ပြင်ဦးလွင်တွင် တပ်မတော်သားအယာင်ဆောင်ကာ ခြိမ်းခြောက်ပြောဆိုခဲ့သူကို ဖမ်းဆီးအရေးယူ

 1533

ပီယ (NP News) - စက်တင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ စက်တင်ဘာလ (၆) ရက်က အများပြည်သူ အထင်အမြင် လွဲမှားစေရန်နှင့် အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ တပ်မတော်သားအယာင်ဆောင်ကာ ခြိမ်းခြောက်ပြောဆိုခဲ့သူအား ဖမ်းဆီးအရေးယူထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ (၅) ရက်၊ နံနက် ၁၁ နာရီအချိန်က ပြင်ဦးလွင်မြို့ ၊ သီဟ Mobile ဖုန်းဆိုင်သို့ ဖုန်းလာရောက်ဝယ်ယူရန် ရောက်ရှိလာသောအမည်မသိလူငယ် (၁) ဦးက Phone-13 ဝယ်ယူရန် ဈေးနှုန်းမေးသဖြင့် ဆိုင်ဝန်ထမ်းများမှ ရှင်းလင်းပြောပြခဲ့ရာ အဆိုပါလူငယ်မှ ညနေမှပြန်လာမည် ဖြစ်ကြောင်းပြောဆို၍ ပြန်သွားခဲ့ကြောင်း သိရသည်။

ယင်းနောက် ထိုနေ့ ည (၇) နာရီခွဲခန့်တွင် အဆိုပါလူငယ်က အရက် သေစာသောက်စားမူးယစ်ကာ ဖုန်းဆိုင်သို့ပြန်လည်ရောက်ရှိလာပြီး ဖုန်းများအား ထုတ်ယူကြည့်ရှုကာ ၎င်းလိုချင်သည့်ဖုန်းမှာ I Phone-13 ဖြစ်ပြီး ယခုတွေ့ရှိသည့်ဖုန်းမှာ I Phone-11 Pro Max ဖုန်း ဖြစ်နေသဖြင့် မကျေနပ်ကြောင်းပြောကာ ဆိုင်မှဝန်ထမ်းများအား ၎င်းမှာတပ်မတော်မှ တပ်ကြပ်ကြီး အဆင့်ရှိ စိုးဝင်းဖြစ်ကြောင်း၊ ဆိုင်တစ်ဆိုင်လုံးအား PDF ဟုပြောဆိုပြီး ဖမ်းခိုင်းမည်ဖြစ်ကြောင်း၊ ယူနီဖောင်းဝတ်ပြီး ပြန်လာမည်ဖြစ်ကြောင်းစသဖြင့် ကြမ်းတမ်းစွာခြိမ်းခြောက်ပြောဆို ထွက်ခွာ သွားကြောင်းသတင်းရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါလူငယ်အား စုံစမ်း ဖော်ထုတ်ခဲ့ရာ ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာ၊ ရပ်ကွက်ကြီး(၂၁)နေ စိုးဝင်း(၂၄)နှစ်(ဘ) ဦးသိန်းအောင်ဆိုသူဖြစ်ကြောင်း စုံစမ်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး စိုးဝင်းမှာ တပ်မတော်သားတစ်ဦး မဟုတ်ဘဲ တပ်မတော်သားအဖြစ် အယောင်ဆောင်ကာ တပ်မတော်အပေါ် ပြည်သူလူထုအထင်အမြင် လွဲမှားစေရန်ရည်ရွယ်၍ ပြောဆိုခြိမ်းခြောက်ခဲ့ကြောင်း စစ်ဆေးအတည်ပြုပေါ်ပေါက်သဖြင့် အများ ပြည်သူအထင်အမြင်လွဲမှားစေရန်နှင့် အထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ တပ်မတော်သားအယာင် ဆောင်ကာ ခြိမ်းခြောက်ပြောဆိုခဲ့သူ စိုးဝင်းအား ပြင်ဦးလွင်မြို့မရဲစခန်း(ပ)၁၈၅/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က/ ၁၇၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

