ရန်ကုန်မြို့လယ်ခေါင်တွင် သတိလစ်သည်အထိ အမျိုးသားတစ်ဦး အုပ်စုဖွဲ့အရိုက်ခံရ

1897

သန့်ဇင် (NP News) - မေ ၁၉
ရန်ကုန်မြို့လယ်ခေါင်တွင် သတိလစ်သည်အထိ အမျိုးသားတစ်ဦးအုပ်စုဖွဲ့အရိုက်ခံရကြောင်း ကိုပူတူးနှင့်ဘော်ဒါ များ လူမှုကူညီရေး အသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (မေလ ၁၉ ရက်) နံနက် ၉ နာရီဝန်းကျင်အချိန်ခန့်က ပန်းဆိုးတန်းလမ်းနှင့် ကမ်းနားလမ်းထောင့် တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မျက်မြင်တွေ့ရှိသူများ၏ပြောစကားအရ ကျူးလွန်သူများမှာ ခါးပိုက်နှိုက်အဖွဲ့ဖြစ် ကြောင်း သိရသည်။
“ပတ်ဝန်းကျင်က ပြောစကားအရတော့ ခါးပိုက်နှိုက်တာကို သိသွားလို့လားတော့မသိဘူးပေါ့နော်။ ကားပေါ်က ခုန်ချပြီးတော့ ဝိုင်းရိုက်ကြတယ်လို့ ပြောတယ်။ ရိုက်တဲ့သူတွေကတော့ (၄)၊ (၅)ယောက်လောက်ရှိတယ်။ ဝိုင်းရိုက် ပြီးတော့ တစ်ယောက်တစ်နေရာ ဆီထွက်သွားကြတယ်လို့ပြောတယ်” ဟု ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ထိုသို့ ဝိုင်းဝန်းရိုက်နှက်ခံရမှုကြောင့် အသက်(၁၉)နှစ်အရွယ် အမျိုးသားတွင် ဦးခေါင်းထိခိုက်ဒဏ်ရာရရှိကာ သတိလစ်သွားခဲ့ကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
“ကျွန်တော်တို့ရောက်သွားတော့ ကလေးက သတိလစ်နေတာ။ ဒဏ်ရာရှာတော့ ညာဘက်ချိုစောင်းမှာ ပေါက်ပြဲပြတ်ရှဒဏ်ရာတစ်ချက်ရှိ တယ်ပေါ့နော်။ ထိုးကြိတ်ခံရတဲ့အရှိန်ကြောင့်လားတော့ မသိဘူးပေါ့နော်။ အဲဒါနဲ့ လိုအပ်တဲ့ကုသမှုတွေလုပ်ပေးပြီးတော့ ဆေးရုံပို့ပေးပါတယ်။ ဆေးရုံပို့တဲ့လမ်းမှာပဲ ကလေးက သတိပြန်လည်လာ တယ်။ YBS နံပါတ်က ဘယ်လောက်လည်းတော့ တိတိကျကျမသိခဲ့ရပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားကို ကိုပူတူးနှင့်ဘော်ဒါများလူမှုကူညီရေးအသင်းက ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
“ခါးပိုက်နှိုက်တွေ များလာတာနဲ့ပတ်သက်ပြီး မြို့ခံလူထုကိုတော့ ဂရုစိုက်ကြပါလို့ပြောရမှာပဲ။ အစစအရာရာမှာ သွားသတိ၊ လာသတိနဲ့နေတာတော့ အကောင်းဆုံးပါပေါ့နော်” ဟု ရန်ကုန်မြို့ခံတစ်ဦးက အကြံပြုထားသည်။

