ဂျပန်စစ်တပ်တွင် လူသစ်စုဆောင်းရေးများနှင့်ပတ်သက်ပြီး အခက်အခဲများကြုံတွေ့နေရ

 1729

Pika (NP News) - အောက်တိုဘာ ၁၂

ဂျပန်စစ်တပ်သည် လူသစ်စုဆောင်းရေးများနှင့်ပတ်သက်ပြီး အခက်အခဲများနှင့်ကြုံတွေ့နေရကြောင်း သတင်းများ ၏ ဖော်ပြချက်အရ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တိုကျိုမြို့အနီးရှိ ဂျပန်စစ်အခြေစိုက်စခန်းအနီးတွင် လူသစ်စုဆောင်းရေးရန် ရည်ရွယ် သောပွဲတစ်ပွဲပြုလုပ်ခဲ့သော်လည်း လာရောက်လည်ပတ်သူများ မရှိခဲ့ကြောင်း ဂျပန်စစ်တပ် က ပြောကြားခဲ့သည်။

လက်ကမ်းစာစောင်များကို လိုက်ဝေရသည့် တာဝန်ကျစစ်သားနှစ်ဦးထဲမှ တစ်ဦးက "ဒါက အဖြစ်မှန်ပါပဲ။ ဒီပွဲကို ကျင်းပခဲ့ပေမယ့် ဘယ်သူကမှ မလာခဲ့ကြပါဘူး" ဟု ပြောခဲ့သည်။ ဒေသအတွင်းတွင် တရုတ်၏ အင်အားများ ပိုမိုကြီးထွားလာမှုနှင့်အတူ မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများကြောင့် ဂျပန်နိုင်ငံသည် ပြီးခဲ့သည့်နှစ်များအတွင်း ၎င်း၏ ကာကွယ်ရေးအသုံးစရိတ်ကို ပိုမိုတိုးမြှင့်ခဲ့ကြောင်းလည်း သိရသည်။

သို့သော်လည်း တပ်ဖွဲ့ဝင်များ နည်းပါးနေမှုနှင့်အတူ ဂျပန်စစ်တပ်သည် ပိုမိုအားနည်းလာနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ဖွယ်ရှိနေကြောင်း ပြီးခဲ့သည့်ဇူလိုင်လတွင် ထုတ်ပြန်သော ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့၏ အစီရင်ခံစာတစ်ခုအရ သိရသည်။ ဂျပန်စစ်တပ်တွင်ရှိသော တပ်ဖွဲ့ဝင်အရေအတွက်သည် နှစ်စဉ် အပြောင်းအလဲ များဖြစ်နေသော်လည်း ၁၉၉ဝ ခုနှစ်မှ စတင်ပြီး ဂျပန်စစ်တပ်၏ အင်အားသည် (၇)ရာခိုင်နှုန်းကျော် ကျဆင်းသွား ခဲ့ပြီး တပ်ဖွဲ့ဝင်ရေအတွက်(၂၃ဝဝဝဝ) အောက်သာ ရှိတော့ကြောင်း သိရသည်။

၂ဝ၂၂ ခုနှစ်တွင် ဂျပန်စစ်တပ်သို့ လူ(၄ဝဝဝ) အောက်သာ ပူးပေါင်းပါဝင်ခဲ့ပြီး ခန့်မှန်းထားသည့်အရေအတွက်၏ ထက်ဝက်ကျော်ခန့်သာ ရှိခဲ့ကြောင်းသိရသည်။

Zawgyi Version;
ဂ်ပန္စစ္တပ္တြင္ လူသစ္စုေဆာင္းေရးမ်ားႏွင့္ပတ္သက္ၿပီး အခက္အခဲမ်ားႀကဳံေတြ႕ေနရ
Pika (NP News) - ေအာက္တိုဘာ ၁၂

