မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံ ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်နိုင်ရေး အလားအလာများကို နှစ်နိုင်ငံဆွေးနွေး

 1465

ကျော် (NP News) - နိုဝင်ဘာ ၁၄

မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံ ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်နိုင်ရေးအလားအလာများကို ဗီယက် နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်စိုးဝင်းနှင့် ဗီယက်နမ်-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Chu Cong Phung တို့ဆွေးနွေးခဲ့ကြသည်။

မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်းမှ ဗီယက်နမ် -မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Chu Cong Phung ၊ ဗီယက်နမ် နှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအား နိုဝင်ဘာလ ၁၀ ရက်က မြန်မာသံရုံးတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဥ် မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံ ကုန်သွယ်မှုနှင့်ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ဗီယက်နမ်ကုမ္ပဏီများမှ ၎င်းတို့ကုန်သွယ်မှုဆောင်ရွက်ရာတွင်ကြုံတွေ့ရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြရာ သံအမတ်ကြီးက အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

တွေ့ဆုံပွဲကို မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံကုမ္ပဏီများအား ရေရှည်အကျိုးစီးပွားအတွက် Business to Business မိတ်ဆက်သည့်အနေဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version
ျမန္မာ-ဗီယက္နမ္ႏွစ္ႏိုင္ငံ ကုန္သြယ္မႈပူးေပါင္းေဆာင္႐ြက္ႏိုင္ေရး အလားအလာမ်ားကို ႏွစ္ႏိုင္ငံေဆြးေႏြး

ေက်ာ္ (NP News) - ႏိုဝင္ဘာ ၁၄

ျမန္မာ-ဗီယက္နမ္ႏွစ္ႏိုင္ငံ ကုန္သြယ္မႈပူးေပါင္းေဆာင္႐ြက္ႏိုင္ေရးအလားအလာမ်ားကို ဗီယက္ နမ္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီးဦးေက်ာ္စိုးဝင္းႏွင့္ ဗီယက္နမ္-ျမန္မာခ်စ္ၾကည္ေရးအသင္း ဥကၠ႒ Mr. Chu Cong Phung တို႔ေဆြးေႏြးခဲ့ၾကသည္။

ျမန္မာသံအမတ္ႀကီး ဦးေက်ာ္စိုးဝင္းမွ ဗီယက္နမ္ -ျမန္မာခ်စ္ၾကည္ေရးအသင္း ဥကၠ႒ Mr. Chu Cong Phung ၊ ဗီယက္နမ္ ႏွင့္ ျမန္မာစီးပြားေရးလုပ္ငန္းရွင္မ်ားအား ႏိုဝင္ဘာလ ၁၀ ရက္က ျမန္မာသံ႐ုံးတြင္ လက္ခံေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

ေတြ႕ဆုံစဥ္ ျမန္မာ-ဗီယက္နမ္ႏွစ္ႏိုင္ငံ ကုန္သြယ္မႈႏွင့္ပူးေပါင္းေဆာင္႐ြက္ႏိုင္မည့္ အလားအလာမ်ားကို ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

ထို႔ျပင္ ဗီယက္နမ္ကုမၸဏီမ်ားမွ ၎တို႔ကုန္သြယ္မႈေဆာင္႐ြက္ရာတြင္ႀကဳံေတြ႕ရသည့္ အခက္အခဲမ်ားကို ရွင္းလင္းတင္ျပရာ သံအမတ္ႀကီးက အတတ္ႏိုင္ဆုံး ညႇိႏႈိင္းေဆာင္႐ြက္ေပးသြားမည္ဟု ေျပာၾကားခဲ့သည္။

ေတြ႕ဆုံပြဲကို ျမန္မာ-ဗီယက္နမ္ႏွစ္ႏိုင္ငံကုမၸဏီမ်ားအား ေရရွည္အက်ိဳးစီးပြားအတြက္ Business to Business မိတ္ဆက္သည့္အေနျဖင့္ ျပဳလုပ္ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.