Zawgyi Version:
ရန္ကုန္ၿမိဳ႕လယ္ေခါင္တြင္ သတိလစ္သည္အထိ အမ်ိဳးသားတစ္ဦး အုပ္စုဖြဲ႕အ႐ိုက္ခံရ
သန႔္ဇင္ (NP News) - ေမ ၁၉
ရန္ကုန္ၿမိဳ႕လယ္ေခါင္တြင္ သတိလစ္သည္အထိ အမ်ိဳးသားတစ္ဦးအုပ္စုဖြဲ႕အ႐ိုက္ခံရေၾကာင္း ကိုပူတူးႏွင့္ေဘာ္ဒါ မ်ား လူမႈကူညီေရး အသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (ေမလ ၁၉ ရက္) နံနက္ ၉ နာရီဝန္းက်င္အခ်ိန္ခန႔္က ပန္းဆိုးတန္းလမ္းႏွင့္ ကမ္းနားလမ္းေထာင့္ တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး မ်က္ျမင္ေတြ႕ရွိသူမ်ား၏ေျပာစကားအရ က်ဴးလြန္သူမ်ားမွာ ခါးပိုက္ႏႈိက္အဖြဲ႕ျဖစ္ ေၾကာင္း သိရသည္။
“ပတ္ဝန္းက်င္က ေျပာစကားအရေတာ့ ခါးပိုက္ႏႈိက္တာကို သိသြားလို႔လားေတာ့မသိဘူးေပါ့ေနာ္။ ကားေပၚက ခုန္ခ်ၿပီးေတာ့ ဝိုင္း႐ိုက္ၾကတယ္လို႔ ေျပာတယ္။ ႐ိုက္တဲ့သူေတြကေတာ့ (၄)၊ (၅)ေယာက္ေလာက္ရွိတယ္။ ဝိုင္း႐ိုက္ ၿပီးေတာ့ တစ္ေယာက္တစ္ေနရာ ဆီထြက္သြားၾကတယ္လို႔ေျပာတယ္” ဟု ကိုပူတူးႏွင့္ေဘာ္ဒါမ်ား လူမႈကူညီေရး အသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ထိုသို႔ ဝိုင္းဝန္း႐ိုက္ႏွက္ခံရမႈေၾကာင့္ အသက္(၁၉)ႏွစ္အ႐ြယ္ အမ်ိဳးသားတြင္ ဦးေခါင္းထိခိုက္ဒဏ္ရာရရွိကာ သတိလစ္သြားခဲ့ေၾကာင္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။
“ကြၽန္ေတာ္တို႔ေရာက္သြားေတာ့ ကေလးက သတိလစ္ေနတာ။ ဒဏ္ရာရွာေတာ့ ညာဘက္ခ်ိဳေစာင္းမွာ ေပါက္ၿပဲျပတ္ရွဒဏ္ရာတစ္ခ်က္ရွိ တယ္ေပါ့ေနာ္။ ထိုးႀကိတ္ခံရတဲ့အရွိန္ေၾကာင့္လားေတာ့ မသိဘူးေပါ့ေနာ္။ အဲဒါနဲ႔ လိုအပ္တဲ့ကုသမႈေတြလုပ္ေပးၿပီးေတာ့ ေဆး႐ုံပို႔ေပးပါတယ္။ ေဆး႐ုံပို႔တဲ့လမ္းမွာပဲ ကေလးက သတိျပန္လည္လာ တယ္။ YBS နံပါတ္က ဘယ္ေလာက္လည္းေတာ့ တိတိက်က်မသိခဲ့ရပါဘူး” ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူအမ်ိဳးသားကို ကိုပူတူးႏွင့္ေဘာ္ဒါမ်ားလူမႈကူညီေရးအသင္းက ရန္ကုန္ျပည္သူ႔ ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။
“ခါးပိုက္ႏႈိက္ေတြ မ်ားလာတာနဲ႔ပတ္သက္ၿပီး ၿမိဳ႕ခံလူထုကိုေတာ့ ဂ႐ုစိုက္ၾကပါလို႔ေျပာရမွာပဲ။ အစစအရာရာမွာ သြားသတိ၊ လာသတိနဲ႔ေနတာေတာ့ အေကာင္းဆုံးပါေပါ့ေနာ္” ဟု ရန္ကုန္ၿမိဳ႕ခံတစ္ဦးက အႀကံျပဳထားသည္။