အိမ်ရာစီမံကိန်း၄ခုမှရောင်းချပေးမည့်အခန်းအရေအတွက်၂၆၉ခန်းအတွက် ယခုလ အတွင်း မဲနှိုက်မည်

 415

ချယ်ရီ (NP News) - ဇွန် ၂၄
အိမ်ရာစီမံကိန်း၄ခုမှရောင်းချပေးမည့်အခန်းအရေအတွက်၂၆၉ခန်းအတွက် ဇွန်လ ၂၇ တွင်မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၌ အခန်းမဲနှိုက်ခြင်းအခမ်းအနားကျင်းပသွားမည်ဖြစ် ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနမှ အသိပေးကြေညာထားသည်။
CHID Bankတွင် အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀နှင့်အထက် ပြည့်မီအောင်စုဆောင်းထားသူ ၂၀၂၀ဦးအနက် ၁၁၆၅ မှ စာရင်းပေးသွင်းခဲ့ပြီး အိမ်ရာအဆောက်အဦးအမျိုးအစားအလိုက် စာရင်းပေးသွင်းလျှောက်ထားသူများ အနက် ရောင်းချပေးနိုင်သည့် အခန်းအရေအတွက်အရ CHID Bank ၏ တန်းစီဇယားအစောဆုံးအမှတ်စဉ်များ သည် မဲနှိုက်ခွင့်ရရှိမည်ဖြစ်ကြောင်း ပါရှိသည်။
ရောင်းချ ပေးမည့်အခန်းအရေအတွက်မှာ စုစုပေါင်း၂၆၉ခန်းဖြစ်ပြီး သီလဝါအိမ်ရာစီမံကိန်းမှ ၄ခန်းတွဲ ၅ထပ်မှ အခန်းအရေအတွက် ၂၀ခန်း နှင့် ၈ခန်းတွဲ ၅ထပ်မှ အခန်းအရေအတွက် ၄၀ခန်း၊ ယုဇနအပိုင်း(၃)အိမ်ရာစီမံကိန်းမှ ၈ခန်းတွဲ ၅ထပ် အခန်းအရေအတွက် ၃၅ခန်း၊ ရိုးမရိပ်သာအိမ်ရာစီမံကိန်း၏ ၆ခန်းတွဲ၄ထပ်အဆောက်အဦးအမျိုးအစားမှ အခန်းအရေအတွက် ၄၄ခန်း၊၈ခန်းတွဲ ၄ထပ်မှ အခန်းအရေအတွက် ၃၂ခန်းနှင့် ၁၂ခန်းတွဲ၄ထပ်မှ အခန်းအရေအတွက် ၄၈ခန်း၊ ကျန်စစ်သားမင်းအပိုင်း(၁) ၁၂ခန်းတွဲ ၅ထပ်အဆောက်အဦးအမျိုးအစားမှ အခန်းအရေအတွက် ၅၀ ခန်းတို့ဖြစ်သည်။
အခန်းမဲနှိုက်ခြင်းအခမ်းအနားကို ဇွန်လ ၂၇ ရက် နံနက်၁၀နာရီအချိန်တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယထပ် စုဝေးခန်းမ(အမှတ် ၂၂၈/၂၃၄၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ဗိုလ်တထောင်မြို့နယ်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အခန်းမဲနှိုက်ခွင့်ရရှိသူများအနေဖြင့် အခမ်းအနားသို့ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားတက်ရောက်နိုင်ပြီး အခမ်းအနားသို့တက်ရောက်မည့်သူများသည် နိုင်ငံသားစိစစ်ရေးကဒ်ယူဆောင်လာရမည်ဖြစ်ပြီး နံနက် ၉နာရီခွဲအချိန်တွင်နေရာယူပြီးဖြစ်ရမည်ဖြစ်ကာ ကိုယ်စားတက်ရောက်ပါက ကိုယ်စားလှယ်လွှဲစာ၊ အခန်းမဲနှိုက်ခွင့်ရရှိသူ၏ မှတ်ပုံတင်မိတ္တူပါရှိရမည်ဟု အသိပေးထားသည်။
အခန်းမဲနှိုက်၍ ဝယ်ယူခွင့်ရရှိသူများ၏ ဘဏ်ချေးငွေစိစစ်ရန် အကြောင်းကြားစာအား တစ်ပါတည်းထုတ်ပေးမည်ဖြစ်၍ အကြောင်းအမျိုးမျိုးကြောင့် ယင်းနေ့တွင်ထုတ်ယူနိုင်ခြင်းမရှိပါက ဇူလိုင်လ ၁၁ရက်နေ့နောက်ဆုံးထား ထုတ်ပေးမည်ဖြစ်ပြီး အချိန်မီလာရောက်ထုတ်ယူခြင်းမပြုပါက အခန်းဝယ်ယူခွင့် ပယ်ဖျက်မည်ဖြစ်ကြောင်း အသိပေးထားသည်။
အခန်းမဲနှိုက်၍ ဝယ်ယူခွင့်ရရှိသူများသည် ဇူလိုင်လ ၂၅ရက်နေ့နောက်ဆုံးထားပြီး CHID Bank သို့ ဆက်သွယ်၍ ချေးငွေကိစ္စဆောင်ရွက်ရမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆက်သွယ်ဆောင်ရွက်ခြင်းမပြုပါက အခန်းဝယ်ယူခွင့်ပယ်ဖျက်မည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။

Zawgyi Version:
ချယ်ရီ (NP News) - ဇွန် ၂၄
အိမ်ရာစီမံကိန်း၎ခုမှရောင်းချပေးမည့်အခန်းအရေအတွက်၂၆၉ခန်းအတွက် ဇွန်လ ၂၇ တွင်မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၌ အခန်းမဲနှိုက်ခြင်းအခမ်းအနားကျင်းပသွားမည်ဖြစ် ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနမှ အသိပေးကြေညာထားသည်။
ရောင်းချ ပေးမည့်အခန်းအရေအတွက်မှာ စုစုပေါင်း၂၆၉ခန်းဖြစ်ပြီး သီလဝါအိမ်ရာစီမံကိန်းမှ ၄ခန်းတွဲ ၅ထပ်မှ အခန်းအရေအတွက် ၂၀ခန်း နှင့် ၈ခန်းတွဲ ၅ထပ်မှ အခန်းအရေအတွက် ၄၀ခန်း၊ ယုဇနအပိုင်း(၃)အိမ်ရာစီမံကိန်းမှ ၈ခန်းတွဲ ၅ထပ် အခန်းအရေအတွက် ၃၅ခန်း၊ ရိုးမရိပ်သာအိမ်ရာစီမံကိန်း၏ ၆ခန်းတွဲ၎ထပ်အဆောက်အဦးအမျိုးအစားမှ အခန်းအရေအတွက် ၄၄ခန်း၊၈ခန်းတွဲ ၄ထပ်မှ အခန်းအရေအတွက် ၃၂ခန်းနှင့် ၁၂ခန်းတွဲ၎ထပ်မှ အခန်းအရေအတွက် ၄၈ခန်း၊ ကျန်စစ်သားမင်းအပိုင်း(၁) ၁၂ခန်းတွဲ ၅ထပ်အဆောက်အဦးအမျိုးအစားမှ အခန်းအရေအတွက် ၅၀ ခန်းတို့ဖြစ်သည်။

Related news

© 2021. All rights reserved.