ဖားကန့်မြို့နယ်၌ ကျေးရွာရေတွင်းအနီးသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဆယ်ကျော်သက်အရွယ် အမျိုးသမီးတစ်ဦး သေဆုံး

 1560

NP News - အောက်တိုဘာ ၂၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကျေးရွာရေတွင်းအနီးသို့ လက်နက်ကြီးကျည်တစ်လုံးကျရောက်ပေါက်ကွဲမှုကြောင့် ရေချိုးနေသည့် (၁၂)နှစ်အရွယ် အမျိုးသမီးတစ်ဦး ကျည်စထိမှန်သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သော အောက်တိုဘာလ ၁၈ ရက်၊ ညနေ ၅နာရီအချိန်တွင် ဖားကန့်မြို့နယ်၊ နန့်ရေတောင်ကျေးရွာ၊ ရပ်ကွက်(၃)ရှိ အများသုံးရေတွင်းအနီး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်ရှိ အများသုံးရေတွင်းအနီးသို့ PDF အဖွဲ့မှ ပစ်ခတ်လိုက်သည့် လက်နက် ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထိုသို့ ကျရောက်ပေါက်ကွဲမှုကြောင့် ၎င်းရေတွင်း၌ရေချိုးနေသည့် မသဲစုမွန်(၁၂)နှစ်တွင် နောက်စေ့၊ ဝဲလက်ဖျံနှင့် ဝဲဘက်ခါးတို့၌ လက်နက်ကြီးကျည်စ ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ဒဏ်ရာရရှိသူ မသဲစုမွန်အား ဆေးကုသမှုခံယူရန် ဖားကန့်မြို့ရှိ “ရွှေပြည်သစ်” ပုဂ္ဂလိကဆေးရုံသို့ ပို့ဆောင်ဆေးကုစေခဲ့ရာ အခင်းဖြစ်စဉ်က ရရှိခဲ့သည့် ကျည်စထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

zawgyi version
ဖားကန႔္ၿမိဳ႕နယ္၌ ေက်း႐ြာေရတြင္းအနီးသို႔ လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ဆယ္ေက်ာ္သက္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး ေသဆုံး
NP News - ေအာက္တိုဘာ ၂၂

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္တြင္ ေက်း႐ြာေရတြင္းအနီးသို႔ လက္နက္ႀကီးက်ည္တစ္လုံးက်ေရာက္ေပါက္ကြဲမႈေၾကာင့္ ေရခ်ိဳးေနသည့္ (၁၂)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး က်ည္စထိမွန္ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့ေသာ ေအာက္တိုဘာလ ၁၈ ရက္၊ ညေန ၅နာရီအခ်ိန္တြင္ ဖားကန႔္ၿမိဳ႕နယ္၊ နန႔္ေရေတာင္ေက်း႐ြာ၊ ရပ္ကြက္(၃)ရွိ အမ်ားသုံးေရတြင္းအနီး၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ရပ္ကြက္ရွိ အမ်ားသုံးေရတြင္းအနီးသို႔ PDF အဖြဲ႕မွ ပစ္ခတ္လိုက္သည့္ လက္နက္ ႀကီးက်ည္တစ္လုံး က်ေရာက္ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။

ထိုသို႔ က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ၎ေရတြင္း၌ေရခ်ိဳးေနသည့္ မသဲစုမြန္(၁၂)ႏွစ္တြင္ ေနာက္ေစ့၊ ဝဲလက္ဖ်ံႏွင့္ ဝဲဘက္ခါးတို႔၌ လက္နက္ႀကီးက်ည္စ ေဖာက္ဝင္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ဒဏ္ရာရရွိသူ မသဲစုမြန္အား ေဆးကုသမႈခံယူရန္ ဖားကန႔္ၿမိဳ႕ရွိ “ေ႐ႊျပည္သစ္” ပုဂၢလိကေဆး႐ုံသို႔ ပို႔ေဆာင္ေဆးကုေစခဲ့ရာ အခင္းျဖစ္စဥ္က ရရွိခဲ့သည့္ က်ည္စထိမွန္ဒဏ္ရာမ်ားျဖင့္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ပစ္ခတ္တိုက္ခိုက္မႈက်ဴးလြန္သူမ်ားအား ဥပေဒႏွင့္အညီ အျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.