မကြာမီရက်ပိုင်းအတွင်း အခါလွန်မိုးရွာသွန်းနိုင်သည့်အတွက် တောင်သူများအနေဖြင့် သတိပြုရန်လိုကြောင်း မိုးဇလအသိပေး

 2414

စော (NP News) - နိုဝင်ဘာ ၁၂

မကြာမီရက်ပိုင်းအတွင်း အခါလွန်မိုးရွာသွန်းနိုင်သည့်အတွက် တောင်သူများအနေဖြင့် သတိပြုရန်လိုကြောင်း မိုးဇလမှ အသိပေးထုတ်ပြန်ထားသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယမန်နေ့(နိုဝင်ဘာလ ၁၁ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

“လေဖိအားနည်းရပ်ဝန်းက (၁၆)ရက်နေ့မှာ မုန်တိုင်းငယ်ဖြစ်မယ်လို့ ထုတ်ပြန်ချက်ထုတ်ထားတာရှိတယ်။ ဒီမုန်တိုင်းက အခါလွန်မိုးတွေ ရွာမဲ့အခြေအနေတော့ရှိပါတယ်။ မုန်တိုင်းကတော့ အိန္ဒိယအရှေ့ဘက်ကမ်းခြေနားကို ကပ်ကျသွားနိုင်တယ်။ ဒါမှမဟုတ် ဘယ်မှမသွားဘဲ ပင်လယ်ထဲမှာပဲ ပျက်ပြယ်သွားနိုင်တဲ့အခြေအနေရှိတယ်။ သို့သော်မိုးကတော့ လာမည့် (၁၆၊ ၁၇၊ ၁၈)မှာ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ မိုးရွာဖို့တော့ရှိတယ်”ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက NP News ကိုပြောသည်။

မိုးဇလ၏ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် လာမည့်(နိုဝင်ဘာလ ၁၄ ရက်)၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

အဆိုပါလေဖိအားနည်းရပ်ဝန်းသည် အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းနိုင်ကာ နိုဝင်ဘာလ (၁၆)ရက်တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“ဒီမုန်တိုင်းကတော့ နိုဝင်ဘာလဆို ဖြစ်နေကြပါ။ ဆောင်းရာသီကာလအတွက်တော့ အခါလွန်မိုးရွာတာရှိမယ်။ ကျန်တာတော့ ပင်လယ်ပြင်မှာတော့ နည်းနည်းအရှေ့လေပြင်းတိုက်တာတွေတော့ရှိမယ်။ ဒီရာသီက ပွင့်လင်းရာသီဆိုတော့ စပါးရိတ်သိမ်းတာတို့ အခြားဆောင်းသီးနှံတွေ စိုက်ပျိုးတဲ့ရာသီဆိုတော့ အချိန်အခါမဟုတ်မိုးရွာတာတွေကို သတိထားဖို့ရှိတာပေါ့။ အချိန်အခါမဟုတ်မိုးရွာတာဆိုတော့ သီးနှံတွေ သတိထားရမှာရှိမှာပေါ့”ဟု ၎င်းက NP News ကိုဆက်လက်ပြောကြားထားသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာမည့် မုန်တိုင်းငယ်ကြောင့် အခါလွန်မိုးသည် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်သည့်အတွက် စပါး အပါအဝင် အခြားသီးနှံများကို ထိခိုက်နိုင်သော်ကြောင့် တောင်သူများအနေဖြင့် သတိထားကြရန် မိုးဇလမှ အသိပေးထုတ်ပြန်ထားသည်။

zawgyi version
မၾကာမီရက္ပိုင္းအတြင္း အခါလြန္မိုး႐ြာသြန္းႏိုင္သည့္အတြက္ ေတာင္သူမ်ားအေနျဖင့္ သတိျပဳရန္လိုေၾကာင္း မိုးဇလအသိေပး
ေစာ (NP News) - ႏိုဝင္ဘာ ၁၂

မၾကာမီရက္ပိုင္းအတြင္း အခါလြန္မိုး႐ြာသြန္းႏိုင္သည့္အတြက္ ေတာင္သူမ်ားအေနျဖင့္ သတိျပဳရန္လိုေၾကာင္း မိုးဇလမွ အသိေပးထုတ္ျပန္ထားသည္။

မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ယမန္ေန႔(ႏိုဝင္ဘာလ ၁၁ ရက္)တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

“ေလဖိအားနည္းရပ္ဝန္းက (၁၆)ရက္ေန႔မွာ မုန္တိုင္းငယ္ျဖစ္မယ္လို႔ ထုတ္ျပန္ခ်က္ထုတ္ထားတာရွိတယ္။ ဒီမုန္တိုင္းက အခါလြန္မိုးေတြ ႐ြာမဲ့အေျခအေနေတာ့ရွိပါတယ္။ မုန္တိုင္းကေတာ့ အိႏၵိယအေရွ႕ဘက္ကမ္းေျခနားကို ကပ္က်သြားႏိုင္တယ္။ ဒါမွမဟုတ္ ဘယ္မွမသြားဘဲ ပင္လယ္ထဲမွာပဲ ပ်က္ျပယ္သြားႏိုင္တဲ့အေျခအေနရွိတယ္။ သို႔ေသာ္မိုးကေတာ့ လာမည့္ (၁၆၊ ၁၇၊ ၁၈)မွာ ျမန္မာႏိုင္ငံအထက္ပိုင္းေဒသေတြမွာ မိုး႐ြာဖို႔ေတာ့ရွိတယ္”ဟု မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးလွထြန္းက NP News ကိုေျပာသည္။

မိုးဇလ၏ထုတ္ျပန္ခ်က္အရ ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းတြင္ လာမည့္(ႏိုဝင္ဘာလ ၁၄ ရက္)၌ ေလဖိအားနည္းရပ္ဝန္းတစ္ခုျဖစ္ေပၚလာႏိုင္ေၾကာင္း သိရသည္။

အဆိုပါေလဖိအားနည္းရပ္ဝန္းသည္ အေနာက္- အေနာက္ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားႏိုင္ၿပီး ပိုမိုအားေကာင္းႏိုင္ကာ ႏိုဝင္ဘာလ (၁၆)ရက္တြင္ ဘဂၤလားပင္လယ္ေအာ္အလယ္ပိုင္း ႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းတို႔တြင္ မုန္တိုင္းငယ္အျဖစ္သို႔ ေရာက္ရွိႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

“ဒီမုန္တိုင္းကေတာ့ ႏိုဝင္ဘာလဆို ျဖစ္ေနၾကပါ။ ေဆာင္းရာသီကာလအတြက္ေတာ့ အခါလြန္မိုး႐ြာတာရွိမယ္။ က်န္တာေတာ့ ပင္လယ္ျပင္မွာေတာ့ နည္းနည္းအေရွ႕ေလျပင္းတိုက္တာေတြေတာ့ရွိမယ္။ ဒီရာသီက ပြင့္လင္းရာသီဆိုေတာ့ စပါးရိတ္သိမ္းတာတို႔ အျခားေဆာင္းသီးႏွံေတြ စိုက္ပ်ိဳးတဲ့ရာသီဆိုေတာ့ အခ်ိန္အခါမဟုတ္မိုး႐ြာတာေတြကို သတိထားဖို႔ရွိတာေပါ့။ အခ်ိန္အခါမဟုတ္မိုး႐ြာတာဆိုေတာ့ သီးႏွံေတြ သတိထားရမွာရွိမွာေပါ့”ဟု ၎က NP News ကိုဆက္လက္ေျပာၾကားထားသည္။

ဘဂၤလားပင္လယ္ေအာ္တြင္ ျဖစ္ေပၚလာမည့္ မုန္တိုင္းငယ္ေၾကာင့္ အခါလြန္မိုးသည္ အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းႏိုင္သည့္အတြက္ စပါး အပါအဝင္ အျခားသီးႏွံမ်ားကို ထိခိုက္ႏိုင္ေသာ္ေၾကာင့္ ေတာင္သူမ်ားအေနျဖင့္ သတိထားၾကရန္ မိုးဇလမွ အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.