တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ နှင်းမုန်တိုင်းတွေ တိုက်ခတ်မှုကြောင့် လေယာဉ်ခရီးစဉ်တွေ ရွှေ့ဆိုင်းကာ စာသင်ကျောင်းတွေ ပိတ်ခဲ့ရ

 605

ရောင်နီ (NP News) - နိုဝင်ဘာ ၇

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ တနင်္လာနေ့ (နိုဝင်ဘာ ၆ ရက်) က ရာသီဥတုအအေးဓာတ် ပိုလာပြီး နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရာနဲ့ချီတဲ့ လေယာဉ်ခရီးစဉ်တွေ ရွှေ့ဆိုင်းခဲ့ရပြီး စာသင်ကျောင်းတွေ ပိတ်ခဲ့ရပါတယ်။

အရှေ့မြောက်ပိုင်း မြို့တော်တော်များများမှာ မိုးလေဝသသတိပေးချက် ထုတ်ပြန်ထားပြီး လူတွေကို အိမ်ထဲမှာပဲ နေကြဖို့ သတိပေးထားပါတယ်။ နိုင်ငံရဲ့ မြောက်ဖျားဆုံးပြည်နယ် ဟိုင်လွန်ဂျန်မြို့တော်ရှိ Harbin Taiping အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လေယာဉ်ခရီးစဉ် ၄ဝ၅ ခုကို နံနက် ၁ဝ နာရီ ၃ဝ မိနစ်မှာ ဖျက်သိမ်းခဲ့ရတယ်လို့ ပြင်ပခရီးသွားအက်ပ် Flight Master မှ အချက်အလက်များအရ သိရပါတယ်။

နှင်းကျပြီး အေးခဲနေတဲ့အပူချိန်ကြောင့် ဟာဘင်မြို့ နေရာအများစုမှာ မူလတန်း၊ အလယ်တန်းကျောင်းများ၊ သူငယ်တန်းမျာနဲ့ ကျောင်းဝင်းပြင်ပရှိ လေ့ကျင့်ရေးအဖွဲ့အစည်းများကို ခဏပိတ်ထားတယ်လို့ အစိုးရ တရားဝင် WeChat အကောင့်အရ သိရပါတယ်။ ဂျီလင် နဲ့ လီယိုနင် ပြည်နယ်တွေရှိ လေယာဉ်ခရီးစဉ်များစွာကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။

နှင်းမုန်တိုင်းတွေနဲ့အတူ လာမယ့်ရက်တွေအတွင်း အပူချိန် သိသိသာသာကျဆင်းသွားနိုင်တယ်လို့ တရုတ်နိုင်ငံ မိုးလေဝသအာဏာပိုင်တွေက သတိပေးထားပါတယ်။ မွန်ဂိုလီးယားပြည်နယ်၊ ဟေဘီ၊ ဂျီလင် နဲ့ လီယိုနင်း ပြည်နယ်တွေမှာ နှင်းတွေ ထူထပ်စွာကျဆင်းမှုကြောင့် ရာသီဥတုတုံ့ပြန်မှုပရိုတိုကောတွေကို အဆင့်မြှင့်တင်ထား တယ်လို့ China Daily က ဖော်ပြပါတယ်။

တနင်္လာနေ့ ညနေပိုင်းအထိ နှင်းမုန်တိုင်း ၂ဝ မီလီမီတာမှ ၄ဝ မီလီမီတာအထိ ရွာသွန်းနိုင်တဲ့အတွက် ဟိုင်လွန်ဂျန် မြို့မှာ အနီရောင်သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံ အေရွ႕ေျမာက္ပိုင္းမွာ ႏွင္းမုန္တိုင္းေတြ တိုက္ခတ္မႈေၾကာင့္ ေလယာဥ္ခရီးစဥ္ေတြ ေ႐ႊ႕ဆိုင္းကာ စာသင္ေက်ာင္းေတြ ပိတ္ခဲ့ရ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၇

