စားအုန်းဆီရည်ညွှန်းဈေးတစ်ပိသာ (၆၆၁၀) သတ်မှတ်ထားသဖြင့်ဈေးတက်လာနေ

 107

NP News စက်တင်ဘာ (၈) ရက်
(၂၀၂၅) ခုနှစ် စက်တင်ဘာ (၁၅) ရက် မှ (၂၁) ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာ ၊ငွေကျပ် (၆၆၁၀) အဖြစ်စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ က သတ်မှတ်ထားခြင်း ဖြစ်သည်။
ယခင်တစ်ပါတ် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၈ ရက် မှ ၁၄ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာ ၊ငွေကျပ် ၆၅၂၀ အဖြစ်သတ်မှတ်ခဲ့ခြင်းကြောင့် ၊ အခုတစ်ပတ် စားအုန်းဆီရည်ညွှန်းဈေးဟာ ထပ်မံမြင့်တက် လာခြင်းဖြစ်သည်။
စားအုန်းဆီရည်ညွှန်းဈေး များသည် လွန်ခဲ့သော ဇူလိုင်လကုန်ပိုင်းအတွင်းလောက်ကစပြီး တဖြည်းဖြည်း ရည်ညွှန်းဈေးနှုန်းထားများ ဆက်တိုက်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
ထုတ်ပြန်ကြေညာထားသည့် ဈေးနှုန်း ထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်မှု အပါအဝင် မသမာသည့် လုပ်ဆောင်မှု များပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင် ရွက်သွားမည်ဟုသိရသည်။
စားသုံးသူပြည်သူတွေ စားသုံးဆီဝယ်ယူ စားသုံးရာမှာဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီ များ ကို သင့်တင့်သည့် ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက် တွေ ကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ဆောင်ရွက်ပေးနေကြောင်းသိရသည်။
ပြည်တွင်းစားသုံးဆီလိုအပ်ချက်ဖြည့်ဆည်းပေးရန် ပြည်ပမှတင်သွင်းသော စားအုန်းဆီ တင်ပို့နေသည့်နိုင်ငံများ၏ ဈေးနှုန်းအတက်အကျအပေါ်မှုတည်ကာ ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းများကို တွက်ချက်သတ်မှတ်ပေးထားခြင်းဖြစ်ကြောင်းသိရသည်။

Zawgyi Version:
စားအုန်းဆီရည်ညွန်းဈေးတစ်ပိသာ (၆၆၁၀) သတ်မှတ်ထားသဖြင့်ဈေးတက်လာနေ
ပြည့်ဖြိုး(NP News)စက်တင်ဘာ (၈) ရက်

Related news

© 2021. All rights reserved.