အမေရိကန်၏အရေးယူပိတ်ဆို့မှုများသည် နိုင်ငံတကာ စီးပွားဖက်မရှိသဖြင့် ထိခိုက်မှုမရှိဟု BGF ပြော

 477

သန့်ဇင် (NP News)-စက်တင်ဘာ ၁၅
အမေရိကန်၏ အရေးယူပိတ်ဆို့မှုများသည် နိုင်ငံတကာစီးပွားဖက်မရှိသဖြင့် ထိခိုက်မှုမရှိ ကြောင်း BGF မှ အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက NP News သို့ပြောသည်။
အမေရိကန်၊ ဘဏ္ဍာရေးဝန်ကြီးဌာနက စက်တင်ဘာ (၈) ရက်ထုတ်ပြန်ခဲ့သော ကြေညာချက် တွင် အရှေ့တောင်အာရှရှိ ငွေလိမ်လုပ်ငန်းများ ကြောင့် အမေရိကန်နိုင်ငံသားများ ဒေါ်လာ(၁၀) ဘီလျံ ဆုံးရှုံးခဲ့ရသည့်အတွက် ကျားဖျန့်လုပ်ငန်းနှင့် ဆက်စပ်သော အဖွဲ့အစည်း(၆)ခုနှင့် လူပုဂ္ဂိုလ် (၃) ဦး ကို ပိတ်ဆို့အရေးယူခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းပိတ်ဆို့မှုစာရင်းတွင် ကရင်နယ်ခြားစောင့်တပ် (BGF)မှ အသွင်ကူးပြောင်းထားသော ကရင် အမျိုးသားတပ်မတော် (KNA) ဟု သုံးနှုန်းကာ BGF မှ ဗိုလ်မှူးကြီး စောမင်းမင်းဦးနှင့် ဗိုလ်မှူး စောတင် ဝင်းတို့ကို ထည့်သွင်းထားပြီး ထိုင်းနိုင်ငံရှိ အကျဉ်း‌ထောင်အတွင်း ဖမ်းဆီးထားသော ကျားဖျန့် ခေါင်း ဆောင် ရှီကျီကျန်းလည်းပါဝင်ကြောင်း သိရသည်။
ထို့ပြင် ၎င်းတို့ (၃) ဦးနှင့်ဆက်စပ်သည့် ‌မြဝတီနှင့်ရွှေကုက္ကိုရှိ Myanmar Yatai International Holding Group Co., LTD. (Myanmar Yatai) (ပြညောမေ့အေငေ)၊ ချစ်လင်းမြိုင်သတ္တုတူးဖော်ရေးနှင့် စက်မှုကုမ္ပဏီ၊ ချစ်လင်းမြိုင် တိုယိုတာကုမ္ပဏီ၊ ချစ်လင်းမြိုင်ကုမ္ပဏီ ၊ ရွှေမြစ်သောင်ရင်းစက်မှုနှင့် ကုန် ထုတ်လုပ်ငန်းကုမ္ပဏီ၊ YATAI INTERNATIONAL HOLDING GROUP LIMITED တို့ကိုလည်း ဒဏ်ခတ် ပိတ်ဆို့မှုများအတွင်း ထည့်သွင်းထားခဲ့ကြောင်း အမေရိကန်၊ ဘဏ္ဍာရေးဝန်ကြီးဌာနအကြီးအကဲ John K. Hurley က ပြောဆိုထားကြောင်း သိရသည်။
ထိုသို့ အမေရိကန်၏ ဆန်ရှင်နှင့်ပတ်သက်၍ အရေးယူပိတ်ဆို့ခံထားရသောကုမ္ပဏီများသည် နိုင်ငံတကာနှင့် ရင်းနှီးမြှုပ်နှံမှုမရှိကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
“စီးပွားရေးကတော့ ကျွန်တော်တို့ နိုင်ငံတကာမှာတော့ဘာမှလုပ်ထားတာမရှိဘူး။ အဲဒီမှာတော့ မထိခိုက်ဘူး။ ဒါပေမဲ့ အရင်လိုသွားလာလို့မရ တော့ဘူး။ ဒါတော့ ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံတကာ တွေဘာတွေနဲ့ စီးပွားရေးလုပ်တာတော့ဘာမှမရှိပါဘူး”ဟု ၎င်းကပြောသည်။
ပိတ်ဆို့စာရင်းတွင်ပါဝင်သော လုပ်ငန်း ကုမ္ပဏီများသည် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း အထက်ပါသတင်းရင်းမြစ်က ရှင်းပြသည်။
“ကျွန်တော်တို့စီးပွားရေးလုပ်တယ်ဆိုတာ သိတဲ့အတိုင်းပဲ ကုမ္ပဏီကသာနိုင်ငံတော်က ထောင် ခိုင်းလို့သာထောင်လိုက်ရတာ။ ကျွန်တော်တို့ ဘာမှကိုယ်ရေးကိုယ်တာအတွက်လည်းမလုပ်ဘူး။ နောက် ဒီအဖွဲ့အစည်းဆိုတာလည်း ကျွန်တော်တို့နယ်မြေမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ နောက် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းတွေကို ကုမ္ပဏီနဲ့လုပ်ငန်းတွေလုပ်ရမယ်ဆိုလို့သာလုပ်တာပဲရှိတယ်။ ကိုယ့် စီးပွားရေး မရှိ ဘူး။ ဒါပေမဲ့လို့ မီဒီယာမှာတော့ကြည့်လိုက်လို့ရှိရင် ကျွန်တော်တို့တွေက ကုမ္ပဏီတွေက လည်းအများ ကြီးပဲ။ အကျိုးတွေကလည်းအများ ကြီးပဲ။ ရှင်းရှင်းပြောရရင်ကျွန်တော်တို့မှာဘာရှယ်ယာမှလည်း မရှိ ဘူး။ ဘာဝင်ငွေမှလည်းမရှိဘူး။ ဒီကုမ္ပဏီ နဲ့ပတ်သက်ရင် ဒီနိုင်ငံတကာက ဒီဆန်ရှင်လုပ်ရင်တော့ အရင် ကျွန်တော်တို့သွားလာသလိုတော့မရ တော့ဘူးပေါ့။ အရင်ကဆိုသွားတယ်။ ကျွန်တော် အမေရိကမှာ လည်းသွားတယ်။ ဥရောပလည်း သွားတယ်။ အခုဆိုရင်အဲဒါတွေတော့သွားလို့မရတော့ဘူးပေါ့။ အဓိက ကတော့ ကိုချစ်သူတို့ ဘာတို့က တာဝန်ရှိတဲ့သူတွေဆိုတော့ ဒါနဲ့သူတို့မှာလည်းသတ် သတ်မရှိပါဘူး”ဟု ၎င်းကဆက်ပြောသည်။

