အမေရိကန်က ဘရာဇီးကုန်ပစ္စည်းအားလုံးအပေါ် အခွန်(၅၀)ရာခိုင်နှုန်းကောက်ခံသွားမည်

 245

Pika (NP News) - ဩဂုတ် ၁

လာမည့်ဩဂုတ်လ(၁)ရက်မှစတင်ပြီး ဘရာဇီးနိုင်ငံမှကုန်ပစ္စည်းအားလုံးအပေါ် အခွန်(၅၀)ရာခိုင်နှုန်း ကောက်ခံမည့် အမိန့်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။ ထို့ပြင် ဘရာဇီးနိုင်ငံသည် အမေရိကန်၏ အမျိုးသားလုံခြုံရေး၊နိုင်ငံခြားရေးမူဝါဒနှင့် စီးပွားရေးကို ခြိမ်းခြောက်လျက်ရှိကြောင်း ဒေါ်နယ်ထရမ့်က အခိုင်အမာပြောဆိုထားသည်။

ဒေါ်နယ်ထရမ့်လက်မှတ်ရေးထိုးခဲ့သော အဆိုပါအမိန့်သည် ဘရာဇီးနိုင်ငံအပေါ် လက်ရှိအကောက်ခွန်ကို နောက်ထပ်(၄၀)ရာခိုင်နှုန်းတိုးမြှင့်လိုက်ခြင်းဖြစ်ပြီး တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများအပါအဝင် အမျိုးမျိုးသောချိုးဖောက်မှုများကို ဘရာဇီးနိုင်ငံကလုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲပြောဆိုထားသည်။ (၂၀၂၂)ခုနှစ်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီးနောက် အာဏာသိမ်းရန်ကြံစည်မှုဖြင့် တရားရင်ဆိုင်နေရသည့် ဘရာဇီးသမ္မတဟောင်း Jair Bolsonaro အပေါ် နှိပ်စက်ညှင်းပန်းမှုများကို ဒေါ်နယ်ထရမ့်က အလေးပေးပြောကြားခဲ့ကြောင်းလည်းသိရသည်။

ဒေါ်နယ်ထရမ့်က"ဘရာဇီးအစိုးရအဖွဲ့ဝင်တွေဟာ နိုင်ငံတွင်းမှာ တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖြစ်ပေါ်စေတဲ့လုပ်ရပ်တစ်ခုဖြစ်တဲ့ ဘရာဇီးသမ္မတဟောင်း Jair Bolsonaroကို နိုင်ငံရေးအရ နှိပ်စက်ညှင်းပန်းနေကြပါတယ်။”ဟုပြောဆိုခဲ့သည်။ ဘရာဇီးကုန်ပစ္စည်းအားလုံးအပေါ် အခွန်(၅၀)ရာခိုင်နှုန်းကောက်ခံမည့် ၎င်း၏ရည်ရွယ်ချက်ကို ယခုလအစောပိုင်းတွင် ဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အဆိုပါအမိန့်ထွက်ပေါ်လာခြင်းဖြစ်သည်။

zawgyi version
အေမရိကန္က ဘရာဇီးကုန္ပစၥည္းအားလုံးအေပၚ အခြန္(၅၀)ရာခိုင္ႏႈန္းေကာက္ခံသြားမည္
Pika (NP News) - ဩဂုတ္ ၁

လာမည့္ဩဂုတ္လ(၁)ရက္မွစတင္ၿပီး ဘရာဇီးႏိုင္ငံမွကုန္ပစၥည္းအားလုံးအေပၚ အခြန္(၅၀)ရာခိုင္ႏႈန္း ေကာက္ခံမည့္ အမိန႔္ကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က လက္မွတ္ေရးထိုးခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ဘရာဇီးႏိုင္ငံသည္ အေမရိကန္၏ အမ်ိဳးသားလုံၿခဳံေရး၊ႏိုင္ငံျခားေရးမူဝါဒႏွင့္ စီးပြားေရးကို ၿခိမ္းေျခာက္လ်က္ရွိေၾကာင္း ေဒၚနယ္ထရမ့္က အခိုင္အမာေျပာဆိုထားသည္။

ေဒၚနယ္ထရမ့္လက္မွတ္ေရးထိုးခဲ့ေသာ အဆိုပါအမိန႔္သည္ ဘရာဇီးႏိုင္ငံအေပၚ လက္ရွိအေကာက္ခြန္ကို ေနာက္ထပ္(၄၀)ရာခိုင္ႏႈန္းတိုးျမႇင့္လိုက္ျခင္းျဖစ္ၿပီး တရားဥပေဒစိုးမိုးေရးကို ထိခိုက္ေစသည့္ ျပင္းထန္ေသာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားအပါအဝင္ အမ်ိဳးမ်ိဳးေသာခ်ိဳးေဖာက္မႈမ်ားကို ဘရာဇီးႏိုင္ငံကလုပ္ေဆာင္ခဲ့ေၾကာင္း စြပ္စြဲေျပာဆိုထားသည္။ (၂၀၂၂)ခုႏွစ္ေ႐ြးေကာက္ပြဲတြင္ ရႈံးနိမ့္ၿပီးေနာက္ အာဏာသိမ္းရန္ႀကံစည္မႈျဖင့္ တရားရင္ဆိုင္ေနရသည့္ ဘရာဇီးသမၼတေဟာင္း Jair Bolsonaro အေပၚ ႏွိပ္စက္ညႇင္းပန္းမႈမ်ားကို ေဒၚနယ္ထရမ့္က အေလးေပးေျပာၾကားခဲ့ေၾကာင္းလည္းသိရသည္။

ေဒၚနယ္ထရမ့္က"ဘရာဇီးအစိုးရအဖြဲ႕ဝင္ေတြဟာ ႏိုင္ငံတြင္းမွာ တရားဥပေဒစိုးမိုးေရးကို ပ်က္ျပားေစမႈနဲ႔ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို ျဖစ္ေပၚေစတဲ့လုပ္ရပ္တစ္ခုျဖစ္တဲ့ ဘရာဇီးသမၼတေဟာင္း Jair Bolsonaroကို ႏိုင္ငံေရးအရ ႏွိပ္စက္ညႇင္းပန္းေနၾကပါတယ္။”ဟုေျပာဆိုခဲ့သည္။ ဘရာဇီးကုန္ပစၥည္းအားလုံးအေပၚ အခြန္(၅၀)ရာခိုင္ႏႈန္းေကာက္ခံမည့္ ၎၏ရည္႐ြယ္ခ်က္ကို ယခုလအေစာပိုင္းတြင္ ေဒၚနယ္ထရမ့္က ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ အဆိုပါအမိန႔္ထြက္ေပၚလာျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.