တ႐ုတ္ႏိုင္ငံ အေရွ႕ေျမာက္ပိုင္းမွာ တနလၤာေန႔ (ႏိုဝင္ဘာ ၆ ရက္) က ရာသီဥတုအေအးဓာတ္ ပိုလာၿပီး ႏွင္းမုန္တိုင္း တိုက္ခတ္မႈေၾကာင့္ ရာနဲ႔ခ်ီတဲ့ ေလယာဥ္ခရီးစဥ္ေတြ ေ႐ႊ႕ဆိုင္းခဲ့ရၿပီး စာသင္ေက်ာင္းေတြ ပိတ္ခဲ့ရပါတယ္။

အေရွ႕ေျမာက္ပိုင္း ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ မိုးေလဝသသတိေပးခ်က္ ထုတ္ျပန္ထားၿပီး လူေတြကို အိမ္ထဲမွာပဲ ေနၾကဖို႔ သတိေပးထားပါတယ္။ ႏိုင္ငံရဲ႕ ေျမာက္ဖ်ားဆုံးျပည္နယ္ ဟိုင္လြန္ဂ်န္ၿမိဳ႕ေတာ္ရွိ Harbin Taiping အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ေလယာဥ္ခရီးစဥ္ ၄ဝ၅ ခုကို နံနက္ ၁ဝ နာရီ ၃ဝ မိနစ္မွာ ဖ်က္သိမ္းခဲ့ရတယ္လို႔ ျပင္ပခရီးသြားအက္ပ္ Flight Master မွ အခ်က္အလက္မ်ားအရ သိရပါတယ္။

ႏွင္းက်ၿပီး ေအးခဲေနတဲ့အပူခ်ိန္ေၾကာင့္ ဟာဘင္ၿမိဳ႕ ေနရာအမ်ားစုမွာ မူလတန္း၊ အလယ္တန္းေက်ာင္းမ်ား၊ သူငယ္တန္းမ်ာနဲ႔ ေက်ာင္းဝင္းျပင္ပရွိ ေလ့က်င့္ေရးအဖြဲ႕အစည္းမ်ားကို ခဏပိတ္ထားတယ္လို႔ အစိုးရ တရားဝင္ WeChat အေကာင့္အရ သိရပါတယ္။ ဂ်ီလင္ နဲ႔ လီယိုနင္ ျပည္နယ္ေတြရွိ ေလယာဥ္ခရီးစဥ္မ်ားစြာကိုလည္း ဖ်က္သိမ္းခဲ့ရပါတယ္။

ႏွင္းမုန္တိုင္းေတြနဲ႔အတူ လာမယ့္ရက္ေတြအတြင္း အပူခ်ိန္ သိသိသာသာက်ဆင္းသြားႏိုင္တယ္လို႔ တ႐ုတ္ႏိုင္ငံ မိုးေလဝသအာဏာပိုင္ေတြက သတိေပးထားပါတယ္။ မြန္ဂိုလီးယားျပည္နယ္၊ ေဟဘီ၊ ဂ်ီလင္ နဲ႔ လီယိုနင္း ျပည္နယ္ေတြမွာ ႏွင္းေတြ ထူထပ္စြာက်ဆင္းမႈေၾကာင့္ ရာသီဥတုတုံ႔ျပန္မႈပ႐ိုတိုေကာေတြကို အဆင့္ျမႇင့္တင္ထား တယ္လို႔ China Daily က ေဖာ္ျပပါတယ္။

တနလၤာေန႔ ညေနပိုင္းအထိ ႏွင္းမုန္တိုင္း ၂ဝ မီလီမီတာမွ ၄ဝ မီလီမီတာအထိ ႐ြာသြန္းႏိုင္တဲ့အတြက္ ဟိုင္လြန္ဂ်န္ ၿမိဳ႕မွာ အနီေရာင္သတိေပးခ်က္ ထုတ္ျပန္ခဲ့ရပါတယ္။

Related news

© 2021. All rights reserved.