Zawgyi Version:
အေမရိကန္၏အေရးယူပိတ္ဆို႔မႈမ်ားသည္ ႏိုင္ငံတကာ စီးပြားဖက္မရွိသျဖင့္ ထိခိုက္မႈမရွိဟု BGF ေျပာ
သန႔္ဇင္ (NP News)-စက္တင္ဘာ ၁၅
အေမရိကန္၏ အေရးယူပိတ္ဆို႔မႈမ်ားသည္ ႏိုင္ငံတကာစီးပြားဖက္မရွိသျဖင့္ ထိခိုက္မႈမရွိ ေၾကာင္း BGF မွ အမည္မေဖာ္လိုသူ သတင္းရင္းျမစ္တစ္ဦးက NP News သို႔ေျပာသည္။
အေမရိကန္၊ ဘ႑ာေရးဝန္ႀကီးဌာနက စက္တင္ဘာ (၈) ရက္ထုတ္ျပန္ခဲ့ေသာ ေၾကညာခ်က္ တြင္ အေရွ႕ေတာင္အာရွရွိ ေငြလိမ္လုပ္ငန္းမ်ား ေၾကာင့္ အေမရိကန္ႏိုင္ငံသားမ်ား ေဒၚလာ(၁၀) ဘီလ်ံ ဆုံးရႈံးခဲ့ရသည့္အတြက္ က်ားဖ်န႔္လုပ္ငန္းႏွင့္ ဆက္စပ္ေသာ အဖြဲ႕အစည္း(၆)ခုႏွင့္ လူပုဂၢိဳလ္ (၃) ဦး ကို ပိတ္ဆို႔အေရးယူခဲ့ေၾကာင္း ေဖာ္ျပထားသည္။
ယင္းပိတ္ဆို႔မႈစာရင္းတြင္ ကရင္နယ္ျခားေစာင့္တပ္ (BGF)မွ အသြင္ကူးေျပာင္းထားေသာ ကရင္ အမ်ိဳးသားတပ္မေတာ္ (KNA) ဟု သုံးႏႈန္းကာ BGF မွ ဗိုလ္မႉးႀကီး ေစာမင္းမင္းဦးႏွင့္ ဗိုလ္မႉး ေစာတင္ ဝင္းတို႔ကို ထည့္သြင္းထားၿပီး ထိုင္းႏိုင္ငံရွိ အက်ဥ္း‌ေထာင္အတြင္း ဖမ္းဆီးထားေသာ က်ားဖ်န႔္ ေခါင္း ေဆာင္ ရွီက်ီက်န္းလည္းပါဝင္ေၾကာင္း သိရသည္။
ထို႔ျပင္ ၎တို႔ (၃) ဦးႏွင့္ဆက္စပ္သည့္ ‌ျမဝတီႏွင့္ေ႐ႊကုကၠိဳရွိ Myanmar Yatai International Holding Group Co., LTD. (Myanmar Yatai) (ျပေညာေမ့ေအေင)၊ ခ်စ္လင္းၿမိဳင္သတၱဳတူးေဖာ္ေရးႏွင့္ စက္မႈကုမၸဏီ၊ ခ်စ္လင္းၿမိဳင္ တိုယိုတာကုမၸဏီ၊ ခ်စ္လင္းၿမိဳင္ကုမၸဏီ ၊ ေ႐ႊျမစ္ေသာင္ရင္းစက္မႈႏွင့္ ကုန္ ထုတ္လုပ္ငန္းကုမၸဏီ၊ YATAI INTERNATIONAL HOLDING GROUP LIMITED တို႔ကိုလည္း ဒဏ္ခတ္ ပိတ္ဆို႔မႈမ်ားအတြင္း ထည့္သြင္းထားခဲ့ေၾကာင္း အေမရိကန္၊ ဘ႑ာေရးဝန္ႀကီးဌာနအႀကီးအကဲ John K. Hurley က ေျပာဆိုထားေၾကာင္း သိရသည္။
