ဂါဇာအစွန်အဖျားတွေမှာ စစ်ဆင်ရေးများစွာကို လုပ်ဆောင်နေတယ်လို့ အစ္စရေးစစ်ဘက်ပြော

152

Pika (NP News) - သြဂုတ်လ ၁၇
အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးကို သိမ်းပိုက်မယ့် ကြီးမားတဲ့ထိုးစစ်ဆင်မှုအသစ်ကို မလုပ်ဆောင်ခင် ဂါဇာစီးတီးမြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်တွေမှာ စစ်ဆင်ရေးများစွာကို လုပ်ဆောင်နေတယ်လို့ အစ္စရေးစစ်တပ်ကထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးကို စစ်ရေးအရသိမ်းယူမှုလုပ်ဆောင်ဖို့ အစ္စရေးအစိုးရကခွင့်ပြုခဲ့ပြီးနောက် သီတင်းပတ်တစ်ပတ်ခန့်အကြာမှာ ယခုလိုထုတ်ပြန်ကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။အစ္စရေးစစ်တပ်က”ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာစီးတီးမြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ စစ်ဆင်ရေးများစွာကို လုပ်ဆောင်နေပါတယ်။အစ္စရေးတပ်ဖွဲ့တွေဟာ ဖောက်ခွဲရေးပစ္စည်းတွေကို ရှာဖွေဖို့၊ အကြမ်းဖက်သမားတွေကို ချေမှုန်းဖို့၊ မြေပြင်ပေါ်နဲ့ မြေအောက် အကြမ်းဖက်သမားတွေရဲ့ အခြေခံအဆောက်အဦးတွေကို ဖျက်ဆီးနိုင်ဖို့ လုပ်ဆောင်နေပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် အစ္စရေးတပ်ဖွဲ့တွေဟာ ဟားမက်လက်နက်ကိုင်အဖွဲ့ရဲ့ တင့်ကားဖျက်ဒုံးကျည်တွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကို ခံခဲ့ရပေမယ့်လည်း တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရရှိတာမျိုး မရှိခဲ့ဘူးလို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဒါ့ပြင် ဂါဇာကမ်းမြောင်ဒေသအပေါ် ထိုးစစ်ဆင်မှုအသစ်အတွက် မူဘောင်တစ်ခုကို အစ္စရေးအစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ အတည်ပြုခဲ့တယ်လို့လည်း သိရပါတယ်။
zawgyiversion
ဂါဇာအစြန္အဖ်ားေတြမွာ စစ္ဆင္ေရးမ်ားစြာကို လုပ္ေဆာင္ေနတယ္လို႔ အစၥေရးစစ္ဘက္ေျပာ
Pika (NP News) - ၾသဂုတ္လ ၁၇
အစၥေရးတပ္ဖြဲ႕ေတြဟာ ဂါဇာကမ္းေျမာင္ေဒသတစ္ခုလုံးကို သိမ္းပိုက္မယ့္ ႀကီးမားတဲ့ထိုးစစ္ဆင္မႈအသစ္ကို မလုပ္ေဆာင္ခင္ ဂါဇာစီးတီးၿမိဳ႕ရဲ႕ဆင္ေျခဖုံးရပ္ကြက္ေတြမွာ စစ္ဆင္ေရးမ်ားစြာကို လုပ္ေဆာင္ေနတယ္လို႔ အစၥေရးစစ္တပ္ကထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဂါဇာကမ္းေျမာင္ေဒသတစ္ခုလုံးကို စစ္ေရးအရသိမ္းယူမႈလုပ္ေဆာင္ဖို႔ အစၥေရးအစိုးရကခြင့္ျပဳခဲ့ၿပီးေနာက္ သီတင္းပတ္တစ္ပတ္ခန႔္အၾကာမွာ ယခုလိုထုတ္ျပန္ေၾကညာခ်က္ထြက္ေပၚလာတာျဖစ္ပါတယ္။အစၥေရးစစ္တပ္က”ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာ အစၥေရးတပ္ဖြဲ႕ေတြဟာ ဂါဇာစီးတီးၿမိဳ႕ရဲ႕ ဆင္ေျခဖုံးရပ္ကြက္ေတြမွာ စစ္ဆင္ေရးမ်ားစြာကို လုပ္ေဆာင္ေနပါတယ္။အစၥေရးတပ္ဖြဲ႕ေတြဟာ ေဖာက္ခြဲေရးပစၥည္းေတြကို ရွာေဖြဖို႔၊ အၾကမ္းဖက္သမားေတြကို ေခ်မႈန္းဖို႔၊ ေျမျပင္ေပၚနဲ႔ ေျမေအာက္ အၾကမ္းဖက္သမားေတြရဲ႕ အေျခခံအေဆာက္အဦးေတြကို ဖ်က္ဆီးႏိုင္ဖို႔ လုပ္ေဆာင္ေနပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ အစၥေရးတပ္ဖြဲ႕ေတြဟာ ဟားမက္လက္နက္ကိုင္အဖြဲ႕ရဲ႕ တင့္ကားဖ်က္ဒုံးက်ည္ေတြနဲ႔ ပစ္မွတ္ထားတိုက္ခိုက္မႈကို ခံခဲ့ရေပမယ့္လည္း တပ္ဖြဲ႕ဝင္ေတြ ထိခိုက္ဒဏ္ရာရရွိတာမ်ိဳး မရွိခဲ့ဘူးလို႔ အစၥေရးစစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ ဂါဇာကမ္းေျမာင္ေဒသအေပၚ ထိုးစစ္ဆင္မႈအသစ္အတြက္ မူေဘာင္တစ္ခုကို အစၥေရးအစိုးရက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အတည္ျပဳခဲ့တယ္လို႔လည္း သိရပါတယ္။