စင်ကာပူရဲတပ်ဖွဲ့က ကင်းလှည့်ယာဉ်မောင်းအသစ်တွေကို ယာဉ်မောင်းနှင်မှုနဲ့ ပတ်သက်ပြီး Training ပေးဖို့ စီစဉ်ထား

 396

ရောင်နီ(NP News) - နိုဝင်ဘာ ၆

စင်ကာပူရဲတပ်ဖွဲ့ဟာ ကင်းလှည့်တပ်ဖွဲ့ရဲ့အရည်အသွေးနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို မြှင့်တင်ဖို့အတွက် ကာကွယ်ရေး မောင်းနှင်လေ့ကျင့်မှု Training တွေပေးဖို့ စီစဉ်ထားပြီး အရာရှိ ၃၅၀ ကို Trainer အဖြစ် ခန့်အပ်ဖို့ စီစဉ်ထားပါတယ်။

ဒီအစီအစဉ်ဟာ ကာကွယ်ရေးနဲ့ လုံခြုံရေးကွပ်ကဲမှု ယူနစ်ရှိ အတွေ့အကြုံနည်းတဲ့ ယာဉ်မောင်းအရာရှိတွေကို အန္တရာယ်ကြိုတင်ကာကွယ်ဖို့၊ လမ်းစည်းကမ်း၊ တောင်စောင်းတွေမှာ မောင်းနှင်ပုံ၊ အမြန်လမ်း မောင်းနှင်ပုံနဲ့ လမ်းပေါ်ရှိ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကို စကင်န်ဖတ်ခြင်း၊ အခြေအနေတွေကို ကြိုတင်ခန့်မှန်းခြင်းနဲ့ တုံ့ပြန်ပုံ (သို့မဟုတ်) ရဲဗင်ကို မောင်းနှင်နေချိန်မှာမတော်တဆမှုဖြစ်နိုင်ချေတွေကို လျှော့ချနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ တစ်ရက်၊ ရှစ်နာရီလေ့ကျင့်သင်ကြားသွားမှာဖြစ်ပြီး လက်တွေ့သင်တန်းအတွက် နည်းပြဆရာနဲ့ တစ်ဦးချင်းစီ သင်ကြားပို့ချပေးမှာ ဖြစ်ပါတယ်။

သင်တန်းပြီးဆုံးချိန်မှာ သင်တန်းဆရာက သင်တန်းသားတွေရဲ့ မောင်းနှင်မှုဆိုင်ရာ အစီရင်ခံချက်တွေကို တင်ပြရမှာ ဖြစ်တယ်လို့ သိရပါတယ်။

FIA မှ အသိအမှတ်ပြုထားတဲ့ နိုင်ငံတကာ မော်တော်ကားအဖွဲ့အစည်းများ အသင်းမှ ယာဉ်မောင်းနည်းပြ မစ္စတာဝင်ဆန်အို က “တာဝန်ကျချိန်မှာ ပိုကောင်းတဲ့ယာဉ်မောင်းတွေဖြစ်လာအောင် ကူညီပေးနိုင်တာကြောင့် ရဲအရာရှိတွေကို ဒီလိုလေ့ကျင့်သင်ကြားပေးတာ ကောင်းပါတယ်။
ယာဉ်မောင်းများအားလုံး ကျွမ်းကျင်မှု ပိုမိုထက်မြက်စေဖို့ ကာကွယ်ရေး ယာဉ်မောင်းသင်တန်းတွေ တက်ဖို့ အကြံပြုလိုပါတယ်" လို့ ပြောကြားကာ တိုက်တွန်းထားပါတယ်။

Zawgyi Version;
စင္ကာပူရဲတပ္ဖြဲ႕က ကင္းလွည့္ယာဥ္ေမာင္းအသစ္ေတြကို ယာဥ္ေမာင္းႏွင္မႈနဲ႔ ပတ္သက္ၿပီး Training ေပးဖို႔ စီစဥ္ထား
ေရာင္နီ(NP News) - ႏိုဝင္ဘာ ၆

