ပြည်တွင်းကားဈေးကွက်အတွင်း၌ အကျဈေးဖြင့် အရောင်းအဝယ်ဖြစ်နေ

 4790

NP News - အောက်တိုဘာ ၂၈

လက်ရှိ ပြည်တွင်းကားဈေးကွက်အတွင်း၌ အကျဈေးဖြင့် အရောင်းအဝယ် ပုံမှန်ဖြစ်နေကြောင်း ကားဝယ်ရောင်းလုပ်ငန်းရှင်များက ပြောသည်။

ပြည်တွင်းကားဈေးနှုန်း‌သည် ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ်ကြောင့် အမြင့်ဆုံးဈေး တန်းရောက်ရှိနေခဲ့ရာမှ အောက်တိုဘာလအတွင်း အမျိုးအစားအလိုက် ပျမ်းမျှအားဖြင့် ၇၅ ရာခိုင်နှုန်းခန့် ကျဈေးဖြင့် ပြန်လည်ရောင်းချနေကြောင်းသိရသည်။

“ပုံမှန်ပါပဲဆိုတာက အရောင်းအဝယ် တအားကြီးဖြစ်လားဆိုတော့လည်း မဖြစ်ဘူး။ လုံးဝမရောင်းရဘူးဆိုတာလည်း မဟုတ်ဘူး။ သူ့ဟာနဲ့သူတော့ လိုအပ်ချက်ရှိတဲ့ကားကတော့ ဝယ်ကြ၊ ရောင်းကြတယ်။ ဒါပေမယ့် တက်သွားတဲ့ ဈေးနဲ့တော့ ဝယ်ကြတာမဟုတ်ဘူး၊ ချပေးတဲ့ဈေးကျမှ ဝယ်ကြတာ။ ကားဈေးက အရင်က ဖြစ်သင့်ဖြစ်ထိုက်တာထက် ဆွဲတင်လိုက်ကြတော့ ထိုက်သင့်တဲ့ဈေးထက် ကျော်လွန်သွားတာပေါ့။ အခု အခြေအနေအားလုံး ငြိမ်တဲ့အချိန်မှာတော့ အဲ့ဒီဆွဲတင်ထားတဲ့ဈေးကို ပြန်ချပေးရတယ်။ တချို့ကျတော့လည်း မချချင်ကြဘူးပေါ့။ အဲဒီတော့ တချို့ကားဈေးတွေကတော့ မကျဘူးလို့ ပြောလို့ရတယ်။ ဒါပေမယ့် ရာခိုင်နှုန်းအားဖြင့်တွက်ရင်တော့ ၇၅ ရာခိုင်နှုန်းကတော့ ဈေးပြန်ချပေးတဲ့အတွက် ကားဈေးကပြန်ကျသွားတယ်။ ရောက်သင့်တဲ့ဈေးကိုပြန်ရောက်သွားပါတယ်”ဟု ကားဝယ်ရောင်းအကျိုးဆောင်တစ်ဦးက ပြောသည်။

ကားဈေးကွက်၌ ဩဂုတ်လအတွင်းက ငွေကျပ် သိန်း ၁၃၀၀ အထိ ဈေးခေါ်ရောင်းချခဲ့သော ကားများသည် စက်တင်ဘာလကုန်ပိုင်းမှစ၍ ဈေးကျဆင်းလာနေပြီး ငွေကျပ်သိန်း ၁၀၀၀ အထက် ကားများသာမက ငွေကျပ်သိန်း ၅၀၀ အောက် ကားများပါ ဈေးများတစ်ပြိုင်နက်တည်း ကျဆင်းလာကြောင်း သိရသည်။

