(၃) နှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့်လျှပ်စစ်ကဏ္ဍတွင် ကျပ်သန်း ပေါင်း(၂)သိန်းကျော်ဆုံးရှုံးခဲ့

339

Pearl (NP News) - စက်တင်ဘာ ၇
(၃) နှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့်လျှပ်စစ်ကဏ္ဍတွင် ကျပ်သန်းပေါင်း(၂)သိန်းကျော် ဆုံးရှုံးခဲ့ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက ကျင်းပခဲ့သည့် လျှပ်စစ်၊ စွမ်းအင်ကဏ္ဍနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု စကားဝိုင်းဆွေးနွေးပွဲ၏ အချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှု ကြောင့် လျှပ်စစ်ကဏ္ဍတွင် ငွေကျပ် သန်းပေါင်း (၃၆၀၀) ကျော်၊ ၂၀၂၄ ခုနှစ် တိုင်ဖွန်းမုန်တိုင်းရာဂီနှင့် ဆက်စပ်ရေကြီး ရေလျှံမှုများကြောင့် လျှပ်စစ်ကဏ္ဍတွင် ငွေကျပ်သန်းပေါင်း (၂၂၀၀၀) ကျော်ဆုံးရှုံးခဲ့ကြောင်းသိရသည်။
ထို့ပြင် ရာဂီမုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံပြုပြင်ခြင်းနှင့် Rotor Pole များ ပြုပြင်ခြင်းအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှငွေကျပ်သန်းပေါင်း (၄၀၀၀၀) ကျော် ကျခံဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။
အလားတူ လတ်တလောကြုံတွေ့ခဲ့ရသည့် မန္တလေးငလျင်ကြီးကြောင့် လျှပ်စစ်ကဏ္ဍတွင် ငွေကျပ်သန်းပေါင်း (၁၅၃၀၀၀) ကျော် ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီး စွမ်းအင်ကဏ္ဍတွင် ငွေကျပ်သန်းပေါင်း (၃၄၀) ကျော် ဆုံးရှုံးခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version:
(၃) ႏွစ္အတြင္း သဘာဝေဘးအႏၲရာယ္ေၾကာင့္လွ်ပ္စစ္က႑တြင္ က်ပ္သန္း ေပါင္း(၂)သိန္းေက်ာ္ဆုံးရွံးခဲ့
Pearl (NP News) - စက္တင္ဘာ ၇
(၃) ႏွစ္အတြင္း သဘာဝေဘးအႏၲရာယ္ေၾကာင့္လွ်ပ္စစ္က႑တြင္ က်ပ္သန္းေပါင္း(၂)သိန္းေက်ာ္ ဆုံးရွံးခဲ့ေၾကာင္း ၿပီးခဲ့သည့္ ရက္ပိုင္းက က်င္းပခဲ့သည့္ လွ်ပ္စစ္၊ စြမ္းအင္က႑ႏွင့္ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈ စကားဝိုင္းေဆြးေႏြးပြဲ၏ အခ်က္အလက္မ်ားအရ သိရသည္။
ျမန္မာႏိုင္ငံတြင္ ၂၀၂၃ ခုႏွစ္ ဆိုင္ကလုန္းမုန္တိုင္း မိုခါတိုက္ခတ္မႈ ေၾကာင့္ လွ်ပ္စစ္က႑တြင္ ေငြက်ပ္ သန္းေပါင္း ၃၆၀၀ ေက်ာ္၊ ၂၀၂၄ ခုႏွစ္ တိုင္ဖြန္းမုန္တိုင္းရာဂီႏွင့္ ဆက္စပ္ေရႀကီး ေရလွ်ံမႈမ်ားေၾကာင့္ လွ်ပ္စစ္က႑တြင္ ေငြက်ပ္သန္းေပါင္း ၂၂၀၀၀ ေက်ာ္ဆုံးရႈံးခဲ့ေၾကာင္းသိရသည္။
ထို႔ျပင္ ရာဂီမုန္တိုင္းေၾကာင့္ပ်က္စီးခဲ့သည့္ ေရအားလွ်ပ္စစ္ဓာတ္အားေပး စက္႐ုံျပဳျပင္ျခင္းႏွင့္ Rotor Pole မ်ား ျပဳျပင္ျခင္းအတြက္ အမ်ိဳးသားသဘာဝ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈရန္ပုံ ေငြမွေငြက်ပ္သန္းေပါင္း ၄၀၀၀၀ ေက်ာ္ က်ခံေဆာင္႐ြက္ေပးခဲ့ေၾကာင္းလည္း သိရသည္။
အလားတူ လတ္တေလာႀကဳံေတြ႕ခဲ့ရသည့္ မႏၲေလးငလ်င္ႀကီးေၾကာင့္ လွ်ပ္စစ္က႑တြင္ ေငြက်ပ္သန္းေပါင္း ၁၅၃၀၀၀ ေက်ာ္ ဆုံးရႈံးမႈျဖစ္ေပၚခဲ့ၿပီး စြမ္းအင္က႑တြင္ ေငြက်ပ္သန္းေပါင္း ၃၄၀ ေက်ာ္ ဆုံးရႈံးခဲ့ေၾကာင္းလည္း သိရသည္။