အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် တောင်အမေရိကတိုက်ရှိ တီတီကာကာ ရေကန်ကြီး စံချိန်တင် ရေခမ်း

663

ရောင်နီ (NP News) - နိုဝင်ဘာ ၅
တောင်အမေရိကတိုက်၊ ဘိုလီးဗီးယားနယ်စပ်၊ အင်ဒီးတောင်တန်းတွေကြားမှာ တည်ရှိတဲ့ နာမည်ကျော် ကမ္ဘာ့ အမြင့်ဆုံး တီတီကာကာ ရေကန်ကြီးဟာ အယ်နီညိုလို့ လူသိများတဲ့ ရာသီဥတုဖြစ်စဉ်ကြောင့် စံချိန်တင် ရေခမ်း နေပြီး လာမယ့်လတွေအတွင်း အခြေအနေ ပိုမိုပြင်းထန်လာဖွယ်ရှိတယ်လို့ ယူဆထားပါတယ်။
ပီရူးနိုင်ငံ မိုးလေဝသနဲ့ဇလဗေဒဝန်ဆောင်မှုဌာန Senamhi မှ အင်ဂျင်နီယာတစ်ဦးဖြစ်သူ မီလာဂရောစ့်ကွစ်ပီ က ဧပြီလမှစ အင်ဒီးစ်တောင်တန်းတွေပေါ်မှာ တည်ရှိနေတဲ့ နာမည်ကျော် ရေချိုရေကန်ဟာ တစ်လကို ပျမ်းမျှ ၄ လက်မ (၁ဝ စင်တီမီတာ) နှုန်း ကျဆင်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။
ပြင်းထန်တဲ့ မိုးခေါင်ရေရှားအခြေအနေတွေနဲ့ ပုံမှန်မဟုတ်တဲ့ အပူချိန်မြင့်မားမှုတွေဟာ တောင်အမေရိကရဲ့ အကြီးဆုံးနဲ့ ကမ္ဘာပေါ်မှာ အမြင့်ဆုံး ရေပြင်ဖြစ်တဲ့ တီတီကာကာကို ရေနယ်နိမိတ် ကျဉ်းသွားစေခဲ့ပါတယ်။ ယခု အချိန်ထိအတွင်း တီတီကာကာ ရေမျက်နှာပြင်ဟာ ၁၃ လက်မ (၃၃ စင်တီမီတာ) ထိ စံချိန်တင် နိမ့်ဆင်းလာနေပြီ ဖြစ်ပါတယ်။ အလွန်အမင်းခြောက်သွေ့ခြင်းနဲ့ အပူရှိန် ၂ ဆဖြစ်လာခြင်းဟာ ပုံမှန်ထက်ပိုတဲ့ ရေငွေ့ပျံခြင်းကို ဖြစ်စေတယ်လို့ ကွစ်ပီမှပြောကြားခဲ့ပါတယ်။
အယ်နီညိုဟာ ပီရူးနိုင်ငံ ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက်မှာ မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်စေခဲ့ပေမယ့် ကူန်းပြင်မြင့် တွေမှာတော့ မိုးခေါင်ရေရှားမှုအခြေအနေများ ဖြစ်ပေါ်စေခဲ့ပါတယ်။

Zawgyi Version;
အယ္နီညိဳရာသီဥတုျဖစ္စဥ္ေၾကာင့္ ေတာင္အေမရိကတိုက္ရွိ တီတီကာကာ ေရကန္ႀကီး စံခ်ိန္တင္ ေရခမ္း
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၅
ေတာင္အေမရိကတိုက္၊ ဘိုလီးဗီးယားနယ္စပ္၊ အင္ဒီးေတာင္တန္းေတြၾကားမွာ တည္ရွိတဲ့ နာမည္ေက်ာ္ ကမာၻ႔ အျမင့္ဆုံး တီတီကာကာ ေရကန္ႀကီးဟာ အယ္နီညိဳလို႔ လူသိမ်ားတဲ့ ရာသီဥတုျဖစ္စဥ္ေၾကာင့္ စံခ်ိန္တင္ ေရခမ္း ေနၿပီး လာမယ့္လေတြအတြင္း အေျခအေန ပိုမိုျပင္းထန္လာဖြယ္ရွိတယ္လို႔ ယူဆထားပါတယ္။
ပီ႐ူးႏိုင္ငံ မိုးေလဝသနဲ႔ဇလေဗဒဝန္ေဆာင္မႈဌာန Senamhi မွ အင္ဂ်င္နီယာတစ္ဦးျဖစ္သူ မီလာဂေရာစ့္ကြစ္ပီ က ဧၿပီလမွစ အင္ဒီးစ္ေတာင္တန္းေတြေပၚမွာ တည္ရွိေနတဲ့ နာမည္ေက်ာ္ ေရခ်ိဳေရကန္ဟာ တစ္လကို ပ်မ္းမွ် ၄ လက္မ (၁ဝ စင္တီမီတာ) ႏႈန္း က်ဆင္းေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။
ျပင္းထန္တဲ့ မိုးေခါင္ေရရွားအေျခအေနေတြနဲ႔ ပုံမွန္မဟုတ္တဲ့ အပူခ်ိန္ျမင့္မားမႈေတြဟာ ေတာင္အေမရိကရဲ႕ အႀကီးဆုံးနဲ႔ ကမာၻေပၚမွာ အျမင့္ဆုံး ေရျပင္ျဖစ္တဲ့ တီတီကာကာကို ေရနယ္နိမိတ္ က်ဥ္းသြားေစခဲ့ပါတယ္။ ယခု အခ်ိန္ထိအတြင္း တီတီကာကာ ေရမ်က္ႏွာျပင္ဟာ ၁၃ လက္မ (၃၃ စင္တီမီတာ) ထိ စံခ်ိန္တင္ နိမ့္ဆင္းလာေနၿပီ ျဖစ္ပါတယ္။ အလြန္အမင္းေျခာက္ေသြ႕ျခင္းနဲ႔ အပူရွိန္ ၂ ဆျဖစ္လာျခင္းဟာ ပုံမွန္ထက္ပိုတဲ့ ေရေငြ႕ပ်ံျခင္းကို ျဖစ္ေစတယ္လို႔ ကြစ္ပီမွေျပာၾကားခဲ့ပါတယ္။
အယ္နီညိဳဟာ ပီ႐ူးႏိုင္ငံ ပစိဖိတ္ကမ္း႐ိုးတန္းတစ္ေလွ်ာက္မွာ မိုး႐ြာသြန္းမႈေတြ ျဖစ္ေပၚေစခဲ့ေပမယ့္ ကူန္းျပင္ျမင့္ေတြမွာေတာ့ မိုးေခါင္ေရရွားမႈအေျခအေနမ်ား ျဖစ္ေပၚေစခဲ့ပါတယ္။