Honda Fit အပါအဝင် သိန်း(၈ဝဝ)နီးပါးမြင့်တက်ခဲ့သည့်ကားများသည် သိန်းငါးရာဝန်း ကျင်၊ Suzuki Ertiga ကဲသို့သော သိန်း (၁၃၀၀)အထိမြင့်တက်ခဲ့သောကားများသည် သိန်း(၁ဝဝဝ)ဝန်းကျင်ဖြင့် အရောင်းအဝယ်ပြန်ဖြစ်လာကြောင်းသိရသည်။

ကားဝယ်ရောင်းဈေးကွက်အတွင်း၌ ငွေပြန်ပေါ်စေရန် ရောင်းချနေသူများရှိသကဲ့သို့ ပုံမှန်သုံးစွဲရန် ကားလိုအပ်ချက်ရှိသူများကလည်း ကားပြန်ဝယ်လာခြင်း0ကြောင့် အရောင်းအဝယ်ပြန်ဖြစ်နေကြောင်းသိရသည်။

ထို့ပြင် SKD စနစ်ဖြင့် ထုတ်လုပ်ထားသော ကားဈေးနှုန်းများသည် ဩဂုတ်လအတွင်းက ငွေကျပ် သိန်း ၁၀၀၀ ကျော်၊ ငွေကျပ် ၁၀၀၀ ဝန်းကျင်ကိုရောက်ရှိခဲ့သော်လည်း လက်ရှိ
အချိန်၌ ၂၀ ရာခိုင်နှုန်းခန့် ဈေးကျပြီး အနိမ့်ဆုံး ငွေကျပ် သိန်း ၉၀၀ မှ အမြင့်ဆုံး ငွေကျပ် သိန်း ၉၅၀ ဝန်းကျင်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

zawgyi version
ျပည္တြင္းကားေဈးကြက္အတြင္း၌ အက်ေဈးျဖင့္ အေရာင္းအဝယ္ျဖစ္ေန
NP News - ေအာက္တိုဘာ ၂၈

လက္ရွိ ျပည္တြင္းကားေဈးကြက္အတြင္း၌ အက်ေဈးျဖင့္ အေရာင္းအဝယ္ ပုံမွန္ျဖစ္ေနေၾကာင္း ကားဝယ္ေရာင္းလုပ္ငန္းရွင္မ်ားက ေျပာသည္။

ျပည္တြင္းကားေဈးႏႈန္း‌သည္ က်ပ္ႏွစ္ေသာင္းတန္ ေငြစကၠဴအသစ္ေၾကာင့္ အျမင့္ဆုံးေဈး တန္းေရာက္ရွိေနခဲ့ရာမွ ေအာက္တိုဘာလအတြင္း အမ်ိဳးအစားအလိုက္ ပ်မ္းမွ်အားျဖင့္ ၇၅ ရာခိုင္ႏႈန္းခန႔္ က်ေစ်းျဖင့္ ျပန္လည္ေရာင္းခ်ေနေၾကာင္းသိရသည္။

“ပုံမွန္ပါပဲဆိုတာက အေရာင္းအဝယ္ တအားႀကီးျဖစ္လားဆိုေတာ့လည္း မျဖစ္ဘူး။ လုံးဝမေရာင္းရဘူးဆိုတာလည္း မဟုတ္ဘူး။ သူ႔ဟာနဲ႔သူေတာ့ လိုအပ္ခ်က္ရွိတဲ့ကားကေတာ့ ဝယ္ၾက၊ ေရာင္းၾကတယ္။ ဒါေပမယ့္ တက္သြားတဲ့ ေဈးနဲ႔ေတာ့ ဝယ္ၾကတာမဟုတ္ဘူး၊ ခ်ေပးတဲ့ေဈးက်မွ ဝယ္ၾကတာ။ ကားေဈးက အရင္က ျဖစ္သင့္ျဖစ္ထိုက္တာထက္ ဆြဲတင္လိုက္ၾကေတာ့ ထိုက္သင့္တဲ့ေဈးထက္ ေက်ာ္လြန္သြားတာေပါ့။ အခု အေျခအေနအားလုံး ၿငိမ္တဲ့အခ်ိန္မွာေတာ့ အဲ့ဒီဆြဲတင္ထားတဲ့ေဈးကို ျပန္ခ်ေပးရတယ္။ တခ်ိဳ႕က်ေတာ့လည္း မခ်ခ်င္ၾကဘူးေပါ့။ အဲဒီေတာ့ တခ်ိဳ႕ကားေဈးေတြကေတာ့ မက်ဘူးလို႔ ေျပာလို႔ရတယ္။ ဒါေပမယ့္ ရာခိုင္ႏႈန္းအားျဖင့္တြက္ရင္ေတာ့ ၇၅ ရာခိုင္ႏႈန္းကေတာ့ ေဈးျပန္ခ်ေပးတဲ့အတြက္ ကားေဈးကျပန္က်သြားတယ္။ ေရာက္သင့္တဲ့ေဈးကိုျပန္ေရာက္သြားပါတယ္”ဟု ကားဝယ္ေရာင္းအက်ိဳးေဆာင္တစ္ဦးက ေျပာသည္။

