မြန်မာ - ရုရှား မြို့တစ်မြို့စီအကြား၌ Sister Cities အဖြစ် ဆောင်ရွက်ရန် စီစဉ်နေ

 2801

Pearl (NP News) - အောက်တိုဘာ ၂ဝ

မြန်မာ - ရုရှား မြို့တစ်မြို့စီအကြား၌ Sister Cities အဖြစ်ဆောင်ရွက်ရန် စီစဉ်နေကြောင်း နစက၏ သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယမန်နေ့ အောက်တိုဘာလ (၁၉)ရက်တွင် နေပြည်တော်၌ လာရောက် ဂါရဝပြုတွေ့ဆုံစဉ် အထက်ပါကဲ့သို့ ထည့်သွင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။


တွေ့ဆုံစဉ် မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် နှင့် ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားကဏ္ဍများအပြင် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ရန် အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆင့်မြင့်ပညာသင်ကြားရေးဆိုင်ရာများတွင် အပြန်အလှန်ဖလှယ်ရေး နှင့် နှစ်နိုင်ငံအကြားသံတမန်ဆက်ဆံမှုများ တိုးမြှင့်ရေးအတွက် ရုရှားနိုင်ငံ၌ ကောင်စစ်ဝန်ရုံးများဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေသောအခြေအနေများကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


ထို့အပြင် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်ဒေသရှိ မြို့တစ်မြို့နှင့် မြန်မာနိုင်ငံရှိ မြို့တစ်မြို့တို့အကြား Sister Cities အဖြစ် ဆောင်ရွက်သွားမည့် အခြေအနေများ အပါအဝင် ယဉ်ကျေးမှု နှင့် ဘာသာရေးဆိုင်ရာများ အပြန်အလှန် ဖလှယ်ရေး၊ ကုန်သွယ်မှု နှင့် ခရီးသွားကဏ္ဍမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးခဲ့ ကြောင်း သိရသည်။

အလားတူ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်ဦးသန်းထွန်းဦး နှင့် စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပ ဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr.Grigoriev Evgeny Dmitrievich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ အောက်တိုဘာလ (၁၉)ရက်တွင် နေပြည်တော်ကောင်စီရုံး၌ တွေ့ဆုံခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထား သည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား စက်မှုကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှု လုပ်ငန်းများနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍများ အပါအဝင် လယ်ယာအခြေပြု စီးပွားရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍများ နှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ျမန္မာ - ႐ုရွား ၿမိဳ႕တစ္ၿမိဳ႕စီအၾကား၌ Sister Cities အျဖစ္ ေဆာင္႐ြက္ရန္ စီစဥ္ေန
Pearl (NP News) - ေအာက္တိုဘာ ၂ဝ

ျမန္မာ - ႐ုရွား ၿမိဳ႕တစ္ၿမိဳ႕စီအၾကား၌ Sister Cities အျဖစ္ေဆာင္႐ြက္ရန္ စီစဥ္ေနေၾကာင္း နစက၏ သတင္း ထုတ္ျပန္ခ်က္မ်ား အရ သိရသည္။

နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ထံ ႐ုရွားႏိုင္ငံ၊ စိန႔္ပီတာစဘတ္အစိုးရအဖြဲ႕ဝင္ ျပည္ပဆက္ဆံေရး ေကာ္မတီဥကၠ႒ Mr. Grigoriev Evgeny Dmitrievich ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕က ယမန္ေန႔ ေအာက္တိုဘာလ (၁၉)ရက္တြင္ ေနျပည္ေတာ္၌ လာေရာက္ ဂါရဝျပဳေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္း ေဆြးေႏြးခဲ့ျခင္းျဖစ္သည္။


ေတြ႕ဆုံစဥ္ ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံအၾကား ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈျမႇင့္တင္ရန္ ႏွင့္ ပညာေရး၊ က်န္းမာေရး၊ ခရီးသြားက႑မ်ားအျပင္ အျခားက႑ေပါင္းစုံ၌ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ဆက္လက္ျမႇင့္တင္ရန္ အတြက္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

အဆင့္ျမင့္ပညာသင္ၾကားေရးဆိုင္ရာမ်ားတြင္ အျပန္အလွန္ဖလွယ္ေရး ႏွင့္ ႏွစ္ႏိုင္ငံအၾကားသံတမန္ဆက္ဆံမႈမ်ား တိုးျမႇင့္ေရးအတြက္ ႐ုရွားႏိုင္ငံ၌ ေကာင္စစ္ဝန္႐ုံးမ်ားဖြင့္လွစ္ႏိုင္ေရး ေဆာင္႐ြက္ေနေသာအေျခအေနမ်ားကိုလည္း ထည့္သြင္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။


ထို႔အျပင္ ႐ုရွားႏိုင္ငံ၊ စိန႔္ပီတာစဘတ္ေဒသရွိ ၿမိဳ႕တစ္ၿမိဳ႕ႏွင့္ ျမန္မာႏိုင္ငံရွိ ၿမိဳ႕တစ္ၿမိဳ႕တို႔အၾကား Sister Cities အျဖစ္ ေဆာင္႐ြက္သြားမည့္ အေျခအေနမ်ား အပါအဝင္ ယဥ္ေက်းမႈ ႏွင့္ ဘာသာေရးဆိုင္ရာမ်ား အျပန္အလွန္ ဖလွယ္ေရး၊ ကုန္သြယ္မႈ ႏွင့္ ခရီးသြားက႑ျမႇင့္တင္ေရးဆိုင္ရာကိစၥရပ္မ်ားႏွင့္ပတ္သက္၍ ဆက္လက္ေဆြးေႏြးခဲ့ ေၾကာင္း သိရသည္။

အလားတူ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ၿမိဳ႕ေတာ္ဝန္ဦးသန္းထြန္းဦး ႏွင့္ စိန႔္ပီတာစဘတ္အစိုးရအဖြဲ႕ဝင္ ျပည္ပ ဆက္ဆံေရးေကာ္မတီဥကၠ႒ Mr.Grigoriev Evgeny Dmitrievich ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕တို႔ ေအာက္တိုဘာလ (၁၉)ရက္တြင္ ေနျပည္ေတာ္ေကာင္စီ႐ုံး၌ ေတြ႕ဆုံခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထား သည္။

ထိုသို႔ေတြ႕ဆုံစဥ္ ႏွစ္ႏိုင္ငံအၾကား စက္မႈကုန္ထုတ္လုပ္ငန္း၊ ဝန္ေဆာင္မႈလုပ္ငန္း၊ တန္ဖိုးျမႇင့္ကုန္ထုတ္လုပ္မႈ လုပ္ငန္းမ်ားႏွင့္ ဟိုတယ္ႏွင့္ခရီးသြားလာေရးက႑မ်ား အပါအဝင္ လယ္ယာအေျချပဳ စီးပြားေရးလုပ္ငန္းမ်ား၊ စိုက္ပ်ိဳးေရးက႑၊ စက္မႈက႑မ်ား ႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈက႑မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ရန္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.