ဂ်ပန္စစ္တပ္သည္ လူသစ္စုေဆာင္းေရးမ်ားႏွင့္ပတ္သက္ၿပီး အခက္အခဲမ်ားႏွင့္ႀကဳံေတြ႕ေနရေၾကာင္း သတင္းမ်ား ၏ ေဖာ္ျပခ်က္အရ သိရသည္။

ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း တိုက်ိဳၿမိဳ႕အနီးရွိ ဂ်ပန္စစ္အေျခစိုက္စခန္းအနီးတြင္ လူသစ္စုေဆာင္းေရးရန္ ရည္႐ြယ္ ေသာပြဲတစ္ပြဲျပဳလုပ္ခဲ့ေသာ္လည္း လာေရာက္လည္ပတ္သူမ်ား မရွိခဲ့ေၾကာင္း ဂ်ပန္စစ္တပ္ က ေျပာၾကားခဲ့သည္။

လက္ကမ္းစာေစာင္မ်ားကို လိုက္ေဝရသည့္ တာဝန္က်စစ္သားႏွစ္ဦးထဲမွ တစ္ဦးက "ဒါက အျဖစ္မွန္ပါပဲ။ ဒီပြဲကို က်င္းပခဲ့ေပမယ့္ ဘယ္သူကမွ မလာခဲ့ၾကပါဘူး" ဟု ေျပာခဲ့သည္။ ေဒသအတြင္းတြင္ တ႐ုတ္၏ အင္အားမ်ား ပိုမိုႀကီးထြားလာမႈႏွင့္အတူ ေျမာက္ကိုရီးယားႏိုင္ငံ၏ ဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈမ်ားေၾကာင့္ ဂ်ပန္ႏိုင္ငံသည္ ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း ၎၏ ကာကြယ္ေရးအသုံးစရိတ္ကို ပိုမိုတိုးျမႇင့္ခဲ့ေၾကာင္းလည္း သိရသည္။

သို႔ေသာ္လည္း တပ္ဖြဲ႕ဝင္မ်ား နည္းပါးေနမႈႏွင့္အတူ ဂ်ပန္စစ္တပ္သည္ ပိုမိုအားနည္းလာႏိုင္သည့္ အႏၲရာယ္ႏွင့္ ရင္ဆိုင္ရႏိုင္ဖြယ္ရွိေနေၾကာင္း ၿပီးခဲ့သည့္ဇူလိုင္လတြင္ ထုတ္ျပန္ေသာ ကြၽမ္းက်င္ပညာရွင္အဖြဲ႕တစ္ဖြဲ႕၏ အစီရင္ခံစာတစ္ခုအရ သိရသည္။ ဂ်ပန္စစ္တပ္တြင္ရွိေသာ တပ္ဖြဲ႕ဝင္အေရအတြက္သည္ ႏွစ္စဥ္ အေျပာင္းအလဲ မ်ားျဖစ္ေနေသာ္လည္း ၁၉၉ဝ ခုႏွစ္မွ စတင္ၿပီး ဂ်ပန္စစ္တပ္၏ အင္အားသည္ (၇)ရာခိုင္ႏႈန္းေက်ာ္ က်ဆင္းသြား ခဲ့ၿပီး တပ္ဖြဲ႕ဝင္ေရအတြက္(၂၃ဝဝဝဝ) ေအာက္သာ ရွိေတာ့ေၾကာင္း သိရသည္။

၂ဝ၂၂ ခုႏွစ္တြင္ ဂ်ပန္စစ္တပ္သို႔ လူ(၄ဝဝဝ) ေအာက္သာ ပူးေပါင္းပါဝင္ခဲ့ၿပီး ခန႔္မွန္းထားသည့္အေရအတြက္၏ ထက္ဝက္ေက်ာ္ခန႔္သာ ရွိခဲ့ေၾကာင္းသိရသည္။

Picture

Tun Gdrive

12/10/2023 10:11

အမျိုးဇာတိဂုဏ် ပျောက်သွားတာ

Picture

Aung Aung Kaung Myat

12/10/2023 14:22

yakuzaတွေခေါ်ထည့်လေဗျာ

Related news

© 2021. All rights reserved.