စင္ကာပူရဲတပ္ဖြဲ႕ဟာ ကင္းလွည့္တပ္ဖြဲ႕ရဲ႕အရည္အေသြးနဲ႔ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈကို ျမႇင့္တင္ဖို႔အတြက္ ကာကြယ္ေရး ေမာင္းႏွင္ေလ့က်င့္မႈ Training ေတြေပးဖို႔ စီစဥ္ထားၿပီး အရာရွိ ၃၅၀ ကို Trainer အျဖစ္ ခန႔္အပ္ဖို႔ စီစဥ္ထားပါတယ္။

ဒီအစီအစဥ္ဟာ ကာကြယ္ေရးနဲ႔ လုံၿခဳံေရးကြပ္ကဲမႈ ယူနစ္ရွိ အေတြ႕အႀကဳံနည္းတဲ့ ယာဥ္ေမာင္းအရာရွိေတြကို အႏၲရာယ္ႀကိဳတင္ကာကြယ္ဖို႔၊ လမ္းစည္းကမ္း၊ ေတာင္ေစာင္းေတြမွာ ေမာင္းႏွင္ပုံ၊ အျမန္လမ္း ေမာင္းႏွင္ပုံနဲ႔ လမ္းေပၚရွိ ျဖစ္ေပၚလာႏိုင္တဲ့ အႏၲရာယ္ေတြကို စကင္န္ဖတ္ျခင္း၊ အေျခအေနေတြကို ႀကိဳတင္ခန႔္မွန္းျခင္းနဲ႔ တုံ႔ျပန္ပုံ (သို႔မဟုတ္) ရဲဗင္ကို ေမာင္းႏွင္ေနခ်ိန္မွာမေတာ္တဆမႈျဖစ္ႏိုင္ေခ်ေတြကို ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ ရည္႐ြယ္ပါတယ္။ တစ္ရက္၊ ရွစ္နာရီေလ့က်င့္သင္ၾကားသြားမွာျဖစ္ၿပီး လက္ေတြ႕သင္တန္းအတြက္ နည္းျပဆရာနဲ႔ တစ္ဦးခ်င္းစီ သင္ၾကားပို႔ခ်ေပးမွာ ျဖစ္ပါတယ္။

သင္တန္းၿပီးဆုံးခ်ိန္မွာ သင္တန္းဆရာက သင္တန္းသားေတြရဲ႕ ေမာင္းႏွင္မႈဆိုင္ရာ အစီရင္ခံခ်က္ေတြကို တင္ျပရမွာ ျဖစ္တယ္လို႔ သိရပါတယ္။

FIA မွ အသိအမွတ္ျပဳထားတဲ့ ႏိုင္ငံတကာ ေမာ္ေတာ္ကားအဖြဲ႕အစည္းမ်ား အသင္းမွ ယာဥ္ေမာင္းနည္းျပ မစၥတာဝင္ဆန္အို က “တာဝန္က်ခ်ိန္မွာ ပိုေကာင္းတဲ့ယာဥ္ေမာင္းေတြျဖစ္လာေအာင္ ကူညီေပးႏိုင္တာေၾကာင့္ ရဲအရာရွိေတြကို ဒီလိုေလ့က်င့္သင္ၾကားေပးတာ ေကာင္းပါတယ္။
ယာဥ္ေမာင္းမ်ားအားလုံး ကြၽမ္းက်င္မႈ ပိုမိုထက္ျမက္ေစဖို႔ ကာကြယ္ေရး ယာဥ္ေမာင္းသင္တန္းေတြ တက္ဖို႔ အႀကံျပဳလိုပါတယ္" လို႔ ေျပာၾကားကာ တိုက္တြန္းထားပါတယ္။

Related news

© 2021. All rights reserved.