ထိုသို႔ အေမရိကန္၏ ဆန္ရွင္ႏွင့္ပတ္သက္၍ အေရးယူပိတ္ဆို႔ခံထားရေသာကုမၸဏီမ်ားသည္ ႏိုင္ငံတကာႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈမရွိေၾကာင္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။
“စီးပြားေရးကေတာ့ ကြၽန္ေတာ္တို႔ ႏိုင္ငံတကာမွာေတာ့ဘာမွလုပ္ထားတာမရွိဘူး။ အဲဒီမွာေတာ့ မထိခိုက္ဘူး။ ဒါေပမဲ့ အရင္လိုသြားလာလို႔မရ ေတာ့ဘူး။ ဒါေတာ့ ရွိပါတယ္။ ကြၽန္ေတာ္တို႔ ႏိုင္ငံတကာ ေတြဘာေတြနဲ႔ စီးပြားေရးလုပ္တာေတာ့ဘာမွမရွိပါဘူး”ဟု ၎ကေျပာသည္။
ပိတ္ဆို႔စာရင္းတြင္ပါဝင္ေသာ လုပ္ငန္း ကုမၸဏီမ်ားသည္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားႏွင့္ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း အထက္ပါသတင္းရင္းျမစ္က ရွင္းျပသည္။
“ကြၽန္ေတာ္တို႔စီးပြားေရးလုပ္တယ္ဆိုတာ သိတဲ့အတိုင္းပဲ ကုမၸဏီကသာႏိုင္ငံေတာ္က ေထာင္ ခိုင္းလို႔သာေထာင္လိုက္ရတာ။ ကြၽန္ေတာ္တို႔ ဘာမွကိုယ္ေရးကိုယ္တာအတြက္လည္းမလုပ္ဘူး။ ေနာက္ ဒီအဖြဲ႕အစည္းဆိုတာလည္း ကြၽန္ေတာ္တို႔နယ္ေျမမွာ ေဆာက္လုပ္ေရးလုပ္ငန္းေတြ ေနာက္ ေဒသဖြံ႕ၿဖိဳး ေရးလုပ္ငန္းေတြကို ကုမၸဏီနဲ႔လုပ္ငန္းေတြလုပ္ရမယ္ဆိုလို႔သာလုပ္တာပဲရွိတယ္။ ကိုယ့္ စီးပြားေရး မရွိ ဘူး။ ဒါေပမဲ့လို႔ မီဒီယာမွာေတာ့ၾကည့္လိုက္လို႔ရွိရင္ ကြၽန္ေတာ္တို႔ေတြက ကုမၸဏီေတြက လည္းအမ်ား ႀကီးပဲ။ အက်ိဳးေတြကလည္းအမ်ား ႀကီးပဲ။ ရွင္းရွင္းေျပာရရင္ကြၽန္ေတာ္တို႔မွာဘာရွယ္ယာမွလည္း မရွိ ဘူး။ ဘာဝင္ေငြမွလည္းမရွိဘူး။ ဒီကုမၸဏီ နဲ႔ပတ္သက္ရင္ ဒီႏိုင္ငံတကာက ဒီဆန္ရွင္လုပ္ရင္ေတာ့ အရင္ ကြၽန္ေတာ္တို႔သြားလာသလိုေတာ့မရ ေတာ့ဘူးေပါ့။ အရင္ကဆိုသြားတယ္။ ကြၽန္ေတာ္ အေမရိကမွာ လည္းသြားတယ္။ ဥေရာပလည္း သြားတယ္။ အခုဆိုရင္အဲဒါေတြေတာ့သြားလို႔မရေတာ့ဘူးေပါ့။ အဓိက ကေတာ့ ကိုခ်စ္သူတို႔ ဘာတို႔က တာဝန္ရွိတဲ့သူေတြဆိုေတာ့ ဒါနဲ႔သူတို႔မွာလည္းသတ္ သတ္မရွိပါဘူး”ဟု ၎ကဆက္ေျပာသည္။

Related news

© 2021. All rights reserved.