ဖိလစ်ပိုင်နိုင်ငံတွင် သတင်းထောက်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

1168

Pika (NP News) - နိုဝင်ဘာ ၅
ဖိလစ်ပိုင်နိုင်ငံတွင် ရေဒီယိုအသံလွှင့်တင်ဆက်သူတစ်ဦးသည် ၎င်း၏စတူဒီယိုအတွင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံ ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါအမှုသည် ဖိလစ်ပိုင်နိုင်ငံတွင်း သတင်းထောက်များ အသတ်ခံရသည့် ဖြစ်ရပ်တွင် နောက်ဆုံးဖြစ်ရပ်တစ်ခု ဖြစ်ကြောင်းလည်း သိရသည်။ အသက်(၅၇)နှစ်အရွယ် မစ္စတာ Juan Jumalon သည် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Mindanao ကျွန်းရှိ ၎င်း၏နေအိမ်အခြေစိုက် ရေဒီယိုအသံလွှင့်ဌာနတွင်ရှိနေစဉ် သေနတ်သမားတစ်ဦးက ၎င်း၏ ဦးခေါင်းကို သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း Misamis Occidental ပြည်နယ် Calamba မြူနီစီပယ် ရဲမှူးချုပ် Deore Ragonio က ပြောကြားခဲ့သည်။
အဆိုပါသေနတ်သမားသည် အွန်လိုင်းတွင် ကြေငြာချက်ထုတ်လိုသည့်ပုံစံဖြင့် စတူဒီယိုအတွင်းသို့ ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သေနတ်သမား သည် အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး Juan Jumalon သည် ဒေသဆိုင်ရာဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
Juan Jumalon သည် သမ္မတဖာဒီနန်မားကို့စ် တာဝန်စယူခဲ့သည့် ၂ဝ၂၂ ခုနှစ် ဇွန်လတည်းက အသတ်ခံခဲ့ရသည့် သတင်းထောက်များထဲတွင် လေးယောက်မြောက်ဖြစ်ကြောင်းလည်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာပေါ် တွင် သတင်းထောက်များအတွက် အန္တရာယ်အရှိဆုံးနေရာများထဲမှ တစ်ခုဖြစ်ကြောင်းလည်း သိရသည်။
Juan Jumalon သည် ၎င်း၏ Cebuano-language 94.7 Gold FM Calamba station တွင် DJ Johnny Walker ဆိုသည့်နာမည်ကို အသုံးပြုကြောင်းလည်းသိရသည်။ ရဲတပ်ဖွဲ့သည် အဆိုပါလူသတ်မှုနှင့်ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း ရဲမှူးချုပ် Deore Ragonio က ပြောကြားခဲ့သည်။

Zawgyi Version;
ဖိလစ္ပိုင္ႏိုင္ငံတြင္ သတင္းေထာက္တစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရ
Pika (NP News) - ႏိုဝင္ဘာ ၅
ဖိလစ္ပိုင္ႏိုင္ငံတြင္ ေရဒီယိုအသံလႊင့္တင္ဆက္သူတစ္ဦးသည္ ၎၏စတူဒီယိုအတြင္းတြင္ ေသနတ္ျဖင့္ ပစ္သတ္ခံ ခဲ့ရေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။
အဆိုပါအမႈသည္ ဖိလစ္ပိုင္ႏိုင္ငံတြင္း သတင္းေထာက္မ်ား အသတ္ခံရသည့္ ျဖစ္ရပ္တြင္ ေနာက္ဆုံးျဖစ္ရပ္တစ္ခု ျဖစ္ေၾကာင္းလည္း သိရသည္။ အသက္(၅၇)ႏွစ္အ႐ြယ္ မစၥတာ Juan Jumalon သည္ ဖိလစ္ပိုင္ႏိုင္ငံေတာင္ပိုင္း Mindanao ကြၽန္းရွိ ၎၏ေနအိမ္အေျခစိုက္ ေရဒီယိုအသံလႊင့္ဌာနတြင္ရွိေနစဥ္ ေသနတ္သမားတစ္ဦးက ၎၏ ဦးေခါင္းကို ေသနတ္ျဖင့္ပစ္သတ္ခဲ့ျခင္းျဖစ္ေၾကာင္း Misamis Occidental ျပည္နယ္ Calamba ျမဴနီစီပယ္ ရဲမႉးခ်ဳပ္ Deore Ragonio က ေျပာၾကားခဲ့သည္။
အဆိုပါေသနတ္သမားသည္ အြန္လိုင္းတြင္ ေၾကျငာခ်က္ထုတ္လိုသည့္ပုံစံျဖင့္ စတူဒီယိုအတြင္းသို႔ ဝင္ေရာက္ကာ ေသနတ္ျဖင့္ ပစ္သတ္သြားခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ ေသနတ္သမား သည္ အခင္းျဖစ္ပြားရာေနရာမွ ထြက္ေျပးလြတ္ေျမာက္ခဲ့ၿပီး Juan Jumalon သည္ ေဒသဆိုင္ရာေဆး႐ုံတြင္ ေသဆုံးသြားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။
Juan Jumalon သည္ သမၼတဖာဒီနန္မားကို႔စ္ တာဝန္စယူခဲ့သည့္ ၂ဝ၂၂ ခုႏွစ္ ဇြန္လတည္းက အသတ္ခံခဲ့ရသည့္ သတင္းေထာက္မ်ားထဲတြင္ ေလးေယာက္ေျမာက္ျဖစ္ေၾကာင္းလည္း သိရသည္။ ဖိလစ္ပိုင္ႏိုင္ငံသည္ ကမာၻေပၚ တြင္ သတင္းေထာက္မ်ားအတြက္ အႏၲရာယ္အရွိဆုံးေနရာမ်ားထဲမွ တစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။
Juan Jumalon သည္ ၎၏ Cebuano-language 94.7 Gold FM Calamba station တြင္ DJ Johnny Walker ဆိုသည့္နာမည္ကို အသုံးျပဳေၾကာင္းလည္းသိရသည္။ ရဲတပ္ဖြဲ႕သည္ အဆိုပါလူသတ္မႈႏွင့္ပတ္သက္ၿပီး စုံစမ္း စစ္ေဆးမႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနေၾကာင္း ရဲမႉးခ်ဳပ္ Deore Ragonio က ေျပာၾကားခဲ့သည္။