ကားေဈးကြက္၌ ဩဂုတ္လအတြင္းက ေငြက်ပ္ သိန္း ၁၃၀၀ အထိ ေဈးေခၚေရာင္းခ်ခဲ့ေသာ ကားမ်ားသည္ စက္တင္ဘာလကုန္ပိုင္းမွစ၍ ေဈးက်ဆင္းလာေနၿပီး ေငြက်ပ္သိန္း ၁၀၀၀ အထက္ ကားမ်ားသာမက ေငြက်ပ္သိန္း ၅၀၀ ေအာက္ ကားမ်ားပါ ေဈးမ်ားတစ္ၿပိဳင္နက္တည္း က်ဆင္းလာေၾကာင္း သိရသည္။

Honda Fit အပါအဝင္ သိန္း(၈ဝဝ)နီးပါးျမင့္တက္ခဲ့သည့္ကားမ်ားသည္ သိန္းငါးရာဝန္း က်င္၊ Suzuki Ertiga ကဲသို႔ေသာ သိန္း (၁၃၀၀)အထိျမင့္တက္ခဲ့ေသာကားမ်ားသည္ သိန္း(၁ဝဝဝ)ဝန္းက်င္ျဖင့္ အေရာင္းအဝယ္ျပန္ျဖစ္လာေၾကာင္းသိရသည္။

ကားဝယ္ေရာင္းေဈးကြက္အတြင္း၌ ေငြျပန္ေပၚေစရန္ ေရာင္းခ်ေနသူမ်ားရွိသကဲ့သို႔ ပုံမွန္သုံးစြဲရန္ ကားလိုအပ္ခ်က္ရွိသူမ်ားကလည္း ကားျပန္ဝယ္လာျခင္း0ေၾကာင့္ အေရာင္းအဝယ္ျပန္ျဖစ္ေနေၾကာင္းသိရသည္။

ထို႔ျပင္ SKD စနစ္ျဖင့္ ထုတ္လုပ္ထားေသာ ကားေဈးႏႈန္းမ်ားသည္ ဩဂုတ္လအတြင္းက ေငြက်ပ္ သိန္း ၁၀၀၀ ေက်ာ္၊ ေငြက်ပ္ ၁၀၀၀ ဝန္းက်င္ကိုေရာက္ရွိခဲ့ေသာ္လည္း လက္ရွိ
အခ်ိန္၌ ၂၀ ရာခိုင္ႏႈန္းခန႔္ ေဈးက်ၿပီး အနိမ့္ဆုံး ေငြက်ပ္ သိန္း ၉၀၀ မွ အျမင့္ဆုံး ေငြက်ပ္ သိန္း ၉၅၀ ဝန္းက်င္ေဈးမ်ားျဖင့္ အေရာင္းအဝယ္ျဖစ္ေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.