အိန္ဒိယနှင့်တွေ့ဆုံဆွေးနွေးလိုကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ပြော

484

ဂျန်ဇက် (NP News) - မေ ၁၈
ပါကစ္စတန်ဝန်ကြီးချုပ်ရှာဘတ်ဇ်က ငြိမ်းချမ်းရေးအတွက် အိန္ဒိယနိုင်ငံနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း အဆိုပြု ကမ်းလှမ်းလိုက်သည်။ အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ပြီးခဲ့သော ဧပြီ (၂၂) ရက်က ကက်ရှ်မီးယားပြည်နယ်တွင် လူပေါင်း (၂၆) ဦး သေဆုံးစေခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အငြင်းပွားမှုများဖြစ်ပွားခဲ့ကာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
အိန္ဒိယစစ်တပ်သည် ကက်ရှ်မီးယားပြည်နယ်တွင် လူပေါင်း (၂၆) ဦး သေဆုံးစေခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု နှင့်ပတ်သက်ပြီး မေလ (၇) ရက်တွင် ဆင်ဒေါ စစ်ဆင်ရေးတစ်ရပ်ကို စတင်ခဲ့ပြီး ပါကစ္စတန်နိုင်ငံ အခြေစိုက် အကြမ်းဖက်သမားများကိုအဓိက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပါကစ္စတန်စစ်တပ်ကလည်း အိန္ဒိယကို ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး အိန္ဒိယစစ်အခြေစိုက်စခန်းများကို မေလ (၁၁) ရက်တွင် စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲကာ တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံကြား အပြန်အလှန်တိုက်ခိုက်နေချိန်အတွင်း အမေရိကန်နိုင်ငံက အပစ်အခတ်ရပ်စဲရေးရယူနိုင်ရန် ကြားဝင် စေ့စပ်ဆွေးနွေးခဲ့ရာ အပစ်ခတ်ရပ်စဲရေးရ ယူနိုင်ခဲ့ကြောင်း သိရသည်။ ပါကစ္စတန်ဝန်ကြီးချုပ်သည် မေလ (၁၆) ရက်တွင် ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်ရှိ လေတပ်အခြေစိုက်စခန်းကို သွားရောက်ချိန်အတွင်း အိန္ဒိယနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
ပါကစ္စတန်ဝန်ကြီးချုပ်က “ငြိမ်းချမ်းရေးအတွက် အိန္ဒိယနဲ့ဆွေး နွေးဖို့အဆင်သင့်ရှိနေပါတယ်။ ကက်ရှ်မီးယားပြည်နယ် အရေးကိစ္စအပါအဝင်ငြိမ်းချမ်းရေးအတွက် ဆွေးနွေးလိုတယ်” ဟု ပြောသည်။ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးကလည်း နှစ်ဖက်အကြား အငြင်းပွားဖွယ်ရာပြဿနာများကို ဖြေရှင်းရန် အတွက် အိန္ဒိယနှင့် ပေါင်းစပ်ညှိနှိုင်းမှု ပြုလုပ်ရန် တောင်းဆိုခဲ့သည်။
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက အိန္ဒိယသည် အပစ်အခတ်ရပ်စဲရေးကိုမေလ (၁၈) ရက်အထိ သက်တမ်းတိုးခဲ့သော်လည်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှသာ နှစ်နိုင်ငံကြား အခက်အခဲပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ပြောသည်။ ပါကစ္စတန်ဝန်ကြီးချုပ်က ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် ပြောဆိုထားသော် လည်း အိန္ဒိယကာကွယ်ရေးဝန်ကြီးက ပါကစ္စတန်နိုင်ငံအပေါ် ပြုလုပ်ခဲ့သောဆင်ဒေါစစ်ဆင်ရေးက မပြီးဆုံးသေးကြောင်းပြောသည်။ အိန္ဒိယကာကွယ်ရေးဝန်ကြီးက “နှစ်နိုင်ငံအကြား လက်ရှိ အပစ် အခတ်ရပ်စဲရေး ဟာ ပါကစ္စတန်အတွက် အစမ်းသပ်ခံကာလတစ်ခုလို ပဲဖြစ်ပါတယ်။ ပါကစ္စတန် ဟာ မကောင်းသောအပြုအမူကို ပြန်ပြောင်းရွေးချယ်ပါက အိန္ဒိယနိုင်ငံကလည်း သင့်တော်တဲ့နည်းလမ်းနဲ့ တုံ့ပြန်မယ်” ဟု ပြောသည်။