zawgyi version

ျပင္ဦးလြင္တြင္ တပ္မေတာ္သားအယာင္ေဆာင္ကာ ၿခိမ္းေျခာက္ေျပာဆိုခဲ့သူကို ဖမ္းဆီးအေရးယူ

ပီယ (NP News) - စက္တင္ဘာ ၇

မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕နယ္၌ စက္တင္ဘာလ (၆) ရက္က အမ်ားျပည္သူ အထင္အျမင္ လြဲမွားေစရန္ႏွင့္ အထိတ္တလန႔္ျဖစ္ေစရန္ ရည္႐ြယ္၍ တပ္မေတာ္သားအယာင္ေဆာင္ကာ ၿခိမ္းေျခာက္ေျပာဆိုခဲ့သူအား ဖမ္းဆီးအေရးယူထားေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ျဖစ္စဥ္မွာ စက္တင္ဘာလ (၅) ရက္၊ နံနက္ ၁၁ နာရီအခ်ိန္က ျပင္ဦးလြင္ၿမိဳ႕ ၊ သီဟ Mobile ဖုန္းဆိုင္သို႔ ဖုန္းလာေရာက္ဝယ္ယူရန္ ေရာက္ရွိလာေသာအမည္မသိလူငယ္ (၁) ဦးက Phone-13 ဝယ္ယူရန္ ေဈးႏႈန္းေမးသျဖင့္ ဆိုင္ဝန္ထမ္းမ်ားမွ ရွင္းလင္းေျပာျပခဲ့ရာ အဆိုပါလူငယ္မွ ညေနမွျပန္လာမည္ ျဖစ္ေၾကာင္းေျပာဆို၍ ျပန္သြားခဲ့ေၾကာင္း သိရသည္။

ယင္းေနာက္ ထိုေန႔ ည (၇) နာရီခြဲခန႔္တြင္ အဆိုပါလူငယ္က အရက္ ေသစာေသာက္စားမူးယစ္ကာ ဖုန္းဆိုင္သို႔ျပန္လည္ေရာက္ရွိလာၿပီး ဖုန္းမ်ားအား ထုတ္ယူၾကည့္ရႈကာ ၎လိုခ်င္သည့္ဖုန္းမွာ I Phone-13 ျဖစ္ၿပီး ယခုေတြ႕ရွိသည့္ဖုန္းမွာ I Phone-11 Pro Max ဖုန္း ျဖစ္ေနသျဖင့္ မေက်နပ္ေၾကာင္းေျပာကာ ဆိုင္မွဝန္ထမ္းမ်ားအား ၎မွာတပ္မေတာ္မွ တပ္ၾကပ္ႀကီး အဆင့္ရွိ စိုးဝင္းျဖစ္ေၾကာင္း၊ ဆိုင္တစ္ဆိုင္လုံးအား PDF ဟုေျပာဆိုၿပီး ဖမ္းခိုင္းမည္ျဖစ္ေၾကာင္း၊ ယူနီေဖာင္းဝတ္ၿပီး ျပန္လာမည္ျဖစ္ေၾကာင္းစသျဖင့္ ၾကမ္းတမ္းစြာၿခိမ္းေျခာက္ေျပာဆို ထြက္ခြာ သြားေၾကာင္းသတင္းရရွိခဲ့သျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက အဆိုပါလူငယ္အား စုံစမ္း ေဖာ္ထုတ္ခဲ့ရာ ျပင္ဦးလြင္ၿမိဳ႕နယ္၊ မိုးႀကိဳးပစ္ေက်း႐ြာ၊ ရပ္ကြက္ႀကီး(၂၁)ေန စိုးဝင္း(၂၄)ႏွစ္(ဘ) ဦးသိန္းေအာင္ဆိုသူျဖစ္ေၾကာင္း စုံစမ္းေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့ၿပီး စိုးဝင္းမွာ တပ္မေတာ္သားတစ္ဦး မဟုတ္ဘဲ တပ္မေတာ္သားအျဖစ္ အေယာင္ေဆာင္ကာ တပ္မေတာ္အေပၚ ျပည္သူလူထုအထင္အျမင္ လြဲမွားေစရန္ရည္႐ြယ္၍ ေျပာဆိုၿခိမ္းေျခာက္ခဲ့ေၾကာင္း စစ္ေဆးအတည္ျပဳေပၚေပါက္သျဖင့္ အမ်ား ျပည္သူအထင္အျမင္လြဲမွားေစရန္ႏွင့္ အထိတ္တလန႔္ျဖစ္ေစရန္ရည္႐ြယ္၍ တပ္မေတာ္သားအယာင္ ေဆာင္ကာ ၿခိမ္းေျခာက္ေျပာဆိုခဲ့သူ စိုးဝင္းအား ျပင္ဦးလြင္ၿမိဳ႕မရဲစခန္း(ပ)၁၈၅/၂၀၂၅၊ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅-က/ ၁၇၀ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

လစဥ္ေၾကး ေပးသြင္းရန္ ႏွင့္ The Statesman ဂ်ာနယ္ဝယ္ယူရန္ စုံစမ္းလိုပါက
(မနက္ ၉ နာရီ မွ ညေန ၆ နာရီ)အတြင္းသာ ဆက္သြယ္ရန္
ဖုန္း - 09-444681478 (Viber)

Related news

© 2021. All rights reserved.