကုန္သြယ္မႈမ်ားတြင္ ရင္းဂစ္၏ တန္ဖိုးသည္ သမိုင္းဝင္ အနိမ့္ဆုံးသို႔ က်ဆင္းသြားခဲ့ၿပီး ယခုႏွစ္တြင္ အေမရိကန္ေဒၚလာႏွင့္ ႏႈိင္းယွဥ္မည္ဆိုပါက ရင္းဂစ္၏ တန္ဖိုး (၇ ဒသမ ၆) ရာခိုင္ႏႈန္းခန႔္ က်ဆင္းသြားခဲ့ေၾကာင္း သိရသည္။

အေမရိကန္ေဒၚလာအသုံးျပဳမႈကို ေလွ်ာ့ခ်ရန္အတြက္ ႏိုင္ငံတကာကုန္သြယ္မႈမ်ားတြင္ ႏိုင္ငံသုံးေငြေၾကးမ်ား ပိုမိုတိုးျမႇင့္အသုံးျပဳလာျခင္းကို အေရွ႕ေတာင္အာရွရွိ စီးပြားေရးပညာရွင္အမ်ားအျပား က ေထာက္ျပခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.