Zawgyi Version:
အိႏၵိယႏွင့္ေတြ႕ဆုံေဆြးေႏြးလိုေၾကာင္း ပါကစၥတန္ဝန္ႀကီးခ်ဳပ္ေျပာ
ဂ်န္ဇက္ (NP News) - ေမ ၁၈
ပါကစၥတန္ဝန္ႀကီးခ်ဳပ္ရွာဘတ္ဇ္က ၿငိမ္းခ်မ္းေရးအတြက္ အိႏၵိယႏိုင္ငံႏွင့္ ေတြ႕ဆုံေဆြးေႏြးလိုေၾကာင္း အဆိုျပဳ ကမ္းလွမ္းလိုက္သည္။ အိႏၵိယႏွင့္ ပါကစၥတန္တို႔သည္ ၿပီးခဲ့ေသာ ဧၿပီ (၂၂) ရက္က ကက္ရွ္မီးယားျပည္နယ္တြင္ လူေပါင္း (၂၆) ဦး ေသဆုံးေစခဲ့ေသာ အၾကမ္းဖက္တိုက္ခိုက္မႈႏွင့္ပတ္သက္ၿပီး အျငင္းပြားမႈမ်ားျဖစ္ပြားခဲ့ကာ အျပန္အလွန္ ပစ္ခတ္တိုက္ခိုက္မႈမ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အိႏၵိယစစ္တပ္သည္ ကက္ရွ္မီးယားျပည္နယ္တြင္ လူေပါင္း (၂၆) ဦး ေသဆုံးေစခဲ့ေသာ အၾကမ္းဖက္တိုက္ခိုက္မႈ ႏွင့္ပတ္သက္ၿပီး ေမလ (၇) ရက္တြင္ ဆင္ေဒါ စစ္ဆင္ေရးတစ္ရပ္ကို စတင္ခဲ့ၿပီး ပါကစၥတန္ႏိုင္ငံ အေျခစိုက္ အၾကမ္းဖက္သမားမ်ားကိုအဓိက ပစ္မွတ္ထားတိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
ပါကစၥတန္စစ္တပ္ကလည္း အိႏၵိယကို ျပန္လည္တုံ႔ျပန္တိုက္ခိုက္ခဲ့ၿပီး အိႏၵိယစစ္အေျခစိုက္စခန္းမ်ားကို ေမလ (၁၁) ရက္တြင္ စစ္ဆင္ေရးတစ္ရပ္ ဆင္ႏႊဲကာ တုံ႔ျပန္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။ အိႏၵိယႏွင့္ ပါကစၥတန္ ႏိုင္ငံၾကား အျပန္အလွန္တိုက္ခိုက္ေနခ်ိန္အတြင္း အေမရိကန္ႏိုင္ငံက အပစ္အခတ္ရပ္စဲေရးရယူႏိုင္ရန္ ၾကားဝင္ ေစ့စပ္ေဆြးေႏြးခဲ့ရာ အပစ္ခတ္ရပ္စဲေရးရ ယူႏိုင္ခဲ့ေၾကာင္း သိရသည္။ ပါကစၥတန္ဝန္ႀကီးခ်ဳပ္သည္ ေမလ (၁၆) ရက္တြင္ ပါကစၥတန္ႏိုင္ငံ ပန္ဂ်ပ္ျပည္နယ္ရွိ ေလတပ္အေျခစိုက္စခန္းကို သြားေရာက္ခ်ိန္အတြင္း အိႏၵိယႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးရန္ ကမ္းလွမ္းခဲ့ေၾကာင္း သိရသည္။
ပါကစၥတန္ဝန္ႀကီးခ်ဳပ္က “ၿငိမ္းခ်မ္းေရးအတြက္ အိႏၵိယနဲ႔ေဆြး ေႏြးဖို႔အဆင္သင့္ရွိေနပါတယ္။ ကက္ရွ္မီးယားျပည္နယ္ အေရးကိစၥအပါအဝင္ၿငိမ္းခ်မ္းေရးအတြက္ ေဆြးေႏြးလိုတယ္” ဟု ေျပာသည္။ ပါကစၥတန္ ႏိုင္ငံျခားေရးဝန္ႀကီးကလည္း ႏွစ္ဖက္အၾကား အျငင္းပြားဖြယ္ရာျပႆနာမ်ားကို ေျဖရွင္းရန္ အတြက္ အိႏၵိယႏွင့္ ေပါင္းစပ္ညႇိႏႈိင္းမႈ ျပဳလုပ္ရန္ ေတာင္းဆိုခဲ့သည္။
ပါကစၥတန္ႏိုင္ငံျခားေရးဝန္ႀကီးက အိႏၵိယသည္ အပစ္အခတ္ရပ္စဲေရးကိုေမလ (၁၈) ရက္အထိ သက္တမ္းတိုးခဲ့ေသာ္လည္း ႏိုင္ငံေရးအရ ေတြ႕ဆုံေဆြးေႏြးမွသာ ႏွစ္ႏိုင္ငံၾကား အခက္အခဲျပႆနာမ်ားကို ေျဖရွင္းႏိုင္မည္ဟု ေျပာသည္။ ပါကစၥတန္ဝန္ႀကီးခ်ဳပ္က ၿငိမ္းခ်မ္းေရးအတြက္ ေဆြးေႏြးရန္ ေျပာဆိုထားေသာ္ လည္း အိႏၵိယကာကြယ္ေရးဝန္ႀကီးက ပါကစၥတန္ႏိုင္ငံအေပၚ ျပဳလုပ္ခဲ့ေသာဆင္ေဒါစစ္ဆင္ေရးက မၿပီးဆုံးေသးေၾကာင္းေျပာသည္။ အိႏၵိယကာကြယ္ေရးဝန္ႀကီးက “ႏွစ္ႏိုင္ငံအၾကား လက္ရွိ အပစ္ အခတ္ရပ္စဲေရး ဟာ ပါကစၥတန္အတြက္ အစမ္းသပ္ခံကာလတစ္ခုလို ပဲျဖစ္ပါတယ္။ ပါကစၥတန္ ဟာ မေကာင္းေသာအျပဳအမူကို ျပန္ေျပာင္းေ႐ြးခ်ယ္ပါက အိႏၵိယႏိုင္ငံကလည္း သင့္ေတာ္တဲ့နည္းလမ္းနဲ႔ တုံ႔ျပန္မယ္” ဟု ေျပာသည္။